Chapter 1 (Z)

4.1K 240 4
                                    

Zawgyi

ငါက မင်းသမီးတစ်ပါးပါ။

မဟုတ်ဘူးနော်... မဟုတ်ဘူး night clup မှာနေတဲ့ သရုပ်ဆောင်မင်းသမီးမျိုးမဟုတ်ဘူးနော်။ အဖေကလည်း ဘုရင်ကြီး အမေကလည်း ဘုရင်မကြီး။ ဒါ့အပြင်ကို နဂါးကြီးကို သတ်ပြီး ငါ့ကိုလာကယ်မယ့် မင်းသားလေးကိုစောင့်နေတဲ့ မင်းသမီးလေး။

အမြဲတမ်း ငါ့ကိုဖမ်းမယ့် နဂါးကြီးကို မျှော်နေခဲ့ရတယ်။

နင်တို့ကတော့ မေးမှာပေါ့။ နဂါးကြီးက ငါ့ကိုဖမ်းမှာကို ဘယ်လိုသိတာလဲဆိုပြီးတော့လေ။

ငါကတော့ သေချာပေါက်သိတာပေါ့။ ဘာလို့ဆို ငါကလေးဘဝကတည်းက ငါ့ကိုပြောပြထားကြတာကို။

ငါကလေးဘဝတုန်းကပေါ့ လူတစ်ယောက်က ငါ့ဆံပင်​လေး​တွေကို ထိပြီးချီးမွမ်းခဲ့တယ်။

" ကြည့်ပါဦး။ မင်းသမီးလေးက အရမ်းလှတာပဲ။ နဂါးကြီးဆီ အဖမ်းခံရဖို့ မွေးလာတဲ့အတိုင်းပဲ။ "

ငါကိုယ်ကို မတ်နေအောင်ရပ်လိုက်ပြီး ဂုဏ်ယူမှုအပြည့်နှင့် မယ်တော်ဧကရီဘုရင်မကြီးရဲ့ နှိမ့်ချတဲ့စကားတွေကို နားထောင်နေခဲ့တယ်။

“ အို... အဲ့ဒီလောက်လည်း မဟုတ်ပါဘူး။ ”

တည်ကြည်တဲ့မျက်နှာနဲ့ ငါ့ကို ချီးမွမ်းခဲ့တဲ့ လူကြီးက
“ မင်းသမီးလေးက နေရာတိုင်း လှနေတာပဲ။ ”

ငါအရွယ်ရောက်လာတော့ လူအဖွဲ့အစည်းအကြောင်းတွေကို ကြိုးကြိုးစားစားလေ့လာခဲ့ရတယ်... အို... မဟုတ်ဘူးနော်... ပဒေသရာဇ်ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတတွေပါ​နော်။ ဘာကြောင့်လည်းဆိုတော့ ငါက တော်ဝင်မိသားစုအတွက် အရည်အချင်းရှိတဲ့ ဆက်ခံသူတစ်ယောက် ဖြစ်ချင်လို့ပဲ။

ဒါပေမယ့်လည်း ငါ့ဘေးကလူတိုင်းက ငါ့ကိုချော့မော့ပြောလာကြတယ်။

" မင်းသမီးက မိန်းကလေးလေ။ အရမ်းကြီးကြိုးစားနေစရာမလိုပါဘူး။ "

ငါလည်း မယုံသင်္ကာနဲ့ မေးလိုက်တယ်။

“ ဒါဆို ကျွန်မက ဘာတွေလေ့လာဖို့ လိုတာလဲ။ ”

လူတိုင်းက တစ်လေသံထဲသာ အဖြေပေးလာကြတယ်။

“ နဂါးကြီးက မင်းသမီးလေးကို လာဖမ်းမှာကို စောင့်နေရုံပါပဲ။ ”

“ ပြီးတော့ရော... ”

“ ပြီးတော့...  မင်းသမီးလေးကို ကယ်ဖို့ မင်းသားလေးရောက်လာလိမ့်မယ်။ ”

“ အဲ့ဒါပြီးတော့ရော ”

“ မင်းသမီးလေးက ပျော်စရာကောင်းတဲ့ဘဝလေးမှာ နေထိုင်သွားရုံပဲလေ။ မင်းသားလေးက ဘုရင်ဖြစ်သွားခဲ့ရင် မင်းသမီးလေးကလည်း သူ့ရဲ့ ကြင်ယာတော် ဘုရင်မဖြစ်လာမှာပေါ့။  ”

ငါ ဒီအကြောင်းကို အပြန်ပြန်အလှန်လှန် စဉ်းစားပြီးမေးလိုက်တယ်။

“ ဘာလို့ ကျွန်မကိုယ်တိုင် နဂါးကြီးကိုသတ်ပြီး ဘုရင်လုပ်လို့ မရတာလဲ။ ”

သူတို့အကုန်လုံးက ငါ့ကို အံ့သြတကြီး စိုက်ကြည့်လာကြလေရဲ့။

“ ဒီလိုအတွေးမျိုး ဘယ်လိုများထွက်လာရတာလဲ မင်းသမီးလေးရယ်။ ”

ငါလည်း ငါ့ကိုယ်ငါ ကာကွယ်ဖို့ကြိုးစားရတော့တာပေါ့။

“ ကျွန်မက မြင်းစီးလည်းတော်တယ်။ လေးပစ်တဲ့နေရာမှာလည်း ထိပ်တန်းပဲ။ ကျွန်မရဲ့ အဖေ အင်ပါယာဘုရင်ကြီးကိုလည်း အမှုကိစ္စတွေ ကူဖြေရှင်းပေးနိုင်သေးတယ်။ ကျွန်မက အရမ်းအထင်ကြီးစရာကောင်းနေပြီလေ။   ”

လူတိုင်က ရယ်မောကြတယ်။

“ ဒါတွေက ဘယ်လိုလုပ်အသုံးဝင်မှာလဲ။ မင်းသမီးလေးကိုလာဖမ်းမယ့် နဂါးကြီးသာ မရှိရင် ဘုရင်ဖြစ်ဖို့မပြောနဲ့ လာကယ်မယ့် မင်းသားလေးတောင် ရှိမှာမဟုတ်ဘူး။ နဂါးကြီးလာမှာကိုပဲ စောင့်နေပါ။ ဒါဆိုရပါပြီ။ "

ဒီလိုနဲ့ပဲ ငါလည်း သဘောတူလိုက်ရတယ်။

ဘယ်မင်းသမီးမှ ဒီလိုမျိုးတွေ လုပ်ဖူးမယ်လို့ မထင်တာကြောင့် ရိုးရာအတိုင်းပဲ နဂါးကြီး ငါ့ကို လာဖမ်းမှာကိုပဲ စောင့်နေလိုက်တယ်။

စောင့်တယ်... စောင့်ခဲ့တယ်.. အချိန်အကြာကြီး စောင့်နေရဆဲပဲ။
ဒါပေမယ့် ဘယ်နဂါးမှ ငါ့ကို လာမဖမ်းကြဘူး။

နန်းတော်ကလူတွေပြောတာတော့ ငါကအရမ်းသန်မာလွန်းအားကြီးသွားလို့ ဘယ်နဂါးကမှ လာမဖမ်းရဲတော့တာတဲ့လေ။

ငါလည်း အရမ်းစိတ်တိုသွားပြီး နောက်ရက်ကျတော့ မျက်နှာကို ပိုပြီးဝင်းပသွားအောင် ပေါင်ဒါနည်းနည်းလောက်ပုတ်လိုက်ပြီး အင်္ကျီလက်ထဲကို ကြက်သွန်နီတစ်ဥဖွက်ပြီး တံတိုင်းပေါ်တက်ခဲ့လိုက်တယ်။ ပြီးတော့ ရှေ့နောက် ခေါက်တုံ့ခေါက်ပြန်လျှောက်ပြီး ခြေသုံးလှမ်းလှမ်းလိုက် အသံရှူကျပ်သလိုလုပ်လိုက် ငါးလှမ်းလောက်လှမ်းလိုက် မျက်ရည်ကျပြလိုက် လုပ်နေလိုက်တယ်။

နဂါးတစ်ကောင်က ငါ့ကိုလာမဖမ်းနိုင်ဘူးဆိုတာ လုံးဝမယုံဘူး။

အတင်းအဖျင်း! အရှက်မရှိတဲ့ မင်းသားနဲ့ နဂါးတို့အတွဲ ✔️Where stories live. Discover now