Unicode ( zawgyi below)
Jeno's POV
ကျွန်တော်သူနဲ့နေနေတုန်းမှာ သူ့ကိုဘာတွေပေးနိုင်လဲ
ကရုဏာနဲ့ကူညီမှုပေါ့
ဒါပေမဲ့ ကျွန်တော်ကာကွယ်မှုပါပေးလာမိတော့တယ်
မုတ်သုံရာသီကနှုတ်ဆက်ခါနီးဖြစ်လာတယ် Jaemin ကလည်းနေမကောင်းဖြစ်ကတည်းကအိမ်တွင်းပုန်းနေရတာ ၃ ပတ်လောက်ရှိပြီမို့ အပြင်ကိုတကဲကဲထွက်ချင်နေပြီ
ကျွန်တော်တားရင်တောင်မှမရနိုင်တော့တဲ့အချိန်မို့ ကျွန်တော့်မှာ သူအပြင်ထွက်ဖို့ပြင်ဆင်စရာရှိတာပြင်ဆင်ရတော့တယ်
သစ်သားပြားပေါ်သံမှိုထောက်ပြီး သံမှိုထိပ်ကိုတူနဲ့ထုကာစိုက်ထိုးလိုက်တယ် သစ်သားပြားထဲတဖြည်းဖြည်းစိုက်ဝင်သွားတဲ့သံမှိုကို ပိုပြီးသေချာဝင်အောင်တူနဲ့ထပ်ထုလိုက်သေးတယ် ဒါမှပေါ့ မဟုတ်ရင် အချွန်လေးထွက်နေလည်း အဲ့ကနေခြစ်မိ ၊ ရှမိတာတွေဖြစ်နိုင်တယ်လေ
ဒါပါပဲ သူအပြင်ထွက်ဖို့ကျွန်တော့်မှာပြင်ဆင်စရာရှိတာတွေပြင်ဆင်ရတယ်ဆိုတာ ဒါတွေပဲပေါ့
ကျိုးနေတဲ့ သစ်သားလှေကားထစ်တွေကို တူနဲ့ပဲဖျက်ပြီး အပြီးဖြုတ်။ ခိုင်တဲ့သစ်သားပြားအသစ်တွေကိုအဲ့နေရာမှာအစားထိုးပြီးပြင်နေတာပါပဲ
သူထပ်ချော်လဲမှာကိုကျွန်တော်မလိုလားတော့ပါ
ဟိုခြစ်မိ ၊ ဒီခြစ်မိနဲ့ဒဏ်ရာရရင်တောင် ဖျားသွားတတ်တဲ့ နုနယ်တဲ့ကောင်လေးမဟုတ်လား ကျွန်တော် မတရားကိုဂရုစိုက်သင့်တာပေါ့
အိမ်မှာငွေသုံးဖို့မရှိတော့တဲ့အခါကကျွန်တော်ခါးပိုက်နှိုက်တာ ဟိုကမိသွားပြီးအုပ်စုလိုက်ဝိုင်းဆော်လို့ သူတို့လက်ထဲကဓားမြှောင်နဲ့လက်မောင်းကိုခြစ်မိတုန်းကလည်း သူကျွန်တော့်ကို ကျွန်တော်ထင်ထားတာထက် ဂရုစိုက်ခဲ့တယ်
ကျွန်တော်ဟာခါးပိုက်နှိုက်ပါလို့မဝန်ခံဘဲသူ့ကိုလိမ်နေရတာမို့ ကျွန်တော့်ရဲ့အလိမ်အညာတွေနဲ့မလိုက်အောင်ကိုသူကစိတ်ပူပြီးဂရုစိုက်ခဲ့တယ်
YOU ARE READING
Anemone
Fanfictionသူကကျွန်တော့်ကိုတစ်စုံတစ်ရာနဲ့နှိုင်းတယ် အဲ့ဒါဟာ ပန်း သာဖြစ်တယ် ဘာပန်းလဲဆိုရင် Anemone ပန်း !! ဒီလိုပန်းမျိုးနဲ့အနှိုင်းခံရတာကိုကျွန်တော်သဘောမကျပါ... ကျွန်တော်ဟာလောကဓံကိုခံရသင့်သလောက်ခံနေရပြီးရင့်ကျက်နေပြီဖြစ်တဲ့လူငယ်တစ်ယောက်ဖြစ်နေလို့ပဲ သူဟာ Anemon...