ဒီနေ့မှာတော့ ချန်းမြတ်အလုပ်စောဆင်းကာ
နေ့တက်နေတဲ့ကျောင်းကို ရောက်လာခဲ့သည်
ကျောင်းတက်တာ အခု တတိယနှစ်ဂုဏ်ထူးတန်း
ရောက်သည်အထိ နေ့ ကိုလာမကြိုဖူးသေး
တာကြောင့် ဖွင့်ရက်ကိုရွေးလာခြင်းဖြစ်သည်" ဟို ကောင်လေး နေ့ သူငယ်ချင်းမလား
မင်းတို့ကဘာလို့အရင်ပြန်ရတာလဲ "" နေ့က အတန်းပြီးတာကြာပြီ ပြန်လို့တော့မရသေးဘူး
ဆရာမလေးတစ်ယောက်ကို ကူညီပေးနေလို့ နေ့ကို
လာကြိုတာထင်တယ် "" အေး "
" အစ်ကို ကျနော်တို့ဌာနတွက် Wifi တပ်ပေး
လိုက်တာဆို computerအခန်းလည်းလုပ်ပေး
တာ အစ်ကိုပဲမဟုတ်လား အရမ်းမိုက်တာပဲ "" အင်း "
အမြဲတမ်းအတွက် တည်တံ့နေသည့်အလား
ဖော်ရွေမှုကင်းမဲ့စွာနဲ့ စတိုင်ကျစွာဖြင့်သာ
ဌာနတွင်းသို့ ဝင်သွားတော့သည်" ဘယ်လိုဖြစ်လို့ စကားတစ်ခွန်းပြောလိုက်တာနဲ့
အမြင်ကတ်စရာကောင်းသွားရတာလဲ ဟူးးး ".
.
.
" ရပြီလား နေ့နေ့ "
" ဟုတ်ကဲ့ နာရီဝက်နေရင်စတိုင်းလို့ရပြီ အဖွင့်အပိတ်ကအနောက်မှာရှိတယ် "
" အေး ကျေးဇူးနော် စက်ခန်းဆရာမ မရှိတော့
နေ့နေ့ပဲအားကိုးနေရတယ် "" ဒါဆို ကျနော် "
" ကူပေးဦးမလား "
" တီချယ်လိုရင်ပေါ့ ကျနော်လည်းပညာရတယ် "
" ဒါဆို Graphဆွဲတာကူပေး dataထွက်လာရင်
ဘယ်လိုပုံရမလဲသိချင်လို့ "" ဟုတ်ကဲ့ ဟို ကျနော် လေးနာရီထိတော့ကူပေးပါ့မယ် အဲ့ထက်တော့နောက်ကျလို့မရလို့ပါ အိမ်ပြန်ရမှာမို့ "
" ရပါတယ်နေ့နေ့ရယ် မင်းအစ်ကိုကြီးတွေကမလာ
တော့ တီချယ်ပဲသူတို့ Thesisအတွက်လုပ်ပေး
နေရတယ် MScကိုဘာမှတ်နေလဲမသိပေါ့ပျက်ပျက် ဥာဏ်လေးတွေကောင်းလို့သာ "" ဟုတ်ကဲ့ "
" မား "
" အေးအခုမှလာ ဟဲ့ ကျောင်းမှာငါ့ကိုအဲ့လို
မခေါ်ဖို့ပြောထားတယ်မလား နင့်အလုပ်ငါလုပ်နေရတယ် နင့် Supervisor
ဆူတာခံရရင် မကြည့်ရက်လို့ နောက်မလုပ်ပေးဘူး "
YOU ARE READING
လွန်
General Fiction" ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ " " ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ "