၂၃။ ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃)

444 81 0
                                    

ကြယ်တစ်ပွင့်၏ ဇာတ်ကြောင်း (၃)
~~~~~~~~~~~~~~~~~~~~~~~

ဗီဒီယိုကို တင်လိုက်သည့် မူရင်းပို့စ်ပိုင်ရှင်က အိပ်ပျော်နေသောကြောင်ပေါက်လေးဟု ခေါ်သည့် Usernameနှင့် တစ်ယောက်ဖြစ်သည်။ ခေါင်းစဉ်က [ပိတ်ကားနောက်ကွယ်မှ အံ့သြစရာ ဖြစ်ရပ်]ဟူ၍။ ဗွီဒီယိုထဲတွင် ပါသည့်အကြောင်းအရာမှာ ရှီရှန်းက လင်းရှန်ရှန်ကို ပါးရိုက်လိုက်သည့် ဗွီဒီယိုဖြစ်သည်။ သို့သော် မရိုက်ခင်နှင့် ရိုက်ပြီး နောက်အကြောင်းအရာများကိုတော့ ဖြတ်ထားသည်။

ထိုပို့စ်ကို တစ်ဆင့်ပြန်တင်ကြသည့် အကောင့်များလည်း ရှိသည်။ တချို့က စုံစမ်းကြည့်သည့်အခါ သူမတို့နှစ်ယောက် လက်ရှိတွင် TV dramaတစ်ခု ရိုက်နေသည်ကို သိရှိသွားကြသည်။ ထို့နောက် သူတို့က ရိုက်ကွင်းမှ ပုံများနှင့် Trailerတို့ကို သုံး၍ မည်သည့်ဝတ္ထုကို မှီငြမ်းထားသည်ဆိုတာကို ရှာကြသည်။ ထိုသူများက သူတို့အမှန်တရားကို ရှာတွေ့သွားပြီဟု ထင်ကြသည်။ မြောက်များစွာသော ပို့စ်များ အောက်တွင် ကျန်းဝမ်ကို အပြစ်တင်ရှုံ့ချကြကာ လင်းရှန်ရှန်၏ ပရိသတ်များကလည်း ကျန်းဝမ်၏ Weiboတွင် တိုက်ခိုက်၍ ဆဲရေးမှုများ ပြုလုပ်ကြသည်။

[ဒီလိုမကောင်းတဲ့ မိန်းမမျိုးက ရှိသေးတာလား။ သူ သရုပ်ဆောင်ထားတဲ့ dramaကို ကြည့်တော့လည်း သရုပ်ဆောင်အရည်အချင်းက စုတ်ပြတ်လို့။ အခု ကာရိုက်တာကလည်း စုတ်ပြတ်နေမှာပါပဲ။

သူ တကယ်ပဲ ငါတို့ရဲ့ ရှန်ရှန်လေးကို အနိုင်ကျင့်ရဲတယ်။ ကျန်းဝမ်...ရုပ်ရှင်လောကက ထွက်သွား]

[နင့်ကို ပါးရိုက်တယ်ဆိုတာက ဇာတ်ညွှန်းထဲမှာပါလို့လေ။ ငါတို့ရဲ့ နတ်ဘုရားမလေးရှန်ရှန်က နင့်ကို တကယ် ရိုက်တယ်ဆိုရင်တောင် အဲဒါက ရုပ်ရှင်ကိုပိုပြီးအသက်ဝင်အောင်ဟဲ့။ အဲဒါကို ရိုက်ကွင်းနောက်ကွယ်မှာ ပြန်ရိုက်ရအောင် နင့်မှာ ဘာအခွင့်အရေး ရှိလို့လဲ။ ရိုက်ကွင်းပေါ်နဲ့ ရိုက်ကွင်းနောက်ကွယ်ကိုတောင် မကွဲပြားတဲ့နင်က ဘယ်လိုမင်းသမီးမျိုးလဲ။ ကျန်းဝမ် ရုပ်ရှင်လောကက ထွက်သွား]

[ဒီနေ့ခေတ်မှာ အသစ်ကလေးတွေက သူတို့မှာ ဘာစရိုက်ကောင်းမှမရှိဘဲနဲ့ စီနီယာတွေကို ရိုသေသမှု မရှိကြပါလား။ ငါလည်းhaterဖြစ်နေပြီ]

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Donde viven las historias. Descúbrelo ahora