Ch-4

530 61 0
                                    

Unicode (Zawgyi below)

Jaemin's POV

"ထားလိုက်ပါတော့"

သူကျွန်တော့်ကိုစိတ်ပျက်စွာနဲ့ပြောတယ်

ထွက်သွားတော့မယ့်သူ့ကိုကျွန်တော်အမြန်လက်ကိုင်ဆွဲလျက်

"ထားလိုက်လို့မရဘူး မင်းဒီကိစ္စကိုငါနဲ့ရှင်းမှကိုရမယ်"

ဒီလိုပြောလိုက်ပြီး ကျွန်တော်တို့ ၂ ယောက်ကိုမြင်ရပေမဲ့ ကျွန်တော်တို့အသံတွေမကြားရနိုင်သောနေရာမှာ အေးဆေးစွာထိုင်နေတဲ့ကျွန်တော့်အဖေနဲ့အမေဘက်ကို မသိမသာကြည့်လိုက်ပြီး

"အခုငါတို့ဘယ်ရောက်နေလဲရောမင်းသိလား ဟမ်?? မင်းသိသိကြီးနဲ့မရိုင်းပါနဲ့ ကျေးဇူးပြုပြီး"

ကျွန်တော်သူ့ကိုခခယယတောင်းပန်မိတယ်

"အခုငါတို့မိသားစုခရီးထွက်လာတာ ပြီးတော့ ငါ့အဖေရော အမေရောက မင်းနဲ့ငါ့ကိစ္စကိုသိနေကြပြီ သူတို့ကကြည်ကြည်ဖြူဖြူနဲ့ပိုလို့တောင်သဘောတူသေးတယ် မင်းကိုသူတို့သားတစ်ယောက်အနေနဲ့ လက်ခံချင်နေကြသေးတာ မင်းနေရာမှာတခြားတစ်ယောက်ဆိုရင်တောင် သူတို့လက်ခံရင်တောင်အနည်းဆုံးမျက်နှာပျက်ကြမိဦးမှာ"

ကျွန်တော် ရင်ထဲမှာ လှိုက်နေအောင်ပူရင်းနဲ့သူ့ကိုနားလည်အောင် ရှင်းပြလိုက်တယ် ရှင်းပြတယ်ဆိုတာဟန်ဆောင်စကားပဲ တကယ်တော့တောင်းပန်နေတာပါ

ဘာအတွက်လဲ?

သူကျွန်တော့်နားမှာရှိနေပေးဖို့အတွက်ပေါ့

ဒါပဲလား?

မဟုတ်သေးဘူး အဖေရော အမေရောသိနေတဲ့ကျွန်တော်တို့နှစ်ယောက်ရဲ့ပတ်သက်မှုမှာ သူထွက်သွားလို့ကျွန်တော်ကျန်ခဲ့ရတယ်ဆိုတဲ့အရှက်မျိုးနဲ့ အားမနာတမ်းပြောဆိုလို့ရတဲ့ကျွန်တော့်မိသားစုကြားမှာတောင် အရှက်မကွဲစေဖို့အတွက်ရောပေါ့

သူသာထွက်သွားမယ်ဆို ကျွန်တော်သူ့လက်ကိုဆွဲထားမိဦးမှာ

မိသားစုနဲ့တောင်အရှက်ရမှာကြောက်နေတဲ့ကျွန်တော်က ထွက်သွားမယ့်သူကိုဆွဲထားမိတာကိုကျတော့ကျွန်တော်ရှက်မနေမိပြန်ဘူးလား

AnemoneWhere stories live. Discover now