Chapter 7 (U)

5K 1.1K 16
                                    

မင်းသားလေးကို တွေ့ချင်တာကြောင့် ငါလည်း ရှေ့ဆက် အားကုန်လျှောက်လာခဲ့တယ်။

ငါတို့တွေ မှောင်တဲ့အထိ အချိန်အတော်ကြာ ခရီးဆက်ခဲ့ကြပြီးမှပဲ နှစ်ယောက်သား ညစာမစားရသေးဘူးဆိုတာ သတိရသွားတယ်။

ငါနည်းနည်းလေး အပြစ်ရှိသလိုခံစားသွားရပြီး နဂါးလေးကို တောင်းပန်လိုက်တယ်။ 

“ ငါ ... နင််ကို ဗိုက်ဆာလားလို့မေးရမှာ မေ့သွားတယ်။ ”

သူက ပညာရှိတစ်ယောက်လိုပုံစံနှင့် ခေါင်းကိုခါရင်း-
“ ရပါတယ်။ ကျွန်တော်  မဆာသေးပါဘူး။ ”

ငါလည်း ရှေ့နောက်စဥ်းစားချင့်ချိန်​ကြည့်ပြီး သူ့ကို အောက်ချပေးလိုက်တယ်။

ငါတို့က လမ်းမကြီးကမသွားဘဲ ဖြတ်လမ်းက လာခဲ့ကြတာကြောင့် အခုတော့ တောကြီးမျက်မည်းထဲမှာ လူသူအရိပ်အယောင် တစ်စလေးကိုတောင်မှ မတွေ့ရတော့ဘူး။

ငါ သူ့ကို မေလိုက်တယ်။
“ ပုံမှန်ဆို အစားအသောက်ပြဿနာကို နင် ဘယ်လိုဖြေရှင်းတတ်လဲ။ ”

သူက ရွေတစ်ပြားထုတ်ပြီး အေးအေးဆေးဆေးပဲ ပြန်ဖြေလာတယ်။

“ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်လေ။ ”

ငါ့ကိုယ်က ငွေပြားလေးတွေကို အသာထိကြည့်လိုက်ရင်း သောကရောက်ကာ မနာလိုသွားရတော့တယ်။

Fuck.

သူက ငါ့ထက် ပိုလှ၊ ပိုချစ်ဖို့ကောင်းရုံတင်မကဘူး ငါ့ထက်လည်း ပိုချမ်းသာသေးတယ်။

ကောင်းကင်ဘုံက တကယ်ကို မတရားဘူး !

ဒါပေမယ့် လက်ရှိအခြေအနေက ဘာပိုက်ဆံမှ သုံးလို့ရမှာ မဟုတ်ဘူး။

ဘေးဘီကို နည်းနည်းလှည့်ပတ်ကြည့်ပြီး သားကောင်ဖမ်းပြီး စားကြဖို့ပဲ ဆုံးဖြတ်လိုက်ရတော့တယ်။

“ နင် ဒီမှာပဲ ထိုင်နေနော်၊ ဘယ်မှမသွားနဲ့၊ ငါ စားစရာသွားရှာလိုက်ဦးမယ်၊ ငါ့ကိုစောင့်နေနော်။  ”

နဂါးလေးက သစ်ရွက်ကြီးတစ်ရွက်ကိုကောက်ပြီး ငါ့နောက်ကနေ ထပ်ချပ်မကွာ လိုက်လာတယ်။

“ ကျွန်တော် ရေသွားရှာလိုက်မယ်လေ။ ”

ငါလည်း သစ်ရွက်ကိုလိပ်ပြီး ရေထည့်သောက်ဖူးပေမယ့်လို့ သစ်ရွက်နှင့် ရေစက်နည်းနည်းလေးကိုပဲ သောက်လို့ရပြီး ထည်သိမ်းထားလို့လည်း မရဘူးလေ။ 

နဂါးလေး ပူပန်နေတာလျော့သွားအောင် ငါနှစ်သိမ့်ပေးလိုက်တယ်။

“ ဒီအရွက်လေးနဲ့ အသုံးဝင်မှာမဟုတ်ဘူး။ ငါ့ဆီကို ဘာရေမှတောင် ပါမလာလောက်ဘူး။ နင့်ကိုယ်နင်သာ ဝအောင်သောက်စမ်းပါ။ ”

သူက မျက်လုံးလေပေကလပ်ပေကလပ်နှင့် သစ်ရွက်ကို ကျည်တောက်ပုံဘူးလေးလိုခေါက်လိုက်ပြီး ငါ့မျက်စိရှေ့မှာ ထောင်ပြကာ စစ်ကြည့်ခိုင်းတယ်။

“ ဒါဆို ရပြီလေ၊ အစ်မကြီး စိုးရိမ်စရာမလိုပါဘူး။ ”

……

အဲ့ဒီတော့ ငါကိုက တုံးလွန်းတာလား ???

ဘယ်လိုနဂါးက ဒါမျိုးလုပ်တတ်လို့လဲ။ သူက လက်မှုပညာလည်း တတ်တာပဲလား။

ဟွန့်  !

ငါကိုယ်ငါ အထင်ကြီးနေမှု​တွေက ပေါ်လာပြီး သူ့ကိုထားခဲ့ကာ လှည့်ထွက်ခဲ့လိုက်တယ်။

ဒါပေမယ့် ချီးကျူးခံချင်နေတဲ့ နဂါးပေါက်စမျက်နှာကို မြင်လိုက်ရတယ်။ ငါ့လည်း မနေနိုင်တော့ဘဲ သူ့ခေါင်းလေးကို ပုတ်ပေးပြီး ချီးကျူးပေးလိုက်ရတော့တာပေါ့။ 

“ သိပ်တော်တာပဲ ”

ရေခပ်ဖို့သွားရင်း နဂါးလေးမျက်လုံးလေးတွေက တောက်ပနေလေရဲ့။

ငါလည်း အသိပြန်ဝင်လာပြီး သက်ပြင်းမိသွားတော့တယ်။

အပေါ်ယံ အလိမ်အညာ ချီးကျူးစကားတွေကို အလေးအနက်မထားသင့်ဘူးလေ။

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now