ဇာမဏီ၏ ခွန်းသံသာ (၁၆)
~~~~~~~~~~~~~~~~~~~ချူနင်းထွက်သွားပြီး နောက်ရက်မှာပင် သူမ သေသွားပြီဟူသော သတင်းများ ပြန့်လာသည်။ ချူရယ့်မှာ သူမအပေါ် သံယောဇဉ်ရှိနေသေးသည့်အတွက် သူမ အသတ်ခံရသည်ကို ကြားသောအခါ ဒေါသထွက်လေတော့သည်။ ယဲ့ချင်းချိုးက ဂိုဏ်းသားများကို ချူရယ့်အား တခြားနေရာသို့ အရင်ခေါ်ထုတ်သွားစေသည်။ ထို့နောက် သူမ အဝတ်စဖုံးထားသော အလောင်းကို ကြည့်လိုက်သည်။ သူမ စိတ်မှာ သံသယများ ပြည့်နှက်လာသည်။
'ငါ အလောင်းကို သေချာဖျောက်လိုက်ပါတယ်... ဘာလို့ အခု ဒီကို ပြန်ရောက်လာတာလဲ... မဟုတ်မှလွဲရော ငါ ချူနင်းကို သတ်လိုက်တာ တစ်ယောက်ယောက်တွေ့သွားပြီး သတိပေးတဲ့ သဘောနဲ့ ဒါကို ပို့လိုက်တာများလား...'
ယဲ့ချင်းချိုး အခန်းတွင်းသို့ မျက်နှာ မသာမယာနှင့် ပြန်ဝင်လာသည်။ ချူရယ့်က ခန်းမအလယ်၌ ထိုင်နေသည်။ သူမကို တွေ့သည်နှင့် သူ့မျက်ဝန်းများ နီမြန်းသွားတော့သည်။ ယဲ့ချင်းချိုးလည်း ရင်ထိတ်သွားမိသည်။ သူမ ရှေ့ဆက်မလျှောက်တော့။ ချူရယ့်ကသာ ပြေးလာပြီး သူမကို ဖက်ထားလိုက်သည်။ "ဂိုဏ်းချုပ်..."
ယဲ့ချင်းချိုး တစ်ကိုယ်လုံးတောင့်တင်းသွားတော့သည်။ ချူရယ့် သူမနှင့် ပတ်သက်၍ ဘာမျှမရိပ်မိသေးတာ သေချာတော့မှ သူမ သူ့ကျောကို အသာပုတ်ပေးလိုက်သည်။ "သူက မကောင်းတာတွေ လုပ်ခဲ့တယ်ဆိုပေမယ့် ငါ နင့်ကို ကူညီပြီး သူ့အတွက် ကလဲ့စားချေပေးမှာပါ..."
ချူရယ့်ရုပ်ရည်က မဆိုးလှ။ ရုပ်ချောသည်ဟု ပြောလို့ရသည်။ ယဲ့ချင်းချိုး သူ့ကို မကြိုက်တာတော့မဟုတ်၊ သူ့အဆင့်အတန်းက သူမကို မမီဟု တွေးမိသောကြောင့်ဖြစ်သည်။ ယခု သူတို့ အတူအိပ်ခဲ့ပြီးပြီဆိုတော့ မူနေစရာလည်း မလိုတော့။
နောက်ဆုံး ယဲ့ချင်းချိုး၏ နှင့်သိမ့်ပေးမှုက နေရာပြောင်းကာ အိပ်ရာထဲရောက်သွားတော့သည်။ သူတို့ ပြီးသွားတော့ ချူရယ့်မောဟိုက်စွာ အိပ်ရာထဲ လှဲနေရသည်။ မျက်ခွံများလေးလံလွန်း၍ မျက်လုံးပင် မဖွင့်နိုင်တော့။
ယဲ့ချင်းချိုးကတော့ နွမ်းနယ်ခြင်းအလျင်းမရှိပေ။ ထိုအစား သူတို့အဝှာပြုပြီးသည်နှင့် သူမပို၍ အားအင်ပြည့်လာသလို ခံစားရသည်။ သူမ အသားအရေများပင် အရောင်အဝတောက်ပကြည်လင်လာသည်။ အိပ်ပျော်နေပြီဖြစ်သော ချူရယ့်ကို သူမလှည့်ကြည့်ရင်း သူမ မျက်နှာထားက လှောင်ပြောင်သရော်ဟန်ဖြစ်သွားလေသည်။ သူမ လက်သင်္ကေတအချို့ဖော်လိုက်ရာ ရေနဂါးတစ်ကောင် ပေါ်လာလေသည်။ 'အသုံးချခံဓာတ်တဲ့လား... အသုံးသာမှန်မယ်ဆိုရင်... ဘယ်သူက အသုံးချခံရမလဲဆိုတာ မသေချာတော့ဘူးမဟုတ်လား...'
ESTÁS LEYENDO
Boss အဆိပ်မပြင်းလွန်းနဲ့...! [Zawgyi]
RomanceSide Charecter Transmigration: Final Boss is no Joke ကို ဘာသာပြန်ထားတာပါ။ Zawgyi Ver. ပါ။ Unicode Ver. က သက်သက်ရှိပါတယ်