Anemone Ch-1

1.5K 102 2
                                    

Unicode (Zawgyi below)


Jeno's POV

လောကမှာ rule လို့ခေါ်တဲ့စည်းကမ်းတွေရယ် ၊ ethics လို့ခေါ်တဲ့ကျင့်ဝတ်တွေရယ်ရေတွက်မရအောင်ကိုအများကြီးရှိတယ်ဆိုပါတော့

ဒါဖြင့်ရင်အဲ့အများကြီးမှာမှ ကျွန်တော်နဲ့ သင့်ရဲ့ rule and ethic တွေကဘာတွေဖြစ်မလဲ

လောကကတစ်ခုတည်းရယ်။ ရှိတဲ့ rule တွေ ၊ ethic တွေကဘာကြောင့်အရမ်းများနေရတာလဲ?

ဒါကိုကျွန်တော်ခဏခဏမေးဖူးခဲ့တယ် ကျွန်တော့်ကိုယ်ကျွန်တော်ပေါ့ အေးအေးဆေးဆေးနေနေရတဲ့အချိန်ဆိုလည်းတွေးနေမိတယ် ပူလောင်ရတဲ့အချိန်ဆိုလည်းအားမလိုအားမရနဲ့တွေးနေမိတယ်

အဲ့ဒါကိုစဉ်းစားနေရတာဟာ ကောင်းကင်နဲ့မြေပြင်ဟာ သူတို့ရဲ့တည်နေရာပြောင်းလဲနိုင်လား ဆိုတဲ့ကြောင်တောင်တောင်အမေးကို မရမကစဉ်းစားနေရသလိုပါပဲ

ကောင်းကင်ဟာအပေါ်မှာမရှိဘဲ ကျွန်တော်တို့အောက်မှာရှိနိုင်လား မြေပြင်မှာကျွန်တော်တို့ရဲ့ခေါင်းအထက်မှာရှိနိုင်လား

ကြာလာတဲ့အခါမှာတော့ ကျွန်တော်တဖြည်းဖြည်းအဖြေတွေ့လာတယ်

ကောင်းကင်ဟာကျွန်တော်တို့ရဲ့ခြေထောက်အောက်မှာရှိလာနိုင်သလို မြေပြင်ဟာလည်း ကျွန်တော်တို့ရဲ့ခေါင်းအထက်မှာရှိလာနိုင်ပါတယ် ဒါပေမဲ့ ဒီလိုမျိုးကောင်းကင်နဲ့မြေပြင်တည်နေရာပြောင်းဖို့ရာ ကျွန်တော်တို့မှာ အချိန်တစ်ခုလိုအပ်နေတယ် လူတိုင်းလည်းအဲ့အချိန်ကိုရောက်နိုင်သလို ၊ တချို့ကျလည်းမရောက်နိုင်ပါဘူး

အဲ့အချိန်ဟာ ဘာမှစဉ်းစားစရာ ၊ တွေးစရာအချိန်တစ်စက္ကန့်တောင်မရဘဲ စွန့်ပစ်ခံရပြီး ရှင်သန်တယ်ဆိုတာ နှာခေါင်းနဲ့အသက်ရှူနေရခြင်းသက်သက်ပဲလို့သေချာသဘောပေါက်သွားတဲ့အချိန်ပဲဖြစ်ပါတယ်

လူသားတွေထဲကလူတစ်ယောက်ဖြစ်တဲ့ကျွန်တော်ဟာကိုယ်ပိုင် ကမ္ဘာငယ်တစ်ခုရှိတယ်ဆိုပါတော့

ကျွန်တော့်ရဲ့ကမ္ဘာငယ်ထဲမှာတော့ ကောင်းကင်ဟာကျွန်တော်ခြေဖျားအောက်မှာ ၊ မြေပြင်ကတော့ကျွန်တော့်ခေါင်းအထက်မှာရှိနေပြီး တည်နေရာတွေပြောင်းလဲကုန်ပြီ

AnemoneWhere stories live. Discover now