Ch-5

520 57 0
                                    

Unicode (Zawgyi below)


Jeno's POV

ကျွန်တော်သူ့တိုက်အောက်ရောက်တဲ့အချိန်မှာ မိုးကတဖြည်းဖြည်းနဲ့ မိုးရေစက်များလာပြီ

အရမ်းသည်းမလာခင် မခိုင်ခံ့တဲ့သစ်သားလှေကားတစ်ထစ်ကိုကျွန်တော်စနင်းလိုက်တယ်

အဲ့နောက် ကျွန်တော်လုပ်နေကျအလုပ်ဖြစ်တဲ့ သူ့ရဲ့တိုက်ခန်းရှေ့ကချိတ်လေးမှာ လုလာတဲ့အထုပ်ကိုချိတ်ပေးလိုက်တယ်

~~ ဘယ်လိုလုပ်ပြီးငါက... ဘယ်လိုလုပ်ပြီးမင်းကို ..... ငါတို့ရဲ့အချစ်တွေကသမုဒ္ဒရာလောက်နက်ရှိုင်းတာမို့ .... ခန်းခြောက်သွားသည့်တိုင်အောင်စောင့်ပြီးမှ လမ်းခွဲပါရစေ... ~~

သူ့ရဲ့နူးညံ့တဲ့အသံလေးဟာ လေထဲမှာ အကတစ်ခုကိုကရင်းနဲ့မျောလာတယ် ဘာကြောင့်လဲဆိုတော့ဒီအတိုင်းစကားပြောနေတာမဟုတ်ဘဲနဲ့ သီချင်းသံစဉ်အေးလေးတစ်ခုကို သူ့ရဲ့အသံချိုချိုနဲ့ညည်းနေလို့ပဲဖြစ်တယ်

သူ့ရဲ့သီချင်းညည်းသံကြောင့်ကျွန်တော်ကြောင်တောင်တောင်နဲ့ရပ်နေမိသေးတယ် အသိတရားတွေအားလုံးကိုနှုတ်ယူပြီး သူ့ရဲ့သီချင်းသံနဲ့ညှို့တာခံလိုက်ရသလိုမျိုးပေါ့...

နေစမ်းပါ

ခါးပိုက်နှိုက်ရဦးမယ် Lee Jeno ရေ

ကူညီမှုတစ်ခုပြီးရင် ကိုယ့်ဝမ်းအတွက်လည်းရှာရဦးမယ်

ကျွန်တော့်အသိစိတ်တွေကိုသူ့သီချင်းသံထဲကနေမန်းမှုတ်လျက်ပြန်ဆွဲထုတ်ယူလာပြီး မခိုင်တဲ့လှေကားထစ်တွေကို ကျွန်တော့်ကြောင့်ကျိုးမသွားအောင်ဖွဖွလေးနင်းရင်း ဆင်းလာခဲ့တယ်

ထိုစဉ်

"Lee Jeno!!! Lee Jeno ssi...."

Whatt theee

သေစမ်း လခွီးပဲ

ကျွန်တော့်ရဲ့ခြေသံကိုသူကြားသွားတာလား ကြားသွားလည်းဘယ်သူလဲလို့လှမ်းမေးရမှာမဟုတ်လား သူမှကျွန်တော်ဆိုတာကိုသေချာလောက်အောင်အသိအမှတ်ပြုပေးမယ့်အမြင်အာရုံမှရှိမနေတာကို

ဘာလို့ကျွန်တော့်နာမည်ကြီးကိုတိုက်ရိုက်ခေါ်ရတာလဲ

ကျွန်တော်ထွက်သွားပြီးမှ သူကသိလို့ခေါ်တဲ့ပုံစံဖန်တီးပြီး မသိချင်ယောင်ဆောင်ပြီးထွက်ပြေးမှပဲ

AnemoneWhere stories live. Discover now