အပိုင်း၈

1.8K 84 0
                                    

လီလီပန်းလေးရဲ့ချစ်သက်သေ

အပိုင်း ၈

""ကလင်....ကလင်....ကလင်""

အခန်းဝက ဖုန်းသံကြောင့် မိုင် လစ်ခနဲနေအောင်ပြေးထွက်ခဲ့သည်။
လက်သွက်သည့် ခြင်းခေါင်းထဲ ဖုန်းသံကြောင့် အတွေးတစ်ခုဝင်လာကာ သူမသိသွားမည်ဆို၍ နောက်ကနေ လှမ်းဖက်ကာ

""အို""

ခါးကနေ ဆွဲဖက်ကာ ကိုယ်လေးက သူ့ရင်ခွင်ထဲ နင့်ဝင်သွားကာ ပခုံးကနေ ဆွဲလှည့်ကာ မျက်ခွံလေးပိတ်အောင် မျက်တောင်လေးအား ဖိကပ်နမ်းလိုက်သည်။

""ဦး ""

ရင်ခွင်လေးထဲ ငြိမ်နေတဲ့ သူမကြောင့် ငုံကြည့်တော့ တုန်ရီနေတဲ့ သူမက မျက်လုံးကို စုံမှိတ်နေသည်။
ခြင်း ပြုံးကာ

""ကိုယ်ပြောတာ နားထောင် အဝတ်အစားသွားလဲ မျက်နှာသစ်ပြီးတော့ ထွက်ခဲ့နော် ကိုယ်တို့သွားစရာရှိတယ် လုံခြုံတဲ့ အဝတ်အစားပဲ ဝတ်နော်""

ဦးဆက်နမ်းနေအုန်းမည် အထင်နှင့် မိုင် မျက်လုံးလေးမှိတ်ထားရာမှ ပြောလာသည့် ဦးစကားကြောင့် မျက်ခုံးပင့်သွားကာ

""ဘယ်သွားမှာမို့ လုံခြုံတဲ့အဝတ်အစားဝတ်ရမှာလဲ မဝတ်ဘူးစိတ်ချ မိုင် ပေါ်နေတဲ့အင်....""

မေးစေ့ကနေမယူကာ မိုင့်နှုတ်ခမ်းအား စုပ်ယူနမ်းလိုက်သည့် ဦးကြောင့် ပြောစကားတောင်မဆုံးသေးပါ။
အမြဲ မိုင် အနားကိုပြန်ရောက်လာကတည်းက ဦး သူလုပ်ချင်တာလုပ်သည်။ ခွင့်ပြုချက်မရှိဘဲ ကြုံရင်ကြုံသလို အခွင့်အရေးယူတတ်သည့် ဦးကို ကြည့်မရတော့ပါ.....။
ပျားရည်တစ်ခွက်လို သောက်သုံးမိသည့် သူမနှုတ်ခမ်းတေက ပြန်မလွှတ်ချင်လောက်အောင် စွဲဆောင်လွန်းသည်။
ခြင်း နမ်းရှိုက်နေရာမှ တုံ့ပြန်နမ်းရှိုက်လာသည့် သူမကြောင့် နမ်းနေရင်း ပြုံးနေတုန်းမှာပင် အပေါ်နှုတ်ခမ်းကို ကိုက်ချလိုက်သည့် သူမကြောင့်

""အ့....""

အပေါ်နှုတ်ခမ်းကို လက်နှင့်တို့ကြည့်တော့ လက်ပေါ် ကပ်ပါလာသည့် သွေးရဲရဲကြောင့် သူမကိုကြည့်လိုက်တော့

လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)Onde histórias criam vida. Descubra agora