Chapter 1 (U)

9.1K 1.1K 30
                                    

Unicode

ငါက မင်းသမီးတစ်ပါးပါ။

မဟုတ်ဘူးနော်... မဟုတ်ဘူး night clup မှာနေတဲ့ သရုပ်ဆောင်မင်းသမီးမျိုးမဟုတ်ဘူးနော်။ အဖေကလည်း ဘုရင်ကြီး အမေကလည်း ဘုရင်မကြီး။ ဒါ့အပြင်ကို နဂါးကြီးကို သတ်ပြီး ငါ့ကိုလာကယ်မယ့် မင်းသားလေးကိုစောင့်နေတဲ့ မင်းသမီးလေး။

အမြဲတမ်း ငါ့ကိုဖမ်းမယ့် နဂါးကြီးကို မျှော်နေခဲ့ရတယ်။

နင်တို့ကတော့ မေးမှာပေါ့။ နဂါးကြီးက ငါ့ကိုဖမ်းမှာကို ဘယ်လိုသိတာလဲဆိုပြီးတော့လေ။

ငါကတော့ သေချာပေါက်သိတာပေါ့။ ဘာလို့ဆို ငါကလေးဘဝကတည်းက ငါ့ကိုပြောပြထားကြတာကို။

ငါကလေးဘဝတုန်းကပေါ့ လူတစ်ယောက်က ငါ့ဆံပင်​လေး​တွေကို ထိပြီးချီးမွမ်းခဲ့တယ်။

" ကြည့်ပါဦး။ မင်းသမီးလေးက အရမ်းလှတာပဲ။ နဂါးကြီးဆီ အဖမ်းခံရဖို့ မွေးလာတဲ့အတိုင်းပဲ။ "

ငါကိုယ်ကို မတ်နေအောင်ရပ်လိုက်ပြီး ဂုဏ်ယူမှုအပြည့်နှင့် မယ်တော်ဧကရီဘုရင်မကြီးရဲ့ နှိမ့်ချတဲ့စကားတွေကို နားထောင်နေခဲ့တယ်။

“ အို... အဲ့ဒီလောက်လည်း မဟုတ်ပါဘူး။ ”

တည်ကြည်တဲ့မျက်နှာနဲ့ ငါ့ကို ချီးမွမ်းခဲ့တဲ့ လူကြီးက
“ မင်းသမီးလေးက နေရာတိုင်း လှနေတာပဲ။ ”

ငါအရွယ်ရောက်လာတော့ လူအဖွဲ့အစည်းအကြောင်းတွေကို ကြိုးကြိုးစားစားလေ့လာခဲ့ရတယ်... အို... မဟုတ်ဘူးနော်... ပဒေသရာဇ်ယဥ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေပါ​နော်။ ဘာကြောင့်လည်းဆိုတော့ ငါက တော်ဝင်မိသားစုအတွက် အရည်အချင်းရှိတဲ့ ဆက်ခံသူတစ်ယောက် ဖြစ်ချင်လို့ပဲ။

ဒါပေမယ့်လည်း ငါ့ဘေးကလူတိုင်းက ငါ့ကိုချော့မော့ပြောလာကြတယ်။

" မင်းသမီးက မိန်းကလေးလေ။ အရမ်းကြီးကြိုးစားနေစရာမလိုပါဘူး။ "

ငါလည်း မယုံသင်္ကာနဲ့ မေးလိုက်တယ်။

“ ဒါဆို ကျွန်မက ဘာတွေလေ့လာဖို့ လိုတာလဲ။ ”

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now