ဇာတ်သိမ်းပိုင်း

3.3K 102 4
                                    

လီလီပန်းလေးရဲ့ချစ်သက်သေ

ဇာတ်သိမ်း-ဒုတိယပိုင်း

မင်္ဂလာပွဲမစခင် သတို့သား အခန်းထဲတွင် အဝတ်အစားလဲနေတုန်း ပိုင်ဆိုင်သူ အခန်းထဲသို့ ဝင်လာသည်။
မျက်နှာမလှတာသိသော်လည်း
သူ ဥပေက္ခာပြူလိုက်သည်။
တစ်စုံတစ်ရာအား ပြောရန်တပြင်ပြင်နှင့်
ပါးစပ်က ဟစိစိဖြစ်နေသည်။
""ဝန်းရံ နောက်ဆုံးလောက်ဖြစ်ဖြစ် ငါ့ညီမအကြောင်း မသိချင်ဘူးလား""

""ငါ ....""

""မသိချင်ဘူး.....နောက်ခါဘယ်တော့မှ သူ့အကြောင်းပါးစပ်မဟမိစေနဲ့..... သူငယ်ချင်းဆက်ဆံရေးပါ ပျက်သွားမယ်""

ညီမလေးကြားရင် ဘယ်လောက်တောင်
ရင်နာလိုက်မလဲ။
တည်ကြည်လွန်းလှတဲ့ ဝန်းရံကြောင့်
နောက်ဆုံးအနေဖြင့်
ပိုင်ဆိုင်သူ သက်ပြင်းချကာမေးလိုက်သည်။

""သေရင်တောင်မှလား.....""

""......""

တိုက်ပုံအကျီဝတ်ရန် ပြင်နေတဲ့
လက်တို့ ငြိမ်သက်သွားသည်။
မျက်ဝန်းထဲ အတွေးမျိုးစုံ ဖြတ်ပြေးကာ
အတန်ကြာထိ ဖြေသံမကြား....။
ပိုင်ဆိုင်သူ အားတက်သလို ဖြစ်လာတာ
ဆက်ပြောဖို့အားယူနေစဥ်မှာပင်....

""အေး....ဟုတ်တယ်""

""ဟင်.....ဒါပေမဲ့.....""

""သတို့သား အဆင်သင့်ဖြစ်ပြီလား သွားမယ်""

ပိုင်ဆိုင်သူ ပြောရန်ပြင်လိုက်ချိန်မှာပင် အခန်းဝနား
အခြောက်မတစ်ယောက်ရောက်လာပြီး
စကားဖြတ်ပြောသွားသောကြောင့်
သူ ဆက်ပြော၍မရတော့ပေ....။

'ငါ ဘယ်လိုပြောရမလဲ ဝန်းရံ´

မင်္ဂလာမဏ္ဍပ်ပေါ်  မင်္ဂလာသတို့သားနဲ့သတို့သမီး နေရာယူထားကြသည်။
သတို့သမီးက ထိုင်မသိမ်းအဝါရောင်နှင့်
ထဘီအနားက ချည်ပန်းထိုးတေက စျေးကြီးတဲ့
အဆင်အယင်မှန်းသိသာလှသည်။
မိတ်ကပ်တို့ တောက်ပစွာလိမ်းထားသောကြောင့်
သူမမျက်နှာက သာမန်ထက်ပိုလှနေသည်။
မြန်မာဆံထုံးကို ထုံးကာ သူမနှုတ်ခမ်းကလည်း
ပြုံးရွှင်နေသည်။
လက်ယာဘက်က သတို့သားကို ခဏခဏလှမ်းကြည့်ကာ
သူတို့ကြားက မင်္ဂလာလက်စွပ်ထားရာ နေရာကို
ကြည့်လိုက်သည်။
ထိုလူသားကို သူမပိုင်ဆိုင်ရတော့မည်။
ဟေသာ အမြဲလိုချင်ခဲ့တဲ့ သူ့ကို ပိုင်ဆိုင်ရတော့မည်။
သူငယ်ချင်းဖြစ်သူ ယွန်းပန်းမမှီကို မနာလိုဖြစ်ခဲ့ရတဲ့နေ့ပေါင်းတေ ကုန်ဆုံးသွားပြီလေ.....။
သတို့သားကတော့ သာမန်ထက် မျက်နှာကတင်းမာနေကာ
ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေသည်။
နားထဲမှာလည်း သူမရယ်သံတေ အပြုံးတေကို
အသိစိတ်နှင့် မသိစိတ် ယှဥ်တွဲကာ မောင်းထုတ်နေသည်။
မနက်က ပိုင်ဆိုင်သူပြောသည့်စကားများကိုလည်း
ထပ်ကာ ကြားနေရသည်။
ဘိသိတ်ဆရာ စကားများပြောအပြီးတွင် သတို့သားနှင့်
သတို့သမီး မင်္ဂလာလက်စွပ်ဝတ်ရန် ပြောကြားနေသည်။

လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)Donde viven las historias. Descúbrelo ahora