Chapter 13 (U)

4.6K 992 11
                                    

တကယ်တော့ ငါနန်းတော်ကို ဖိတ်ကြားခံခဲ့ရတာ နဂါးလေးနဲ့ ငါ့ကြားက ခင်မင်ရင်းနှီးမှုကြောင့်ပဲ။

မင်းသားရဲ့ ဖိတ်ကြားမှုက နဂါးလေးတိုက်တွန်းလို့ဆိုပေမယ့် အရေးမကြီးပါဘူး။

ဘာပဲဖြစ်ဖြစ် ဒီတာဝန်ပြီးရင် ငါကပြန်သွားမှာပဲဟာ။

မင်းသားနဲ့ နဂါးလေးတို့နှစ်ယောက်နဲ့အတူ ငါနန်းတော်ထဲဝင်သွားတော့ နေရာတိုင်းက လူတွေအများကြီးထွက်လာတာကြောင့် ငါအံ့အားသင့်သွားရတော့တယ်။

သူတို့က ပန်းတွေကိုင်ရင်း ရယ်ကာမောကာ ပြေးလာကြလေရဲ့။

သူတို့ စကားသံတွေကိုလည်း ကြားလိုက်ရတယ်။

“ ကြည့်ပါဦး ! မင်းသားလေးက မင်းသမီးအလှလေးကို ပြန်ခေါ်လာပြီ။ ”

“ ဘုရားရေ မင်းသမီးလေးက ဒဏ္ဍာရီပုံ​ပြင်တွေထဲကလား။ လှလိုက်တာ !”

“ အချောဆုံး၊ အလှဆုံး မင်းသမီးလေးကို ကျွန်တော်မျိုးတို့ တိုင်းပြည်ကနေ ကြိုဆိုပါတယ်။ ”

ဒီလိုချီးကျူးသံတွေကိုကြားလိုက်ရတော့ ငါလေး ဂုဏ်ယူမှုအပြည့်နဲ့ ခေါင်းကိုမော့ကာ ဂုဏ်သိက္ခာရှိတဲ့ ကိုယ်ဟန်နဲ့ လက်ကိုဝေ့ယမ်းရင်း ပြုံးပြကာ ဆိုလိုက်တယ်။  

“ အရမ်းတွေ စိတ်လှုပ်ရှား​နေစရာ မလိုပါ....ဘူး..... ”

လူအုပ်ကြီးက ငါ့ကိုဝင်တိုက်သွားကြတယ်။ ငါလေး ​ကြက်​​သေ​သေသွားပြီး အဲ့ဒီလူတွေ မင်းသားနဲ့ နဂါးလေးတို့ဘေးမှာ ဝိုင်းရပ်လိုက်တာကိုသာ ကြောင်ကြည့်နေမိတော့တယ်။

ငါ့မှာ အသံတောင်မထွက်နိုင်တော့ဘဲ မင်းသားနဲ့နဂါးလေးကိုဘက်ကို လက်ညှိုးထိုးလိုက်၊ ငါ့ကိုယ်ငါ လက်ညှိုးပြန်ထိုးလိုက်နဲ့ ပါးစပ်အဟောင်းသားဖြစ်ကျန်နေခဲ့ရတယ်။

“……”

မဟုတ်ဘူးလေ

ဒီလူတွေအကုန်လုံး မျက်လုံးကန်းနေကြတာများလား။

မင်းသမီးအစစ်က ဒီမှာ မတ်တပ်ရပ်နေတယ်လေ။  အိုကေ...

ငါ ရှော့ရနေတုန်းမှာ ဘဏ္ဍာစိုးတစ်ယောက်က ငါဆီကို လျှောက်လာတယ်။

အဆင်ပြေတယ်... အဆင်​ပြေပါတယ်။ အနည်းဆုံးတော့ ဒီတိုင်းပြည်မှာ အမှန်တရားကိုမြင်နိုင်​သေးတဲ့ လူတွေ ရှိနေသေးသားပဲ။

ဘဏ္ဍာစိုး ငါ့ရှေ့ရောက်လာရင် အရိုအသေမပေးခိုင်းဘဲ အမြင်အာရုံကောင်းတဲ့အတွက် ချီးကျူးပေးရမယ်။

အဲ့ဒီနောက်မှာတော့ သူ့ပြောလိုက်တာက
“ မင်းက သန့်ရှင်းရေးအသစ်လား။ ဘာလို့ ဒီလောက်ဟောင်းနွမ်းစုတ်​ပြတ်နေတဲ့ အင်္ကျီအစုတ်တွေ ဝတ်ထားရတာလဲ။  ”

‘ဘာလို့ ဒီလောက်ဟောင်းနွမ်းစုတ်​ပြတ်နေတဲ့ အင်္ကျီအစုတ်တွေ ဝတ်ထားရတာလဲ။’

‘ အင်္ကျီအစုတ်တွေ ’

???

ငါ့အဝတ်အစားတွေကို ငုံ့ကြည့်လိုက်မိတော့ တကယ်ကို ပေါက်ပြဲနေတာပဲ။ ရင်ဘတ်ပေါ်မှာလည်း ဆီပေနေတဲ့ လက်ဝါးရာကြီးက ရှိနေဆဲပဲ။ ပြီးတော့ မြင့်မြတ်လှတဲ့ မင်းသားနဲ့ ကောင်းကောင်းမွန်မွန် ဝတ်စားထားတဲ့ နဂါးလေးကို လှမ်းကြည့်လိုက်မိတော့ ငါ ပြောစရာစကားမဲ့သွားရတယ်။ 

ဟင်း....

ဒီနေ့လည်း အရှက်ကွဲတဲ့နေ့ပါပဲ။

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now