ဇာမဏီ၏ ခွန်းသံသာ (၁၁)
~~~~~~~~~~~~~~~~~~ဝိညာဉ်ခြွေဓားအကြောင်းပြောရလျှင်၊ ဤဓားမှာ နတ်လက်နက်မဟုတ်၊ ထိုအစား နာမည်ဆိုးနှင့် ကျော်ကြားသော မိစ္ဆာလက်နက်သာဖြစ်လေသည်။ သို့သော် နတ်လက်နက်များအောက်လည်း မညံ့၊ ထိုနတ်လက်နက်များနည်းတူ တိုက်ခိုက်ရည်စွမ်းမြင့်မားသည်။ မိစ္ဆာဓားဖြစ်လင့်ကစား ထောင်သောင်းမကသော လူအများက လောဘတက်ကာ လိုချင်နေကြသေးသည်။ ထိုစဉ်က ကျင့်ကြံခြင်းလောက၌ သွေးမုန်တိုင်းထန်ခဲ့သေး။
အဓိကရုဏ်းများက ကောင်းကင်ဘုံကိုပင် ထိတ်လန့်စေခဲ့သဖြင့် ကောင်းကင်ဘုံသားများက ဓားကို စည်းချ၍ ထိန်းသိမ်းခဲ့ကြသည်။ ထိုစဉ်က သူတို့ဓားကို ဖျက်ဆီးမလို့ပင်။ သို့သော် ဤသို့သောဓားမျိုးကို အဘယ်မှာ အလွယ်တကူ ဖျက်ဆီးနိုင်ပါ့မလဲ။
သူတို့ ဖျက်ဆီးဖျောက်ဖျက်၍ မရသောကြောင့်၊ စည်းချထားခြင်းနှင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။သိပ်မကြာသေးခင်က ဝိညာဉ်ခြွေဓား ကျင့်ကြံခြင်း လောက၌ ပြန်လည်ပေါ်ထွက်လာပြီဟူသော သတင်းများထွက်ပေါ်လာခဲ့သည်။ ရှီရှန်းက ဓားပေါ်ထွက်လာရာ နေရာတစ်ဝိုက်တွင် ရှိနေခဲ့သည်။ လူအုပ်ကြီး ဓားကြောင့် ဒုက္ခရောက်ရပုံ၊ အပျက်ပျက်ဖြစ်ရပုံကို သူမ သွား၍ ကြည့်ရုံသာ။ သူမ အမှန်တကယ် လက်ဝယ်ပိုင်ဆိုင်ခဲ့ရမည်ဟုတော့ မထင်ခဲ့ပေ။
မူလ ဇာတ်ကြောင်းထဲတွင် ဤဓားအမှန်တကယ် ပေါ်ထွက်လာခဲ့သည်။ ဓားကို ပိုင်ဆိုင်ရသွားခဲ့သူကတော့ ယဲ့ချင်းချိုး၏ ရန်သူတော်ကြီး...။
'ဆိုတော့ကာ plot စုတ်က ငါ့ကို သေလမ်းပို့နေတုန်းပဲ...! ငါ ခွေးတစ်ကောင်ကို လိုး မိလိုက်သလိုခံစားရမိ...!'
_
ဂိုဏ်းအချင်းချင်း ယှဉ်ပြိုင်ပွဲမှာ အလွန်နီးကပ်လာပြီဖြစ်သောကြောင့် နေရာအနှံ့မှ ကျင့်ကြံသူများ ပွဲကြီးကျင်းပရာ ထုံတောင်ဂိုဏ်းသို့ ရောက်လာကြလေသည်။ ကျင့်ကြံသူများ ဓားပျံကိုယ်စီနှင့် လာရောက်ကြသည့် မြင်ကွင်းက ပလူပျံနေသလိုပင်။
မူလဇာတ်ကြောင်းတွင် ဂိုဏ်းအချင်းချင်း ယှဉ်ပြိုင်ပွဲကို မြူဂိုဏ်း၌ ကျင်းပခဲ့သည်။ သို့သော် ဂိုဏ်းအတွင်းမှ ပညာရှင်များစွာ သေဆုံးခဲ့သောကြောင့် ပြိုင်ပွဲကြီးလက်ခံကျင်းပသည့် အိမ်ရှင်အဖြစ်ဆောင်ရွက်ရန် အဆင့်အတန်းမမီဟု သတ်မှတ်ခံခဲ့ရသည်။ ထို့ကြောင့် အိမ်ရှင်ဂိုဏ်းမှာ ထုံတောင်ဂိုဏ်းဖြစ်သွားခဲ့လေသည်။
YOU ARE READING
Boss အဆိပ်မပြင်းလွန်းနဲ့...! [Zawgyi]
RomanceSide Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက်သက်ရှိပါတယ်