အပိုင်း ( ၃ )

3.8K 180 1
                                    

" သားသားလေးနေကောင်းသွားပြီလား  ပိန်သွားလိုက်တာကလေးက "

" ဟုတ်တယ် ဆရာမကြီးရဲ့ သူ့အဖေဆိုတစ်ချိန်လုံးချီထားရတာ မနေလို့ နို့လည်းကောင်းကောင်းပြန်မစို့သေးဘူး "

ခြံထဲမှာဆူညံသံတွေကြားပြီး အငယ်လေးနိုးသွားတာကြောင့် ချန်းမြတ်
ကလေးလေးချီပြီးဆင်းလာလိုက်သည်
ကလေးမိဘတွေပြန်လာပြီးအဖွားဖြစ်သူနှင့်
စကားပြောဆိုနေကြသည်မို့ အဝေးကနေသာ
လက်ထဲကကလေးနှင့်ရွယ်တူအနှီးထုပ်ထဲက
ဟာလေးကိုကြည့်မိနေတုန်း

" သား ချန်းလေး  ဒီမှာသားကြီးဆေးရုံကပြန်ဆင်းလာပြီ လာကြည့်ပါဦး "

မကောင်းတတ်တာမို့ အတင်းပြနေတဲ့ကလေးလေးကို
သေချာသွားကြည့်လိုက်တော့မှ မျက်လုံးလှလှလေးတွေပိုင်ဆိုင်ထားသည့်ကလေးပင် အငယ်လေးနှင့် ဆင်ပေမဲ့လည်းအလွယ်တကူခွဲခြားလို့တော့ရသေးသည် ကျန်းမာရေးမကောင်းသည့်ကလေးမို့လားမသိ
အငယ်လေးထက်အနည်းငယ်အသားရည်ဖြူသည် မျက်ဝန်းလေးပိုစိုသည် ဘာပဲဖြစ်ဖြစ်အမွှာပူးတွေပဲဟာ မိဘတွေကတော့ မခွဲခြားသင့်ဘူးမလား

" အူးးးးဝါးးးးးး "

ရုတ်တရတ်ထငိုလာတဲ့ကလေးကြောင့် ချန်းမြတ်လန့်သွားမိပြီး အသာ ဆုပ်ကိုင်ထားတဲ့လက်လေးတစ်ဖက်ကိုအမြန်လွှတ်လိုက်မိသည်

ရင်ထဲမှာလည်းတစ်ခုခုအဆင်မပြေသလိုမျိုးခံစားမိသွားသလို မေ့ထားမိတဲ့အရာတစ်ခုပြန်ပေါ်လာသည်
ဒီကလေးကသူထိတာမကြိုက်ဘူး သူ့မိဘတွေလိုမျိုး
သူအနားမှာရှိတာမကြိုက်ဘူးဆိုတဲ့အတွေးက အလိုလိုစွဲထင်သွားသည်မို့

" ကိုကိုလေ သားရယ် အမလေးမောနေပါ့မယ် တိတ်တိတ် ကိုလင်းခေါ်ချော့ပါဦး သားကရှင်ချော့မှရတာ "

" ပေး ပေး မင်းကသားငယ်ခေါ်ပြီးလာခဲ့ အထုပ်တွေ
နောက်မှကိုယ်သိမ်းမယ် ကလေးကအိပ်ချင်လို့ "

" ဆရာမကြီးသွားလိုက်ဦးမယ်နော် အငယ်လေးကိုထိန်းပေးလို့ကျေးဇူးတင်ပါတယ် "

" အေး အေး "

ဆူညံသံတွေဘေးအိမ်ဆီကူးပြောင်းသွားတော့မှ
ချန်းမြတ်စိတ်လျော့မိတော့သည်

လွန်Tempat cerita menjadi hidup. Temukan sekarang