Chapter 4 (U)

5.5K 1.2K 110
                                    

အနှိမ်ခံလိုက်ရတယ်လို့ ခံစားလိုက်ရပေမယ့် နဂါးလေးရဲ့ မျက်နှာ​​​လေးကိုကြည့်လိုက်တော့ ငါ့မှာပြန်ချေပဖို့ စကားမရှိတော့ ။

ငါလည်း လေသံအေးအေးလေးနဲ့ပဲ သူနဲ့ညှိလိုက်တယ်။

“ ဒီမှာ... နင်က မင်းသမီးတစ်ယောက်ကို ဖမ်းရမယ်။ ငါက မင်းသမီးပဲ။ ပြီးတော့ ငါကလည်း နဂါးတစ်ကောင်ဆီက အဖမ်းခံရမှဖြစ်မယ်။ နင်ကလည်း နဂါး။ ငါတို့နှစ်ယောက် ပူးပေါင်းပြီး နင်က ငါ့ကို ဖမ်းသွားလိုက်။ ဒါဆို နှစ်ယောက်လုံးရဲ့တာဝန်ပြီးပြီ။ ”

နဂါးလေးက တွန့်ဆုတ်သွားတယ်။
“ ဒါ…… ဒါပေမယ့် ……”

ငါကတော့ ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်ပြီ။

“ ဒါပေမယ့်ဆိုတာ မရှိဘူး ! ငါ့ကို မြန်မြန်ဖမ်း​ခေါ်သွားတော့ !”

နဂါးလေးမျက်နှာက နီရဲသွားပြီး ခေါင်းကိုငုံကာ ပြောလာတယ်။

“ ဒါပေမယ့် ငါ မင်းကို မသယ်နိုင်ဘူး။ ”

ငါ : “……”

သူငယ်ချင်း... ၅၀ ကီလိုပဲရှိတဲ့ ၁၆၈ စင်တီမီတာအရွယ် မိန်းကလေးတစ်ယောက်က လေးလို့လား။
[ T\N: အရပ် ၅ ပေ ၆ လက်မနဲ့ ပေါင် ၁၁၀ ပါတဲ့။  ]

အာ....

ငါစိတ်ပျက်လက်ပျက်နဲ့ ထပ်မေးလိုက်တယ်။

“ နံဂါးပုံစံပြောင်းပြီး ငါ့ကိုမသယ်နိုင်ဘူးလား။ ”

သူကခေါင်းကိုယမ်းပြီး တိုးတိုးလေးပြန်ဖြေလာတယ်။

“ ငါတို့ရဲ့ ကြင်ယာ​ဖက်ကိုပဲ နဂါးပုံစံနဲ့ သယ်ခွင့်ရှိတယ်။ ”

" ငါက နင့်ရဲ့ကြင်ယာဖက်ဖြစ်လာမှာလေ" လို့ ပြောလိုက်ချင်ပေမယ့် သူ့မျက်နှာလေးကို တွေ့လိုက်ရတော့ ပြောချင်တဲ့စကားတွေကို ပြန်မျိုချလိုက်ရတယ်။

ထားလိုက်ပါတော့...

လမ်းပဲလျှောက်ကြတာပေါ့... ရတယ်မလား။

လမ်းလျှောက်လို့မရပြန်ဘူးလား။

ကြိုးတစ်ချောင်းရှာပြီး သူ့လက်ထဲကို ထည့်ပေးလိုက်တယ်။

“ မြန်မြန် ... ငါ့ကို ကြိုးနဲ့တုပ်လိုက် ”

သူက မှင်သက်သွားပြီး မေးလာတယ်။

“ ဘာလို့လဲ ? မင်းက ငါနဲ့အသာတကြည်လိုက်မှာမဟုတ်ဘူးလား ?”

ငါ နဂါးလေးကို မျက်နှာသေနဲ့ ကြည့်လိုက်တယ်။
“ ဒါ လုပ်ထုံးလုပ်နည်းတွေပဲ နားလည်လား။ ”

သူက ရုတ်တရက်နားလည်သွားပြီး ကြက်လေးတစ်ကောင် အစာကောက်သလို ခေါင်းကို တဆတ်ဆတ်ညိမ့်လေတယ်။

“ နားလည်ပြီ... နားလည်ပြီ။ ”

သူက ငါပြောသလို ကြိုးတုပ်လိုက်ပြီး ရှက်ကိုးရှက်ကန်းပုံနဲ့ တစ်ဖက်ကြိုးစကို ဆွဲတယ်။

“ ဒါဆို …… သွားကြတော့မလား။ ”

ငါလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ပြန်ဖြေလိုက်တယ်။
“ သွားစို့ !”

တကယ်ကို မလွယ်တာပဲ !

နောက်ဆုံးတော့ နဂါးအဖမ်းခံခြင်းလမ်းကတော့ စတင်ခဲ့ပြီ။

နောက်ဆုံးတော့ ငါ့ဘဝတာဝန်ရဲ့ အရေးကြီးဆုံးအပိုင်းလေးက ပြီးဆုံးသွားခဲ့ပြီ။

ငါ မျက်ရည်တွေကျလာပြီး ငါကြီးပြင်းခဲ့မြို့​လေးကို ပြန်လှည့်ကြည့်ချင်လာမိတယ်။

အာ...

သူက ဘာလိုလုပ် ငါ့အနောက်မှာ ရောက်နေရတာလဲ။

နဂါးလေးကို လှည့်ကြည့်လိုက်တော့ ဟောဟဲလိုက်နေတယ်။ သူက မျက်ရည်အပြည့်နဲ့ မျက်လုံးတွေနဲ့ ညည်းညူလာတယ်။

“ အစ်မကြီး နည်းနည်းလောက်ပိုနှေး​ပြီး လျှောက်လို့မရ​​တော့ဘူးလား ? ကျွန်တော် မလိုက်နိုင်တော့ဘူး။ ”

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now