အပိုင်း၅

1.8K 84 0
                                    

လီလီပန်းလေးရဲ့ချစ်သက်သေ

အပိုင်း ၅

မှေးမှိတ်နေသောမျက်လုံးများက ဖြာကျလာတဲ့အလင်းရောင်ကြောင့် ခြင်း အိပ်ရာမှနိုးထလာသည်။
မဖွင့်ချင်သေးသော မျက်လုံးများအား အားယူဖွင့်ကာ
ငေါက်ကနဲ ထထိုင်လိုက်တော့

""အရင်လို အမှောင်ကြိုက်တုန်းပဲလား""

ကုတင်ခြေရင်းမှာ မတ်မတ်ကြီးရပ်နေသောသူမကြောင့် ခြင်းမျက်မှောင်ကြုတ်ကာ

""မင်းဘာလို့ ငါ့အခန်းထဲဝင်လာတာလဲ ""

""ခင်ပွန်းသည်ရဲ့အခန်းကို ဝင်တာပဲ ကိစ္စမရှိပါဘူး ဦး ""

""ဘယ်သူက မင်းယောက်ျားလဲ""

""ဦး စစ် မှန် ခြင်း""

""ဘာ!""

ကျယ်လောင်လှတဲ့ဦးအသံကြောင့် မိုင်လန့်သွားကာ နားကို လက်ညိုးဖြင့် ကလော်လိုက်သည်။

""ခုမဟုတ်လဲနောင်ဖြစ်မှာပဲ အခုတောင် ဦး အခန်းထဲမှာ မိုင်ရှိနေတယ်မလား ""

""ကျစ် ငါ့မှာချစ်သူရှိတယ် မင်းမသိတာလား""

""သိပါတယ် သိလို့ကိုလုပ်တာ မဟုတ်လဲ အဲ့တစ်ယောက်က ဘယ်နှစ်ယောက်မြောက် ဟန်ဆောင်ချစ်သူလဲမှမသိတာ အတည်လို့မပြောနဲ့မိုင်အကုန်သိတယ်
မိုင် အရင်ကလိုမတုံးအတော့ဘူး"

""မင်းဟာမင်းတုံးအချင်သလို တုံးအပါစေ ငါနဲ့မဆိုင်ဘူး အခုချက်ချင်း ငါ့အခန်းထဲကထွက်သွား""

ဦးဘာလို့ မိုင်နဲ့စကား​ပြောရင်အကန့်တေပဲ ထွက်လာရတာလဲ မိုင်လည်းလူတစ်ယောက်ပဲ ခံစားချက်ရှိတယ် မိုင်ဦးအနားကို ကပ်တွယ်လိုက်တိုင်း အမြဲတွန်းထုတ်ခံရတယ် ဘာလို့အရင်ကတည်းက မိုင့်အနားကိုလာခဲ့လဲ""

""ငါပြောပြီးပြီ လေ ငါအဲ့တုန်းက မသိခဲ့တာပါလို့ အခုငါ့မှာ ယွန်းပန်းမမှီ ရှိတယ် အရင်ကလိုထပ်ပြီးလာမကပ်တွယ်နဲ့တော့""

""ချစ်သူ ချစ်သူ ချစ်သူ.....ဟုတ်တယ် မိုင်ကိုက အရှက်မရှိဘဲလေးနှစ်လောက် ဦးကိုချစ်နေမိတာ..... ကပ်တွယ်မိတာ...အစကတည်းက မိုင်သိသင့်တာ ဦးရဲ့ ချစ်တယ်ဆိုတဲ့စကားတခွန်းကိုပဲ မိုးမမြင်လေမမြင်ဖြစ်ခဲ့တာ မိုင်ကအရူးပဲ

လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)Tempat cerita menjadi hidup. Temukan sekarang