၈၉။ ဧကရီ အနက်ရောင် (၃)

275 60 2
                                    

ဧကရီ အနက်ရောင် (၃)
~~~~~~~~~~~~~~~~

ဇွန်ဘီ နှစ်ကောင် ရှိနေသော လမ်းကြားလေးကို ရှီရှန်း ရွေးလိုက်သည်။ ကျားဖြူ ကိုတော့ သူမ ကျောပိုးအိတ်ထဲ ထည့်ထားလိုက်ပြီး လမ်းကြားထဲ ရပ်ကာ အစွမ်းကို ထုတ်သုံးလိုက်တော့၏။ သူမ ပျင်းပျင်းရှိလေတိုင်း ပန်းပွင့်တွေ ပေါ်လာအောင် လုပ်ယူနေကျဆိုတော့ အခုချိန်၌ တစ်ပြိုင်နက်တည်း ပန်း သုံးပွင့် ထွက်လာအောင် လုပ်နိုင်ခဲ့ပြီ။ သူမ လက်ချောင်းထိပ်ကနေ အနက်ရောင် ပန်းပွင့်များ ပွင့်လန်းလာချိန်မှာတော့ ဇွန်ဘီ များ တစ်စုံတစ်ရာကို အနံ့ခံမိသည့်အလား သူမဘက် လှည့်ကြည့်လာကြတော့လေသည်။

သို့သော်လည်း ထို ဇွန်ဘီတို့မှာ လူသားတစ်ယောက်ကို တွေ့သည့်အခါ ပြလေ့ရှိသည့် စိတ်လှုပ်ရှား စိတ်အားထက်သန်မှုများ ဒီတစ်ခါ မပြသကြပေ။ ထိုအစား၊ ပို၍ လေးလံ နှေးကန်သွားလေသည်၊ ...ပြီးတော့ အနည်းငယ် ယောင်နနဖြစ်နေကြပုံပေါ်သည်။

ရှီရှန်း ရှေ့တိုး လျှောက်ကြည့်လိုက်သည်။ ဇွန်ဘီတို့က နေရာတင်သာ ရပ်နေသည်။ မည်သို့မျှ တုံ့ပြန်ခြင်းမပြု။ ရှီရှန်း သူတို့နှင့် ၂ မီတာခန့်သာ ကွာသော နေရာရောက်လာသည်အထိ သူတို့ မလှုပ်ယှက်လာပေ။

'လခွမ်း လခွမ်း...! ဒီအစွမ်းက မိုက်သဟ'

"ဟာ ဟာ...!" ဇွန်ဘီတွေ ရုတ်တရက် လှုပ်ရှားလာကာ ရှီရှန်းဆီသို့ ခုန်အုပ်လာကြတော့သည်။ ရှီရှန်းလည်း လန့်သွားရပြီး နောက်ပြန်လှည့်ပြေးရတော့၏။ 'ချီး၊ သေတော့မှာပဲ...!'

......

မိန်းကလေး ပြန်လာလိမ့်မည်ဟု ယွိလျန် မထင်ထား၊ သို့သော် တစ်ခဏအကြာမှာပင် သူမ လေအဟုန်ကဲ့သို့ ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ အောက်ထပ်မှာ ရပ်ထားသော ကားကို တစ်ဆင့်ခံအဖြစ်အသုံးချ၍ သူမ လေသာဆောင်ပေါ် ခုန်တက်လာသည်။

"ရှင် ဒီမှာ ဘာလာလုပ်တာလဲ" ယွိလျန်ကို တွေ့တော့ ရှီရှန်း မျက်မှောင်ကျုတ်သွားလေသည်။

"ကိုယ်တွေက... ညစောင့်လုပ်မလို့"

"လေသာဆောင်က တို့နေရာပဲ၊ လာ မကျူးကျော်နဲ့"

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]حيث تعيش القصص. اكتشف الآن