အပိုင်း (၂၃)

2.2K 102 9
                                    

ချန်းမြတ်တစ်ချိန်ကနေခဲ့တဲ့ အပြုံးရဲ့အိမ်လေးနား
ကိုရောက်လာတော့ အတိတ်ကိုပြန်သတိရမိသည်
တွေးကြည့်တော့ သူ နေ့ အပေါ်ဘယ်တုန်းကမှ
ကောင်းကောင်းမဆက်ဆံဖူးဘူးပဲ စိတ်တိုရင်တို
သလို ဆူပူအော်ဟစ်ခဲ့တာချည်း ဒါတောင် နေ့ က
ဒီနေ့အထိ ရိုရိုသေသေနဲ့ လေးစားပြီး ချစ်ပေးနေဆဲ

" နေ့ ငါ.... "

" ရောက်ပြီကိုကို ခုနကဘာပြောမလို့လဲ "

" ဟင့်အင်း "

ကားလေးရပ်လိုက်ချိန်မှာတော့ ခြံရှေ့မှာအထုပ်လေး
ပိုက်ပြီးအိမ်ထဲကိုငေးကြည့်နေရှာတဲ့ ခပ်နွမ်းနွမ်း
ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်

ကားပေါ်ကဆင်းလာပြီးထိုကောင်လေးကို
သေချာကြည့်ပြီး ချန်းမြတ် အံ့သြငြိမ်သက်နေခိုက်

" ကို ကို "

သူသတိထားမိတဲ့အချိန်မှာ ထိုင်နေတဲ့ကောင်လေးက
လက်ထဲကအထုပ်ပစ်ချပြီးပြေးလာကာ ချန်းမြတ်ရင်
ခွင်ထဲဝင်ရောက်နှင့်ပြီး တင်းကြပ်စွာပွေ့ဖက်ထားသည်

သူ့ရှေ့ကလူနှစ်ယောက်ဟာ တခြားကွာခြားချက်တွေ
အများကြီးရှိနေတာတောင် တူညီနေတဲ့ရုပ်ရည်တွေက
အမြွှာတွေဆိုတာ အလိုလိုတန်းသိနိုင်လိမ့်မည်
ထိုလူက ညအလင်း.......

" ည လား ကိုကို့ရဲ့ ညလေးလား "

" ကျနော် ကိုကို့ကိုအရမ်းတွေ့ချင်ခဲ့တာ "

" ဟုတ်ပါပြီ အထဲဝင်ကြရအောင် မင်းကိုမေးစရာ
တွေအများကြီးရှိတယ် မယုံနိုင်သေးဘူး "

တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတဲ့လက်တစ်စုံ
ကိုကြည့်ရင်း နေ့ ရင်ထဲတင်းခနဲဖြစ်သွားမိတယ်
ကိုကိုနဲ့ဆက်ဆံရေးအသစ်ထူထောင်နေတဲ့ အချိန်မှ
တိုက်တိုက်ဆိုင်ဆိုင် ညအလင်းက ပြန်ပေါ်လာရ
တာလဲ သူ့ကိုယ်သူလည်းအံ့သြမိတယ် တခြားသူ
တွေအပေါ်ကောင်းပေးနိုင်ပေမဲ့ သူ့ညီတစ်ယောက်
ထဲကို ငယ်ငယ်ထဲကအမြင်မကြည်တာဘာလို့များလဲ

" ည ကိုကို့ဆီဘာလို့ပြန်မလာရတာလဲ မင်းကို
မရှိတော့ဘူးဆိုပြီး ... "

" သစ်သားတုံးကိုင်ပြီးမျောလာတဲ့ကျနော့်ကို ရွာက
လူတွေကယ်ပေးထားတာ သတိရတော့ဘာမှမသိ
တော့ဘူး ရန်ကုန်လိပ်စာတောင်အရင်လကမှမှတ်မိ
တာပါ ရောက်တော့လည်း ဒီနေရာကြီးကအကုန်
ပြောင်းလဲကုန်ပြီ ငယ်ငယ်ကမှတ်မိတာနဲ့မတူလို့
တော်တော်ရှာလိုက်ရတယ် "

လွန်Tempat cerita menjadi hidup. Temukan sekarang