Ch - 2

768 88 1
                                    

Unicode (Zawgyi below)



Jeno's POV

လူလာတာနဲ့ auto မှန်တံခါးပွင့်သွားတဲ့ convenience store တစ်ခုထဲကျွန်တော်ဝင်သွားလိုက်တယ်

အသင့်စားခေါက်ဆွဲဘူးတွေတန်းစီထားတဲ့နားကိုကျွန်တော်သွားလိုက်တယ်

ပင်လယ်စာအစပ်အရသာ ခေါက်ဆွဲဘူးကိုကိုင်လိုက်ပြီးမှပြန်ထားလိုက်တယ်

တစ်နေ့ကတည်းကဒီအရသာကိုကျွန်တော်စားနေရတာဆိုတော့အပြောင်းအလဲလေးဖြစ်အောင် နောက်အရသာတစ်မျိုးကိုစားကြည့်မယ်

ကြည့်လိုက်တော့ကျွန်တော်တစ်ခါမှမမြင်ဖူးတဲ့ဘူးပုံစံအသစ်တစ်ခုကိုတွေ့လိုက်ရလို့ ဒါပဲစားတော့မယ်ဆိုပြီး လှမ်းမလို့လုပ်တုန်း အဲ့ဘူးကိုနောက်လက်တစ်ဖက်ကကြိုဦးသွားတယ်

အဲ့လက်ဟာ သွယ်လျပြီးလှပတယ် ရိုးရှင်းစွာနဲ့လှတဲ့လက်မျိုးဖြစ်တယ် မြင်တာနဲ့နူးညံ့လိုက်တဲ့လက်ပဲလို့တွေးလိုက်မိတဲ့လက်မျိုး...

အဲ့လက်ဟာ သူကိုင်လိုက်တဲ့အသင့်စားခေါက်ဆွဲဘူးကိုပြန်လွှတ်လိုက်တယ် ထို့နောက် ဘေးကဘူးတချို့ကို သွယ်လျတဲ့လက်ချောင်းတွေနဲ့ ဖွဖွလေးလိုက်ပုတ်တယ်

ဟိုဘူးကိုပုတ်လိုက် ၊ ဒီဘူးကိုပွတ်လိုက်နဲ့ နောက်ဆုံးတော့ သူအရင်ဆုံးကိုင်လိုက်တဲ့ဘူးကိုပဲပြန်ကိုင်လိုက်တယ်

"ဘုတ်!!"

"အာ"

အဲ့ခေါက်ဆွဲဘူးဟာ အဲ့လက်လှလှလေးထဲကနေလွတ်ကျသွားတယ်

လက်လှလှလေးရဲ့ပိုင်ရှင်ဟာ အာမေဍိတ်တစ်ခုရေရွတ်မိရှာတယ်

သူဟာမျက်မှန်အနက်ရောင်ကိုတပ်ထားတယ် ကျန်လက်တစ်ဖက်ကနေ စတီးနဲ့လုပ်ထားတဲ့တုတ်ချောင်းတစ်ချောင်းကိုကိုင်ထားတယ်

သူကကောက်ဖို့အဆင်မပြေတဲ့ပုံဖြစ်နေလို့ ကျွန်တော်ကပဲ

"နေ နေ .. ကျွန်တော်ပဲကောက်ပေးပါ့မယ်"

လို့ပြောပြီး အောက်ကျသွားတဲ့ခေါက်ဆွဲဘူးကိုကောက်လိုက်ရတယ်

AnemoneWhere stories live. Discover now