အပိုင်း၁၁

1.7K 80 0
                                    

လီလီပန်းလေးရဲ့ချစ်သက်သေ

အပိုင်း၁၁

ဂိုထောင်ပျက်တစ်ခုသို့ ခြင်းရောက်သွားတော့ အပေါက်ဝတွင် စောင့်နေတဲ့ စေတန်က

""အကို မလာလဲရပါတယ်ဗျ""

""ငါကိုယ်တိုင်အပြစ်ပေးမယ် သူ့ကို စစ်မေးလို့ရလား""

အသံကဒေါသကြောင့် မာနေသည်။
မျက်ဝန်းတေက နဂါးတစ်ကောင်လို မီးဟုန်းဟုန်းတောက်လျက်....။
အမဲလိုက်တော့မည့်ကျားတစ်ကောင်လို ခက်ထန်နေသည်။

""ဗွမ်း....""

ရေပုံးတစ်ခုအားယူ၍ သူကိုယ်တိုင်အဲ့ကောင်မျက်နှာအား ဖြန်းပက်လိုက်သည်။

""အဟွတ်....ဟွတ်""

""မင်းကို ဘယ်သူခိုင်းတာလဲ....""

"".............""

""ဟာကွာ.....ဒုန်း""

ရေပုံးအားစောင့်ကန်ကာ ထိုလူ့လည်ပင်းအား ညစ်၍ ခြင်းမျက်ဝန်းတေက ရဲတွတ်နေသည်။

""ဒီလက်လား....ငါ့ချစ်သူကို ရိုက်လိုက်တာ....ဒီလက်လား..... ငါ့ချစ်သူကို ထိခိုက်အောင်လုပ်တာ""

""ဒိုင်း..... ""

""အား.....""

လက်ဖဝါးတည့်တည့်ကို ပစ်လိုက်တဲ့ကျည်ဆံကြောင့် ခံရသူက အသံကုန်ခြစ်အော်မိသည်။
အသည်းခိုက်အောင် နာကျင်မှု​ကြောင့် ပစ်ခံရသည့် လက်တစ်ဖက်ကို ကျန်တစ်ဖက်က လက်ကောက်ဝတ်ကနေ တင်းနေအောင်ဆုပ်ကိုင်ထားလိုက်သည်။

""ပြော..... ဘယ်သူခိုင်းတာလဲ""

နဖူးတည့်တည့်အား သေနတ်အဝနှင့်ထောက်ချိန်ရင်း မေးကြောတေထောင်ကာ ခြင်း အံကြိတ်နေသည်။

လူတိုင်း လူတိုင်းက သေဖို့တော့ကြောက်တတ်ရတာပဲ မလား.....

အသက်အတွက်ဘာမဆို လုပ်တတ်ကြတယ်...

""ဦးမာ....ဃ...ဦးမာဃ ခိုငျးတာပါ""

""ဘာ...!..""

ဦးမာဃ ဆိုသည်မှာ ထိပ်တန်းသူဌေးတစ်ယောက်...
လွန်ခဲ့သော သုံးနှစ်ကျော်က သူကိုယ်တိုင် တာဝန်ယူခဲ့တဲ့အမှုနှစ်ခု...။
မာယာနဲ့ဦးမာဃ....။
မာယာကတော့ အသွင်ခြားအား သတ်ရန်ကြံစည်မှုနှင့် ဦးမာဃကတော့ အလုပ်သမားများအား ညဥ်းပန်းနှိပ်မှုနှင့် အိမ်ဖော်များအား အဓမ္မပြုကျင့်မှု...။
သူလိုက်ခဲ့ပေမဲ့ မြန်မာနိုင်ငံမှာသာ သူ့လုပ်ပိုင်ခွင့်မရှိတာကြောင့် လက်လွှတ်ခဲ့ရသည်။
သူကိုယ်တိုင်က မြန်မာနိုင်ငံသားတစ်ယောက်မဟုတ်သည့်အတွက်ကြောင့်.....။

လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)Wo Geschichten leben. Entdecke jetzt