၂၀။ ရွှေပေါ်မြတင် (၂၀)/သိမ်း

714 91 0
                                    

ရွှေပေါ်မြတင် (၂၀)/သိမ်း
~~~~~~~~~~~~~~~~~~

လွန်ခဲ့သည့်နှစ်များတွင် သူမသည် ပိုက်ဆံရှာရန်အလုပ်များနေသဖြင့် ကျောင်းသို့သွားရန် အချိန်မရှိခဲ့ပေ။ ထို့အပြင် သူမ ကျောင်းက အခန်းတွင်လည်း မနေနိုင်သဖြင့် သူမအခန်းဖော်များ၏ အခြေအနေ ဘယ်လိုရှိသလဲ သူမ မသိ။ အာရုံစိုက်ရန် အချိန်လည်းမရှိ။သူမ နောက်ဆုံးမှတ်မိသည့်အရာတစ်ခုမှာ သူမ အခန်းမှ ပြောင်းခါနီး အဝတ်အစားများထုတ်ပိုးနေချိန်တွင် ကြားလိုက်ရသော အန်အန်း၏ ဖုန်းပြောသံကိုသာဖြစ်သည်။ သူမ၏ စကားသံမှာ သိပ်မရှင်းလင်းသော်ငြား သူမ၏ အဝတ်အစားနှင့်အသုံးအဆောင်ပစ္စည်းများက သာမာန်ထက်ပို၍ တောက်ပနေလေသည်။

အန်အန်းက သခင်လေးလင်း၏ လက်မောင်းကိုဖက်ကာ မတူမတန်သလို ရှီရှန်းကိုတစ်ချက်ကြည့်သည်။

"မိန်းကလေးရွှီ အချိန်ရသလား ကျွန်တော်သိချင်ပါတယ်၊ အကယ်၍များ အချိန်ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့နဲ့အတူ နေ့လယ်စာစားဖို့ ဖိတ်ပါရစေ"

"သခင်လေးလင်း..." အန်အန်းက မယုံနိုင်သော အမူအရာဖြင့် အော်ခေါ်လိုက်၏။ ဒီလို ချမ်းသာသော သခင်လေးအား အမိဖမ်းနိုင်ရန် သူမ အများကြီးကြိုးစားအားထုတ်ခဲ့ရသည်။ အခုတော့ သူက ရွှီချန်းယွဲ့ကို ညစာစားဖို့ခေါ်နေသည်တဲ့လား။

"ရွှီချန်းယွဲ့...ငါက သခင်လေးလင်းရဲ့ ချစ်သူနော်၊ အခုမှတွေ့တဲ့ လူတစ်ယောက်ကို ချက်ချင်းကြီး ဆွဲဆောင်ပစ်ရလောက်တဲ့အထိ နင်အရှက်မရှိမှန်း ငါ အခုမှသိတယ်"

'ဒီတစ်ယောက် ဦးနှောက်ကို ခြစားသွားတယ်ထင်တယ်...!' သူမ၏ စွပ်စွဲပြောဆိုမှုများ ပြီးနောက်တွင် ရှီရှန်း သူမကို ခပ်စိမ်းတစ်ချက်စိုက်ကြည့်လိုက်သည်။

"နေ့လယ်စာတွေ ဘာတွေစားတဲ့ကိစ္စက ပရောဂျက် စာချုပ် လက်မှတ်ထိုးဖြစ်မှပဲ လုပ်တာပေါ့"

သခင်လေးလင်းမှာ သူ့ရည်းစားဖြစ်သူ၏ စကားလုံးများကို မတုံ့ပြန်နိုင်ခင်မှာပင် Porche ကားတစ်စင်းက ရှီရှန်းရှေ့တွင် ထိုးရပ်ကာလာခဲ့သည်။ ထို့နောက် သူမ ကားပေါ်သို့တက်ကာ ထွက်သွားတော့သည်။ အရာအားလုံးဖြစ်ပျက်သွားခဲ့သည်မှာ စက္ကန့်ပိုင်းလေးအတွင်း ကဲ့သို့ပင်။ ကား၏ပုံရိပ်က သခင်လေးလင်း၏ မြင်ကွင်းထဲမှ ပျောက်သွားသည့်အခါမှ သူ သက်ပြင်းချလိုက်ကာ အန်အန်းဖက်သို့လှည့်၍ ခပ်ကြိတ်ကြိတ်ပြောလိုက်သည်။

Boss အဆိပ်​မပြင်းလွန်းနဲ့...! [Zawgyi]Onde histórias criam vida. Descubra agora