အပိုင်း (၁၆)

2.2K 102 2
                                    

" အဘိုးလိမ်တယ် "

" ဟားး ငါဒီလိုမလိမ်ရင် ငါ့မြေးကရွာကိုခြေလာချ
ပါ့မလား "

အသားညိုညိုတုတ်တုတ်ခိုင်ခိုင်လူသန်ကြီးက
အသက်၇၀ကျော်ဆိုတာယုံဖွယ်မရှိ ပုခုံးပေါ်မှာ
လည်း ဆန်အိတ်ကြီးထမ်းလို့ မသိရင်ဝါဂွမ်းအိတ်
ထမ်းထားရသလိုစကားအေးအေးဆေးဆေးရပ်
ပြောနိုင်သေးသည် ဘယ်မှာလဲသေခါနီးအဘိုးအို

" ငါ့မြေးရယ်အဘိုးကိုစိတ်မဆိုးပါနဲ့ ရော့ရော့
ရေအေးလေးသောက်လိုက် "

" ကျနော်တကယ်စိတ်ပူသွားတာ "

" အေးပါကွာ ငါဒီနည်းမှမသုံးရင် ဒီတစ်သက်
ချန်းမြတ်ရဝေ ဆီကကွာကျလာမယ်မထင်လို့
ဒါနဲ့ အဲ့မိစ္ဆာလေးနဲ့အဆင်မပြေတော့ဘူးမလား ''

" ကိုကိုနဲ့ပြေပါတယ် "

" မသိဘူးလေ ရွာကိုရောက်လာတာ ဘာပဲဖြစ်ဖြစ်ထူးဆန်းနေသေးတယ် အုပ်ထိန်းသူ ဆီကခွင့်တောင်းလာရဲ့လား "

" ကိုကိုကလွှတ်ပါတယ် "

" အေး အေး ငါ့မြေးအတွက် အဘိုးစားကောင်း
သောက်ဖွယ်တွေပြင်ပေးထားတယ် ခဏနားပြီး
ရေမိုးချိုး ထမင်းစားကြမယ် "

" ဟုတ် ကျနော်ဘာကူလုပ်ပေးရမလဲ "

" မခိုင်းရက်ပါဘူး မိစ္ဆာလေးနဲ့ဝေးနေတုန်း အနားဝ
အောင်ယူထား မင်းတစ်ကိုယ်လုံးမှာ ပင်ပန်းတယ်
ပင်ပန်းတယ်ပြီး စာကပ်ထားသလိုပဲ ငါဖတ်နေရတယ်"

" အဘိုးမှားဖတ်တာ "

နေ့ ညနေစောင်းတော့ ရွာရဲ့အနီးပတ်ဝန်းကျင်
ကိုပတ်ကြည့်နေမိသည် ရွာကခြံဝန်းတွေကတော်
တော်လေးကျယ်လွန်းလှသည် ရန်ကုန်မှာရှိတဲ့
ကိုကို့ခြံကိုအတော်လေးကျယ်တယ်ထင်ရပေမဲ့
အဘိုးခြံကိုတော့မမီ ကိုကိုဆိုမှ ကိုကိုရောအဆင်
ပြေရဲ့လားမသိ နေ့ ကြောက်မိသည် ကိုကို့အနား
ထာဝရ ပြန်သွားခွင့်မရှိတော့မှာကိုပေါ့

သိပ်မရင်းနှီးသေးတဲ့နေရာမို့ အနည်းငယ်လမ်း
လျှောက်ပြီး အဘိုးအိမ်ကိုသာပြန်လာခဲ့ရတော့
သည် အဘိုးရဲ့တစ်ထပ်တိုက်ငယ်လေးရှေ့မှာ သက်ကယ်မိုးပြီး ဝါးခြမ်းလေးတွေခင်းထားတဲ့ ကွပ်ပျစ်ကြီးတည်ရှိသည် ရွာရဲ့ဓလေ့လားပင်မသိ ဆောက်ထားတဲ့အိမ်လေးထဲမနေကြပဲ ထိုကွပ်ပျစ်မှာ
သာ လာသမျှလူထိုင်ပြီး လက်ဖက်စား ရေနွေးကြမ်း
သောက်နေလေ့ရှိကြသည်

လွန်Where stories live. Discover now