လီလီပန်းလေးရဲ့ချစ်သက်သေ
အပိုင်း ၆
ဆိတ်ငြိမ်တဲ့အရပ် လူအများမလာချင်ဆုံးနေရာဆိုရင်လည်းမှန်ပေလိမ့်မည်။ကုန်းမို့မို့ထက်တည်ရှိနေတဲ့ မြေသင်္ချိုင်းကုန်းတစ်ခု....။
မြို့ပြင်အရပ်မြေကွက်လပ်တစ်ခုဖြစ်သောကြောင့် လူသူကားလမ်းများကရှင်းလင်းနေသည်။
မြောက်လေက တဖြူးဖြူးတိုက်ခတ်နေကာ ခြင်းမျက်နှာမူထားသည်က အုတ်ဂူဖြူဖြူရှေ့၌ အုတ်ဂူပေါ်တွင် ရေးထိုးသည်က စာတန်းကို သစ်ရွက်ခြောက်များဖုံးလွှမ်းနေသည်။ ခြင်းသစ်ရွက်ခြောက်များကို ရှင်းလက်းကာ နှင်းဆီစည်းအား အုတ်ခုံပေါ်တင်လိုက်သည်။
ဘယ်ဘက်လက်က ကိုင်ထားသည့် မှတ်စုစာအုပ်ကို ကြည့်ကာ အုတ်ဂူကိုတစ်ချက်ပြန်ကြည့်လိုက်သည်။
ခြင်း၏မျက်နှာမှာ ဆွေးဆွေးမြည့်မြည့်နိုင်လှသည်။
ဝမ်းနည်းခြင်း လောင်မြိုက်ခြင်း ယူကြိုးမရခြင်းတို့က မျက်နှာထပ် ထင်ဟက်လျက်.....။""ကျွန်တော်ရောက်လာပြီ အဖေ မနေ့က အမေ့ဆီရောက်ခဲ့တယ် ရွာသင်္ချိုင်းတစ်ခုမှာ ကောင်းကောင်းမွန်မွန်အနားယူနေတယ် အနှစ်သုံးဆယ်ကြာမှ ကျွန်တော်အမေရင်းဆီ ရောက်ဖူးခဲ့တယ် ကျွန်တော်ပြောစရာတေရှိတယ် အဖေနားထောင်မလား""
ခြင်းရဲ့အသံက အက်ကွဲနေသည်။ အနားမှာ တစ်စုံတစ်ယောက်က နားထောင်နေသလို ခံစားရသောကြောင့် နှုတ်ခမ်းတွန့်ရုံ ပြုံးကာ အုတ်ဂူအားကျောမှီချ၍ ခြေဆင်းထိုင်လိုက်သည်။လက်မှာကိုင်ထားတဲ့စာမုပ်လေးက အဖြေတစ်ခုခုကိုပေးမဲ့ စာအုပ်လေးပါ.....။
""ကျွန်တော် အဖေရဲ့မှတ်စုစာအုပ်ကိုယူလာတယ် ပထမဆုံးအနေနဲ့ အဖေ့နားလေးမှာပဲ ပြန်ဖတ်ချင်တယ်""
နူးညံ့တဲ့စာရွက်သားတေကို လှန်လိုက်တော့ အနည်းငယ်သော့တဲ့ အဖေရဲ့လက်ရေးတေက အပြည့်
ပထမဆုံးစာမျက်နှာကိုဖတ်လိုက်တာနဲ့""ဒီစာကို သားဖတ်နေတဲ့ အချိန်မှာ အဖေမရှိတော့ဘူး အစက စာရေးဖို့အတွက် အဖေအရမ်းဝန်လေးခဲ့တယ် သားသိထားပါလေ အဖေဟာ အဖေကောင်းတစ်ယောက်မဖြစ်ခဲ့ပါဘူး သားအတွက်ဆိုအမြဲ အဖေကောင်းတစ်ယောက်ဖြစ်ချက်ခဲ့တာ ဦးဆုံးအနေနဲ့ အထေတောင်းပန်ပါတယ် သားရဲ့အမေရင်းကို မပြောပြခဲ့လို့ အရင်က အဖေ့စိတ်ထဲမှာ ကိန်းအောင်းနေတာက သားကို အပျော်မယ်တစ်ယောက်ရဲ့သားဆိုတာ မသိစေချင်ဘူး သားကိုနှိမ်ချစေချင်လို့မဟုတ်ပဲ သားစိတ်ထဲမှာ ဒဏ်ရာတေပိုများသွားမှာစိုးလို့""
YOU ARE READING
လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)
Romanceစစ်မှန်ခြင်း+မိုင်ဝေး မတူညီတဲ့အဆင်အတန်းတွေကြောင့်ပေါင်းစပ်ဖို့ဝန်လေးနေတဲ့ သူတို့လေးဦး မိုင်ဝေးနဲ့စစ်မှန်ခြင်းက ဒီဇာတ်လမ်းမှာရော ဘာတွေဆက်ဖြစ်ကြမှာလဲ Season1ဖြစ်တဲ့ ရူးခါနေအောင်ချစ်ရသူကိုဖတ်ပြီးရင် ဒါလေးဖတ်ကြည့်ပါနော်💖