၂နှစ်ခန့်ကြာသော်.........
" ချန်းလေး လာလေ သား "
" ဖွားသစ်တွက် လက်ဖက်ခြောက် ရှမ်းပြည်ဘက်
သွားရင်းသတိရတာနဲ့ "" အေးပါ အရင်တစ်ခေါက်က သားလာတော့
ဖွားသစ်က နယ်ဘက်ကို Externalသွားထိုင်
ပေးရလို့မရှိတာ ဘာသိချင်လို့လဲ "" ဖွားသစ်က ပင်စင်ယူပြီးပေမဲ့ကျောင်းကိစ္စတွေ
သိသေးတယ်မလားဟင် "" သားရယ် ဖွားသစ်ကစာတမ်းဖတ်ပွဲတွေရှိရင်
ထိုင်ပေးပေမဲ့ ကိုယ့်ကျောင်းကိုမရောက်တော့ဘူး အားရင်အားသလို သားအဖွားနဲ့တရားသွား
ထိုင်နေတာ "" နေ့ အကြောင်းရောဘာကြားသေးလဲ "
" ဒီကောင်လေးကမဆက်သွယ်ပါဘူးအေဖွားသစ်
ဆီကို သားသိချင်ရင် သူ့ဆရာမလေးကိုမေး သူတို့
ကအရမ်းရင်းနှီးတယ် "" ဟုတ်လား "
" သားအရမ်းပိန်သွားတယ်နော် နေကောင်းရဲ့လား "
" ဟုတ် ခရီးတွေထွက်ရတာများလို့ပင်ပန်းနေတာပါ "
" သားတို့ညီကိုနှစ်ယောက်ပြဿနာက ခုထိမပြေ
လည်သေးဘူးလား "" သူပြန်လာမရှင်းမှတော့ ဘယ်ပြေလည်ပါ့မလဲ
သူသာခေါင်းမမာပဲ စိတ်ကောင်းသာထားရင် "" သား နေ့နေ့ကသားကိုယ်တိုင်ပြုစုလာတဲ့ကလေး
သူ့ပင်ကိုယ်ဗီဇကောင်းမကောင်း သားအခုထိမသိ
သေးတာလား "" ကျနော် မနက်ဖြန်ခရီးထွက်ရဦးမယ် အခုတလော
အလုပ်တွေပုံနေတာလေ ဖွားသစ်ဆီမလာတော့ဘူး
နော် "" အေးပါ သားရယ် ကျန်းမာရေးလည်းသေချာ
ဂရုစိုက်ပါ ဖွားသစ်ကတောင်ပိုသန်မာနေသေး
တယ် လူငယ်လေးကဘာဖြစ်နေတာလဲ "နေ့ အလုပ်ကိစ္စအကြောင်းပြပြီး နေရာမျိုးစုံကို
ခရီးထွက်ဖြစ်သည် သူအရမ်းပျော်ရွှင်ပြီးအေးချမ်း
လွန်းတဲ့တောင်ပေါ်လေးက အပန်းဖြေအိမ်ကို
ပြောင်းနေပေမဲ့လည်း အရမ်းအေးလို့ဆိုပြီးတခြား
ဝယ်ထားတဲ့အိမ်ကိုသွားနေခဲ့သေးသည် အရမ်းလှ
လို့ဝယ်ထားတဲ့ နေပြည်တော်ကအိမ်လေးကလည်း
ခြောက်ကပ်နေသလို စိတ်လေးလန်းအောင်ဆိုင်ကယ်
ပတ်စီးပေမဲ့လည်း ဆယ်လမ်းသွားလမ်းမကြီးပေါ်
အထီးကျန်စွာဖြင့် နေ့ တစ်ယောက်တည်းရယ်
YOU ARE READING
လွန်
General Fiction" ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ " " ကိုကိုသေချာမသိသေးတဲ့ ကိုကို့အကြောင်းတွေသိချင်ရင် ကျနော့်ကိုမေးမှပေါ့ "