အပိုင်း၉

1.8K 76 0
                                    

လီလီပန်းလေးရဲ့ချစ်သက်သေ

အပိုင်း၉

မိုင်ပင်ပန်းရှိန်​ကြောင့် လေယာဥ်စထွက်ကတည်းက မှေးနေရာက နေ အိပ်ပျော်သွားသည်။နိုးလာတော့ ရင်ခွင်တစ်ခုထဲမှာ။
ဦးလက်မောင်းပေါ်အိပ်စက်နေတာ ဘယ်လောက်ကြာသည်မသိ မိုင်မျက်လုံးဖွင့်ကြည့်တော့ မျက်နှာက အနည်းငယ်ရှုံ့နေသည်။
မိုင်နိုးလာတာမြင်တာနဲ့ ချက်ချင်းပြုံးပြကာ

""နိုးပြီလား ဆက်အိပ်အုန်းမလား ဒါမှမဟုတ် တစ်ခုခုစားမလား""

မိုင် မျက်လုံးအားပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းအသာခါပြသည်။

""ဒါဆို ဘာလုပ်ချင်လဲ ""

""ရေတော့ သောက်ချင်တယ်""

""အဲ့ဒါဆို ခဏထ""

ခြင်း လက်ထဲက စာရွက်တေကို ရှေ့က ထိုင်ခုံရဲ့အနောက်မှာကပ်ထားတဲ့ ဖိုက်ဘာပြားကို ဆွဲချကာ တင်လိုက်သည်။ မိုင်ကျောလေးနည်းနည်းမလိုက်တော့ လက်မောင်းအားအသာ ထုတ်ကာ မိုင့်ရဲ့ဆံပင်တေအား သပ်ပေးပြီး ဘေးနားက လျှောက်သွားသည့် လေယာဥ်မယ်အား လက်ပြကာ တိုးတိုးလေးမေးလိုက်သည်။

""Excuse me, May I have a drink?""

တစ်ဆိတ်လောက် သောက်စရာတစ်ခုခုရနိုင်မလား

""Of cause,Sir Wait a moment""

ရပါတယ် ဆရာ ခဏစောင့်ပါရှင့်

အပြည်ပြည်ဆိုင်ရာလေယာဥ် မို့ အပြည်ပြည်ဆိုင်ရာဘာသာစကားသာအသုံးပြုသည်။လေယာဥ်မယ်က ချက်ချင်း အနောက်ထဲ ဝင်သွားသည်။
မိုင်ကတော့ အကျီတေဆွဲချကာ ခေါင်းမကြည်လို့မျက်တောင်က ပုတ်ခတ်ပုတ်ခတ်.....
တဆစ်ဆစ်ကိုက်လာတဲ့ နားထင်ကို လက်ညိုးဖြင့်ထိထားသည်။
မိုင့်ကို တစိမ့်စိမ့်ကြည့်နေတဲ့ ဦးက မိုင်မျက်နှာမလှသောကြောင့်

""နေလို့မကောင်းဘူးလား မှတ်စမ်း ဘယ်နားလေးလဲ""

""ကိုယ်လည်းမပူပါဘူး""

မိုင့်နှာဖူးအားစမ်းလိုက် သူ့နဖူးအားစမ်းလိုက်ဖြင့် တစ်ယောက်တည်းမေး တစ်ယောက်တည်းဖြေနေသည်။

"" မိုင်ခေါင်းနည်းနည်းနောက်လို့ပါ""

""Here.,Sir""

လီလီပန်းလေးရဲ့ချစ်သက်သေ(Completed)Dove le storie prendono vita. Scoprilo ora