Ch - 9

406 53 1
                                    

Unicode ( Zawgyi below)


Jaemin's POV

ကျွန်တော့်ရဲ့နှာဖူးပေါ်ကိုလက်ဖဝါးတစ်ခုတင်ထားတဲ့အထိအတွေ့ကိုခံစားလိုက်ရတယ်

"Jeno လား"

"ဘာလို့လဲ မင်းရည်းစားလို့ထင်နေလို့လား"

"မဟုတ်ပါဘူး ပိုသေချာအောင်မေးတာပါ ငါ့ဘေးမှာရှိနေတာမင်းဆိုတာပိုသေချာအောင်လို့မေးတာပါ"

"ကဲ ထ ထ.. ဆေးသောက်ရမယ်"

"သောက်ရဦးမှာလား ၄ ရက်ထိတောင်သောက်ပြီးနေတာကိုလေ"

"ဆရာဝန်က ဆေးကို ၅ ရက်စာပေးထားတာလေ"

"၅ ရက်စာပေးထားပေမဲ့ကိုယ်သက်သာရင်သက်သာသလိုမသောက်တော့လို့ရတာပဲကို"

"မရပါဘူး အဲ့လို မင်းကနုနုဖတ်ဖတ်လေးရယ် ထပ်ဖျားရင်ဘယ်လိုလုပ်မလဲ"

"မနုပါဘူး အဲ့လောက်မနုဘူး"

ကျွန်တော်ပြန်ဖြေတဲ့လေသံမာသွားတော့သူ့ဆီကစကားကပြန်မလာတော့ပါ

ကျွန်တော်သူနဲ့ပတ်သက်ရင်အကုန်သဘောကျတယ်

သူဟာလေလွင့်သူဖြစ်နေတယ်ဆိုတာကိုလည်းကျွန်တော်သဘောကျတယ် မိုးဒဏ် လေဒဏ်ခံနိုင်တာကိုလည်းသဘောကျတယ် သူကဟာသဉာဏ်ကျွန်တော့်ထက်ပြေးတာကိုလည်းသဘောကျတယ် ကျွန်တော့်ကိုကူညီတာတွေကိုလည်းသဘောကျတယ် အထီးကျန်မှုကိုဖြိုခွင်းဖို့အားကိုးနေရတဲ့ငှက်သံတွေထက် သူ့အသံကိုပိုအားကိုးပြီးသဘောကျတယ်

ဒါပေမဲ့ တစ်ခုပဲ

သူကျွန်တော့်ကိုသနားနေတာကိုသဘောမကျပါ ကျွန်တော်ဟာအထိမခံနိုင်လောက်အောင်နုဖတ်တယ်ဆိုပြီး သနားပြီးဂရုစိုက်နေတာတွေကိုကျွန်တော်သဘောမကျပါ

ကျွန်တော့်ဘဝကိုကျွန်တော်ဘယ်လိုဖြတ်သန်းလာရလဲကျွန်တော်အသိဆုံး

သူ့လည်းပြောပြထားလို့ သူလည်းသိနေတာပဲ ဒါပေမဲ့ကျွန်တော့်လောက်တော့ဘယ်နားလည်နိုင်မလဲ

ခက်ခဲမှုတွေကြုံလာရပြီးတဲ့ကျွန်တော်ဟာ သူထင်နေသလို နုဖတ်ပြီးပျော့ပျောင်းမနေတော့ပါ

AnemoneWhere stories live. Discover now