Chapter 10 (U)

4.7K 994 6
                                    

မင်းသားကို တတ်နိုင်သမျှ အမြန်ဆုံးရှာဖို့နဲ့ တာဝန်တွေ ပြီးဆုံးဖို့ ငါ နဂါးလေးကိုချီရင်း မြန်နိုင်သမျှမြန်မြန် ရှေ့ဆက်ခဲ့တယ်။

တကယ်တော့ အိမ်ပြန်ပြီး ထီးနန်းဆက်ခံဖို့ လောနေမိတာပါ။

ငါတော့ တောထဲက အကောင်ငယ်လေးတွေကို စားနေရတာ ငြီးငွေ့လာပြီ။

ဒါ့ကြောင့် အရသာရှိတဲ့အစားအသောက်တွေကိုစားကြဖို့ နဂါးလေးနဲ့အတူ ဆုံးဖြတ်ခဲ့ကြတယ်။

ငါတို့နှစ်ယောက် လမ်းမကြီးဘက်ကို လှည့်လာကြတာပေါ့။

နောက်ဆုံးတော့ တည်းခိုဆောင်မှာအိပ်ပြီး ပုံမှန်အစားအသောက်တွေ စားနိုင်ခဲ့ပြီ​လေ။

အစားအသောက်တွေက နဂါးလေးချက်ပေးတာတွေလောက် အရသာမရှိပေမယ့် အနည်းဆုံးတော့ ငါကိုယ်တိုင် အမဲလိုက်စရာမလိုတော့ဘူး။

ပျော်ရွှင်မှုကိုရဖို့ တစ်ခုခုတော့ ပေးဆပ်ရမယ်။

အထူးသဖြင့် ငါတို့မှာ သုံးဖြုန်းစရာငွေ မရှိတော့တဲ့အခါမှာပေါ့။

ငါတို့သွားမယ့်နိုင်ငံက လက်တစ်ကမ်းအကွာအထိ နီးလာတာကိုတွေ့ကတည်းက ငါတို့ဗိုက်ဖြည့်ရ​အောင် စားသောက်ဆိုင်ကောင်းကောင်းရှာကြဖို့ စီစဥ်ထားကြပြီသား။

ငါ menu ကိုဆွဲယူရင်း ကန့်သတ်ချက်တွေအကုန်ဝဲပစ်လိုက်ပြီး အကုန်လုံးကို လက်ညှိုးထိုးပြလိုက်တယ်။

“ ဒီတစ်မျက်နှာရယ်၊  ဒီတစ်မျက်နှာနဲ့ ဒီတစ်မျက်နှာကို တစ်မျိုးတစ်ခုဆီ ချပေး ”

ဆိုင်ရှင်က ငါအရမ်းရက်ရာတာကိုမြင်တော့ သူမျက်လုံးတွေ မမြင်ရတော့တဲ့အထိ အားရပါးရ ပြုံးပြလာတယ်။

ငါတို့တွေ စားသောက်ဗိုက်ဖြည့်ပြီးတော့ နဂါးလေးက သူ့အင်္ကျီလက်ကိုလိမ်ရင်း ရှက်ကိုးရှက်ကန်းနဲ့ ပြောလာတယ်။

“ အစ်မကြီး ကျွန်တော့်ရွှေပြားတွေ ကုန်သွားပြီလား။ ”

အာ

ငါ မျက်လုံးပြူးသွားတယ်။
“ အကုန်သုံးလိုက်ပြီလား ”

ပြောရင်းနဲ့ ငါစားထားတာတွေကို တွက်ကြည့်လိုက်တယ်။ ကြက်သား၊ ဘဲသား၊ ငါး၊ ဆိတ်သား၊ ယုန်သားနဲ့ အမဲသားရောပဲ ……

နဂါးလေးကတော့ အများကြီးမစားလိုက်တဲ့ပုံပဲ …

ငါ ကိုးရိုးကားရားနဲ့ ချောင်းဟန့်လိုက်ပြီး ငါ့မှာပါတဲ့ ငွေတွေကို ကပျာကယာရှာလိုက်တယ်။

ငွေပြားရှစ်ပြား

မလောက်တာ ကျိန်းသေတာပေါ့

နဂါးလေးက နှုတ်ခမ်းကိုကိုက်ရင်း
“ ကျွန်တော် တစ်ယောက်ယောက်ကို သွားရှာပြီး ပိုက်ဆံချေးလိုက်သင့်လား။ ”

ငါ လက်ယမ်းလိုက်ကာ
“ နင်က ဒီနေရာရော၊ ဒီကလူတွေနဲ့ရော မရင်းနှီးဘဲနဲ့ ဘယ်နေရာက လူဆီကနေ ပိုက်ဆံသွားချေးမှာလဲ။ ”

ငါ တည်ငြိမ်စွာနဲ့ ထရပ်လိုက်တယ်။

“ ကြည့်ရတာ  အခု ငါ့ရဲ့ အလှတရားတွေကို ရောင်းစားရတော့မှာပေါ့ ”

“ နေပါဦး ကျွန်တော် ဆိုင်ရှင်နဲ့ စကားပြောကြည့်ပါဦးမယ်။ ”

ဆိုင်ရှင်က ငါငွေရှင်းဖို့လာတယ်ထင်ပြီး ပြုံးပြီး ဘောင်ချာကို ကမ်းပေးလာတယ်။ 

“ မဒမ်... ငွေပြား ၃၂ ပြားကျပါတယ် ”

ငါ ဘောင်ချာကိုကြည့်ရင် ဆိုင်ရှင်ဆီကို နုနုညံ့ညံ့လေး ပြုံးပြလိုက်တယ်။

ဆိုင်ရှင်ကလည်း ငါ့ကို ကြင်ကြင်နာနာလေး ပြန်ပြုံးပြရှာပါတယ်။

“ ဒါက .……”

ငါ့စကားတွေက ပြောမထွက်တော့ဘူး။

“…… အကြွေးပေးလို့ရလား ”

……

“ ဟေး ဟေး ဟေ့ ရှင် ဒီလိုလုပ်လို့မရဘူးလေ ဘာမှမပြောနိုင်ရင်တောင် လုံခြုံရေးကို မခေါ်နဲ့လေ....  ဟေ့... ကယ်ကြပါဦး... နဂါးလေးရေ ငါ့ကိုလာကယ်ပါဦး !”

……

Ugh.

အရှက်ကွဲတဲ့နေ့ပဲ

[T\N: Prince is coming . 😎]

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now