အပိုင်း၁၀

1.8K 75 0
                                    

လီလီပန်းလေးရဲ့ချစ်သက်သေ

အပိုင်း၁၀

မနက်ခင်းအာရုံအားဖမ်းစားလိုက်တဲ့ သူမ....။
မနက်ခင်းနေနှင့်အတူ နှင်းဆီဖူးရောင်အနီရင့်ရင့် ဝမ်းဆက်နှင့် ယွန်းလိုက်ဖက်နေသည်။

မြန်မာဝတ်စုံပင် မဝတ်တာကြာ၍ သူမဗီရိုထဲထိုးထည့်ထားတာပင် ကြာလို့ ခါးကနည်းနည်းကြပ်သည်။
မှန်ချပ်ပေါ်က သူမပုံရိပ်ကိုကြည့်၍ ကျေနပ်သလို ပြုံးလိုက်သည်။

အလှပြင်ခုံပေါ်တင်ထားတဲ့ REVELON No.240ကို ပန်းနုရောင်နှုတ်ခမ်းပေါ်တင်ဆွဲလိုက်တော့ ရဲတောက်သွားသည်။

တစ်ကိုယ်လုံးအနီရောင်ဆင်ထားလို့သူမရဲ့မျက်နှာက ယုံကြည်မှု အပြည့်ထင်ပေါ်သွားသည်။

ကားသော့ဆွဲ၍ အိမ်အောက်သို့ဆင်းလာတာနဲ့ လှေကားရင်း၌ ပိုင်ဆိုင်သူ နှင့်တွေ့သည်။

""ဒါက ဘယ်သွားမလို့လဲ""

""King Villa""

""ဘာ....!""

ကိုကြီးရဲ့ ""ဘာ""ဆိုသော အသံက Diamond စံအိမ်ထဲဟိန်းဝင်သွားသည်။အူသွားတဲ့နားကိုပင် ယွန်းအသာလက်ဖြင့်အုပ်ကာ

""ကိုကြီးကလည်း ဘာလို့အဲ့လောက်အော်နေတာလဲ""

""King စံအိမ်ကိုနင်က ဘာသွားလုပ်မှာလဲ ဟိုမှာက စစ်မှန်ခြင်းလဲ မရှိဘဲနဲ့""

""ဘယ်သူက ဆရာ့ကိုသွားတွေ့မယ်ပြောလဲ ယောက္ခမ လောင်းကို သွားပြီးအပီပေါင်းထားမို့ နောင်ရေးစိတ်အေးရအောင်လို့""

""သုခဝန်းရံ ကရော""

""သူကလား ပြတ်သွားတာကြာလှပေါ့ သူလည်း ယွန်းနားမှာယောင်လည်လည်မရှိတော့ဘူးလေ""

""ဘယ်သူပြောလဲ မင်းအနားမှာမရှိဘူးလို့""

""ဟင်""

စကားအရှိန်လွန်ကာပြောမိတဲ့ ပိုင် ကိုယ့်ပါးစပ်ကိုသာ ပိတ်ရိုက်ပစ်ချင်တော့သည်။

တကယ်တော့ သူ့အနားမှာ သူ့ညီမအဆင်ပြေလား သူမနေကောင်းလားနဲ့ တတွတ်တွတ်မေးလို့မဆုံး....။

သူ့ညီမကို သူ့ထက်ပင်ဂရုစိုက်နေသောကြောင့် သူတောင်မနာလိုဖြစ်သည်။

လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)Onde histórias criam vida. Descubra agora