အပိုင်း (၂၁)

2.2K 99 2
                                    

ညကြီးမိုးချုပ် ချန်းမြတ်တစ်ယောက်ထဲ
မာရသွန်ပြေးနေရတယ် ခါတိုင်းညဘက်
ထွက်ဖို့မပြောနဲ့ ရွာထဲမှာနေ့ခင်းဘက်တောင်
နေ့အလင်းပါမှ စိတ်သက်သာစွာသွားရဲကာ
အခုတော့........

" နေ့အလင်း "

အဘိုးကြီးလိမ်ပြောတယ်ထင်နေခဲ့ပေမဲ့
အမှန်တကယ်ကို နေ့အလင်းက ကောက်ရိုးပုံ
နားမှာရှိနေလေတော့ ဒေါသပေါက်ကွဲစွာဖြင့်
လျင်မြန်စွာပြေးသွားကာ တက်ခွပြီး...

" ခွပ် "

" အ ကိုကို ဘာလို့လဲ ခဏ ခဏ အားးး "

" အသုံးမကျတဲ့ကောင် မင်းကိုသေအောင် ရိုက်ပစ်
မယ် "

နေ့ ကိုမြင်တာနဲ့ပြေးထိုးလိုက်တာများရှောင်ချိန်
တောင်မရလိုက် ဒါနဲ့မပြီးသေး လူပေါ်ပါတက်ခွ
ပြီး ဆံပင်တွေဆောင့်ဆွဲရင်း ကိုင်ဆောင့်နေလိုက်
တာ အောက်ကကောက်ရိုးတွေခံနေလို့သာ ခေါင်း
မကွဲတယ်

" ကိုကို ကျနော်နာနေပြီ ဘာလို့ "

" မင်းကိုတုတ်တုတ်နဲ့ငါသဘောမတူဘူး မင်းငါ့စကား
နားမထောင်ရင် ငါမင်းကို.. "

" ဗျာ ဘာတွေပြောနေတာလဲ ''

" မင်းအခုချိန်းတွေ့ဖို့စောင့်နေတာမလား "

" ဟုတ်တယ် ဒါပေမဲ့ ဒီတစ်ညထဲပါ "

" ဟား မင်းကမကောင်းတဲ့ကောင်ပဲ အံ့သြလိုက်တာ
ငါဘယ်လိုသွန်သင်ခဲ့လို့များ "

" မဟုတ်ဘူးနော် ကိုကိုထင်သလိုမဟုတ်ဘူး
အဘိုးက ဒီညချိန်းတွေ့ပြီးတာနဲ့ ကိုကို့ကိုထန်းတော
ရောင်းမယ်ဆိုလို့ ဒီတိုင်းတွေ့ရုံပါပဲ တကယ်ပါ "

" အဘိုးကြီးပြောတာအဲ့လိုမဟုတ်ဘူး ဒါဆိုဘာလို့
ငါ့ကိုမပြောခိုင်းတာလဲ ငါမသိစေနဲ့ဆို "

" အာ ဒီတိုင်းကြောက်နေသေးလို့ ဟိုတုန်းကစာလေး
တစ်စောင်ပါလာတာတောင် သစ်သားချိတ်ကျိုးတဲ့ထိ
ရိုက်ခံရတယ်မလား ဘယ်လိုပြောရဲမှာလဲ "

" မင်းဘဝမှာငါ့ဆီကအရိုက်ခံရတဲ့နေ့ရက်တွေပဲ
သေချာမှတ်ထားတာလား ငါကလူဆိုးလား တချိန်လုံး
ရိုက်နှက်နှိပ်စက်နေရအောင် ဒါနဲ့ဘယ်မလဲ
တုတ်တုတ်က "

လွန်Donde viven las historias. Descúbrelo ahora