၁၀၇။ ဧကရီ အနက်ရောင် (၂၁)

286 66 0
                                    

ဧကရီအနက်ရောင် (၂၁)
~~~~~~~~~~~~~~~~~

ဘန်း -

သူတို့ခုနတုန်းက ရောက်ခဲ့သည့်ဓာတ်ခွဲခန်းဆီမှ ပေါက်ကွဲသံများ ပဲ့တင်သံထပ်လာသည်။ မီးခိုးလိပ်ကြီးများက ကောင်းကင်ဆီ တလိပ်လိပ်မြင့်တက်လာလေ၏။

ရှီရှန်းက အပိုင်းပိုင်းခုတ်ထားခံရသော ဇွန်ဘီအလောင်းပုံပေါ်တွင် ရပ်နေကာ ကောင်းကင်ဆီမော့ကြည့်လိုက်သည်။ သူမ အမူအရာက လှောင်ပြောင်မှုများနှင့်ပြည့်နေသော်ငြား မျက်ဝန်းများကတော့ ထုံးစံအတိုင်း အသက်မပါပေ။

သူမက အလောင်းပုံကြီးနှင့် သွေးပင်လယ်ပေါ်ရပ်နေသည်မှာ လောကများကို အစိုးရသူပမာ။ သူမ၏ အရှိန်အဝါမှာ အင်မတန်အံ့အားသင့်စရာကောင်းပြီး မျက်စိကျိန်းစရာကောင်းလှသော ကြယ်တစ်ပွင့်ပမာပင်။

ချင်းယွီတို့သုံးယောက်သည် ဒီမြင်ကွင်းကြောင့်ခဏတာမိန်းမောနေမိသော်လည်း မကြာခင်မှာပင် ပေါက်ကွဲသံများကြောင့် အသိပြန်ဝင်လာသည်။

"အဲဒါ ဟယ်လီကော်ပတာတွေလား"

"လီး...! သူတို့တွေက အထောက်အပံ့အဆောက်အဦးကို ဗုံးကျဲနေတာပဲ...!"

"ဒါဆို အထဲကလူတွေ..."

ဟယ်လီကော်ပတာက အဆောက်အဦးကိုဗုံးကြဲပြီးနောက် ပြန်သွားလေသည်။ သူတို့သာ အရှေ့သို့အနည်းငယ်ပိုပြီးပျံသန်းခဲ့လျှင် ဇွန်ဘီအလောင်းများပြည့်နေသောလမ်းများဖြစ်သည့် အင်မတန်ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းနှင့်ကြုံရမည်ဖြစ်သည်။

"သူတို့တွေ သေချာပေါက် သေသွားလောက်ပြီ"
ဒီလို ကြီးမားလှသောပမာဏ ဗုံးကျဲခြင်းနှင့်ဆို ထိုနေရာက တစ်ပြေးညီပြန့်သွားလောက်ပြီ မဟုတ်လား။

'သူတို့တွေဗုံးကျဲတာက အထဲကအရာ အပြင်ထုတ်လာလို့မဖြစ်လာလို့လား၊ ဒါမှမဟုတ် သက်သေမချန်ထားခဲ့ချင်လို့လား၊ အစွန်းရောက်လိုက်တာ... သူတို့လူအချင်းချင်းတောင် အလွှတ်မပေးဘူး... အဲဒါကလဲ ငါနဲ့တော့ မဆိုင်ပါဘူး...

ငါ့ ရည်း- ဖွီ...! အနာဂတ်ဇွန်ဘီဘုရင်​​လောင်းကိုသွားရှာရဦးမယ်'

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Onde histórias criam vida. Descubra agora