အပိုင်း (၁၈)

2.2K 98 7
                                    

မနက်စောစောထလေ့ရှိတဲ့ ချန်းမြတ်တစ်ယောက်
ပြူးတူကြောင်တောင်နဲ့နိုးလာပြီး အရင်ဆုံးဖိအိပ်မိ
လို့နာကျင်နေတဲ့ လက်မောင်းတလျှောက်ကိုအသာ
ဖိနှိပ်နေရသည် အမြဲအကောင်းတကာ့အကောင်း
ဆုံးမွေ့ရာနဲ့မှအိပ်လေ့ရှိတာကြောင့် သစ်သား
ကုတင်ပေါ်ဖျာကြမ်းလေးတစ်ချပ်ခင်းပြီးအိပ်စက်
လိုက်တာနဲ့ခန္ဓာကိုယ်ကအဆင်ပြေမနေတော့

နေ့အလင်းဘယ်လိုအိပ်ရာပြင်ပေးခဲ့တာလဲ
ဒေါသကထွက်စပြုလာသည်

" ဟေ့ နိုးရင်ထတော့ နွားစာကျွေးတော့ ဆာနေပြီ
အော်နေတာကြားဘူးလား "

" ဟမ် ဘာလုပ်ရမှာ "

ကြားလိုက်ရတဲ့စကားက တကယ့်ကိုအဓိပ္ပါယ်မရှိ
ချန်းမြတ်ခဏပြန်စဉ်းစားကြည့်တော့မှ မနေ့က
ဘယ်သူဝင်ပူးပြီးပြောသွားမှန်းမသိတဲ့ အတိတ်ကို
ပြန်သတိရတော့သည် ဘာတွေကတိပေးလိုက်တာလဲ

နောက်ပြီး ချန်းမြတ်ဆိုတာ မနက်စောစောထ
တတ်တဲ့သူလေ ဒါတောင် ဒီရွာကလူတွေကို
မမီဘူးတဲ့လား အိမ်ရှိလူကုန်လုံးထပြီး အဒေါ်တွေဆို
လည်း ထမင်းချက်ပြုတ်ပြီးနေပြီ အဘိုးကြီးဆို
လည်းမျက်နှာသစ်သွားတိုက်ပြီး တံမြက်စည်း
လှည်းကျင်းနေရင်းက သူ့ကိုလာခေါ်နေတာပင်

ချန်းမြတ် အဘိုးကြီးခိုင်းသမျှမရှည်တဲ့စိတ်ကို
ဆွဲဆန့်ရင်းလုပ်ပေးနေရသည် နွားစာတွေမကျွေး
တတ်ကျွေးတတ် အစာခွက်ထဲထည့် ရေတစ်ပုံး
စီလောင်းထည့်ပေးရင်းကနေ နွားဆယ်ကောင်
ကိုအစာကျွေးမွေးခြင်းအစီစဉ်ပြီးမြောက်သွားရသည်

" အေး ငါ့နွားတွေနေရာညစ်ပတ်နေတာ သန့်ရှင်းရေး
လုပ်ပေးဦး ပြီးရင်ဝက်စာသွားကျွေးလိုက်ဦးကြားလား"

" ဘာ အဲ့ချေးတွေကြုံးပေးရမှာလား အဲ့ အဲ့ဒါတော့
လုံးဝပဲ "

" ဘာဖြစ်လဲ နွားချေးပဲဟာ ဘယ်လောက်တန်ဖိုးကြီး
မှန်းမင်းမသိလို့ ရွှေလိုအဖိုးတန်တယ် ဘာမှရွံစရာကိုမရှိတာ လုပ်လုပ် "

မလုပ်ချင်ပေမဲ့လည်း မထူးဇာတ်ခင်းပြီး လက်ကို
ပလတ်စတစ်အိတ်နှစ်ဖက်စွပ်ကာ နှာခေါင်းကို
ပုဆိုးနဲ့စည်းပြီး ရွံရှာပြီးဒေါသထွက်လွန်းလို့ ငိုမဲ့မဲ့
ဖြစ်လာရသည်

လွန်Where stories live. Discover now