Ch-3

667 71 4
                                    

Unicode ( Zawgyi below)


Jeno's POV

ဘုရားသခင်ရေ!!!!

ဘုရားသခင်ကိုမယုံကြည်သော ကျွန်တော်ပထမဆုံးအကြိမ် ဘုရားကို တ လိုက်မိတယ် ကျွန်တော့်တစ်သက်မှာတစ်ခါမှမမြင်ဖူးသော ရိုးရှင်းတဲ့ပိုက်ဆံအိတ်ပိုင်ရှင်ကိုပထမဆုံးအကြိမ်တွေ့ဖူးကာမှ ပေါ့....

ခါးပိုက်နှိုက်တစ်ယောက်ဖြစ်လို့ ကျွန်တော်ပိုင်ဆိုင်သမျှအရာအားလုံးကိုခြစ်ကုတ်စုဆောင်းရတယ် အများမမြင်အောင်ဖွက်ရတယ်

ကိုယ်ပိုင်နာမည်ကအစပေါ့

ကျွန်တော့်နာမည်ကိုအများလူတွေကိုသိစေခြင်းဟာကျွန်တော့်ကိုကျွန်တော်ထောင်နှုတ်ခမ်းဝဆီဆွဲခေါ်နေတာနဲ့အတူတူပဲ

ဒါပေမဲ့ ကျွန်တော်သူနဲ့ဖလှယ်မှုတစ်ခုလုပ်ခဲ့မိတယ် နာမည်ဖလှယ်မှုပေါ့

သူဟာလည်း မျက်လုံးမမြင်လို့ သူ့လက်လှလှတွေနဲ့အတည်ပြုခြင်းကလွဲရင် ကျန်တာကိုမယုံသူဖြစ်နေပြီး ကျွန်တော်ဟာလည်း ခါးပိုက်နှိုက်ဖြစ်နေလို့ဘယ်သူ့ကိုမှမယုံပါ

အဲ့နေ့က ကျွန်တော်ခိုးသွားတဲ့သူ့ရဲ့ပိုက်ဆံအိတ်လေးကိုပြန်ရလို့ ပျော်နေတဲ့ပုံကိုကျွန်တော်စိတ်စွဲနေမိသေးတယ်

ကျေးဇူးဆပ်တဲ့အနေနဲ့ဝမ်တစ်သောင်းပေးတယ် သူဟာချမ်းသာနေတဲ့သူမဟုတ်တဲ့အပြင် ကျွန်တော့်ရဲ့ကမ္ဘာနီးပါးရိုးရှင်းအောင်နေထိုင်သူဖြစ်လို့ပိုက်ဆံပေးလိုက်ရုံနဲ့ပြီးမသွားမှန်းသူနားလည်နေတယ်

ဝမ်တစ်သောင်းကိုကျွန်တော့်လက်ထဲသေချာထည့်ပေးပြီးတဲ့နောက်မှာ ကျွန်တော့်လက်မနားကအမာရွတ်သေးသေးလေးကိုသူပွတ်သပ်နေတယ်

ပြီးတော့

"အိမ်မှာအသင့်ဖျော်ကော်ဖီမှုန့်မရှိဘူး ရှိရင်သေချာဧည့်ခံပြီးကျေးဇူးတင်စကားပြောပါတယ်"

ဝမ်တစ်သောင်းနဲ့ကျေးဇူးဆပ်ရတာကိုသူသိပ်မကျေနပ်သလိုနဲ့ပြောတယ် ကြည့်ရတာ သူ့ပိုက်ဆံအိတ်ထဲကဓာတ်ပုံဟောင်းလေးဟာ သူ့အသက်ထက် ပိုပြီးတန်ဖိုးရှိနေသလိုပါပဲ

AnemoneWhere stories live. Discover now