လီလီပန်းလေးရဲ့ချစ်သက်သေ
အပိုင်း၄
💦💦မတူညီတဲ့ အဆင့်အတန်းတေကြောင့် အချစ်ကိုစတေးကြမလား ဒါမှမဟုတ် ရိုက်ချိုးကြမှာလား
အချစ်ဆိုတဲ့ ဂုဏ်ဒြပ်တစ်ခုက သူတို့လေးဦးကြားမှာ ဘယ်လိုကာရံတေနဲ့ တည်ရှိနေကြတာလဲ💦💦*~* *~* *~* *~* *~* *~*
အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်အား
ခြင်းငေးကြည့်နေရင်းမှ ဘေးနားက စစ်ပြောစကားတေကို နားထောင်နေသည်။""သုံးနှစ်လောက်ပုန်းကွယ်လိုက်တာ ကျေနပ်သွားပြီလား ခြင်း""
""သူမမုန်းသွားပြီလား""
မေးနေတဲ့မေးခွန်းအား မဖြေသည့်အပြင် ဆွေးမြေ့နေတဲ့ မျက်နှာက ကော်ဖီခွက်ကို သာငေးကြည့်နေသည်။
စစ်မကျေနပ်စွာ မျက်မှောင်ကြီးကြုံ့ရင်း
""မင်းကိုယ်တိုင်ဖန်တီးခဲ့တဲ့ ဇာတ်လမ်းလေ မင်းဘာလို့ သူမကိုမုန်းတယ်လို့ပြောလဲ ဦးလေးကိုသတ်တဲ့ သူ့အကိုလည်း ထောင်ကျတာရှစ်နှစ်ကျော်သွားပြီ ကျေနပ်ရောပေါ့ ဘာမှမဆိုင်တဲ့ မိန်းကလေးကို မင်းဘာလို့ဆွဲထည့်တာလဲ ဒါကမင်းပုံစံမဟုတ်ဘူး အရမ်းကိုပျော်တတ်တဲ့ မင်း ကိုယ့်ကိုကိုယ်ပြန်ကြည့်လိုက်အုန်း""
""ငါဘာဖြစ်နေလို့လဲကွာ""
ည ည်းတွားသလိုဆိုလိုက်သည်။
""ဘာဖြစ်ရမာလဲ မင်းက မင်းနှလုံးသားကို မင်းပြန်သတ်နေတာလေ နေနိုင်တာလဲ မဟုတ် နေ့နေ့ည ည သူမအကြောင်းပဲမေးနေတယ် ခုပြန်လာခဲ့တော့လည်း ငြိုငြို ငြင်ငြင် နှင်ထုတ်တယ်""
မနေ့ကခြင်းပြန်ရောက်လာတုန်းက စံအိမ်မှာ မိုင်ဝေးကို ခြင်းဆက်ဆံခဲ့ပုံက်ု ကလေးပြောပြလို့ သူသိခဲ့ရသည်။
သူတို့နှစ်ယောက်ရဲ့အခြေအနေက သူတို့လက်မထပ်ခင်က အရမ်းကိုအဆင်ပြေနေခဲ့တာပါ....။
မိုင်ဝေးက ဦးရေမြေခြားရဲ့သမီးလည်း သိရော ခါးခါးသီးသီး ဖြစ်သွားသည်။မုန်းပါသည်လို့ပြောကာ ပြင်သစ်ကို ထွက်ပြေးသွားသည်။ စစ် အထင်ကတော့ ခြင်းက သူမကိုမမုန်းပါ....။
YOU ARE READING
လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)
Romanceစစ်မှန်ခြင်း+မိုင်ဝေး မတူညီတဲ့အဆင်အတန်းတွေကြောင့်ပေါင်းစပ်ဖို့ဝန်လေးနေတဲ့ သူတို့လေးဦး မိုင်ဝေးနဲ့စစ်မှန်ခြင်းက ဒီဇာတ်လမ်းမှာရော ဘာတွေဆက်ဖြစ်ကြမှာလဲ Season1ဖြစ်တဲ့ ရူးခါနေအောင်ချစ်ရသူကိုဖတ်ပြီးရင် ဒါလေးဖတ်ကြည့်ပါနော်💖