Ch-6

441 56 1
                                    

Unicode ( Zawgyi below)


Jaemin's POV

နူးအိနေသော သိုးမွေးစလေးတစ်ချောင်းကို မာကျောသောစတီးနှင့်လုပ်ထားသော ထိပ်တွင်အကွေးချိတ်လေးပါသည့် သိုးမွေးထိုးတံလေးနဲ့ဆွဲယူကာ လက်တစ်ပြန်ခွေ၍ထိုးလိုက်တယ်

ပြီးတော့ပြန်စမ်းကြည့်တော့ အထုံးလေးသဖွယ်ဖြစ်နေသော သေသပ်သည့်သိုးမွေးထိုးကွက်တစ်ကွက်ရနေတာကိုသိရလို့ကျွန်တော်ကျေနပ်စွာပြုံးလိုက်မိတယ်

သိုးမွေးထိုးပညာကိုကျွန်တော့်လိုမြင်နိုင်စွမ်းမရှိတဲ့လူတစ်ယောက်ကထိုးနိုင်တယ်ဆိုတာနည်းနည်းတော့ရယ်ချင်စရာကောင်းသလို ပင်ပန်းစရာလည်းကောင်းတယ် လက်ထိပ်လေးတွေနဲ့စမ်းစမ်းပြီးထိုးရတာဖြစ်တဲ့အတွက်ထင်သလောက်အလုပ်မပြီးပါ

တဗြက်ဗြက်နဲ့ထိုးသွားရင်လည်း အကွက်လေးတစ်ကွက်များမှားထိုးမိရင် တစ်ထည်လုံးရေစုန်မျောရချည်ရဲ့လေ

ဒီအထည်ကိုကျွန်တော်ထိုးနေတာ ဒီနေ့နဲ့ဆို ၁၂ ရက်မြောက်ပြီ

၁၂ ရက်လုံးထိုးခဲ့တဲ့ဒီအထည်လေးက ဒီနေ့သာနည်းနည်းလေးအားစိုက်ထိုးလိုက်ရင်ပြီးပြီ

အရောင်ကဘာအရောင်လဲတော့ကျွန်တော်မသိဘူး ရှိတဲ့သိုးမွေးချည်လုံးကိုယူထိုးထားတာဖြစ်တဲ့အတွက်ကြောင့်စုံလင်သောအရောင်တစ်ခုကိုကျွန်တော်မြင်နိုင်စွမ်းမရှိပါ

မမြင်နိုင်လို့အရောင်မရွေးနိုင်ပေမဲ့ ကျွန်တော်တတ်နိုင်တဲ့အထိအတွေ့အာရုံနဲ့တော့အကောင်းဆုံးကိုရွေးချယ်ခဲ့ပါတယ်

ဒီသိုးမွေးချည်လုံးဟာကျွန်တော့်မှာရှိတဲ့ သိုးမွေးချည်တွေအားလုံးထဲကမှ အနူးညံ့ဆုံးဖြစ်တယ်

နူးညံ့ပြီးသားသိုးမွေးချည်လုံးတွေထဲကမှ အနူးညံ့ဆုံးကိုရွေးနေတာလားဆိုပြီးကျွန်တော့်ကိုရူးကြောင်ကြောင်နိုင်တယ်လို့ထင်မိကြမယ်ထင်တယ်

ကျွန်တော့်မှာဒီအထိအတွေ့အာရုံကသာလျှင်အကောင်းဆုံးနဲ့အထက်ဆုံးမို့ ကျွန်တော်အကောင်းဆုံးကိုကြိုးစားရွေးထားတာဖြစ်တယ်

AnemoneWhere stories live. Discover now