Lili လူနာအားအကောင်းဆုံးခွဲစိတ်ကုသခဲ့ပြီး
ကြိုးစားမှုအရာထင်ခဲ့သည်..လူနာကားအသက်ဘေးမှလွတ်မြောက်သွားပြီလေ...Liliခွဲခန်းမှထွက်ပြီးနောက် ဘေစင်တွင်ကိုယ်လက်မျက်နှာသန့်စင်လိုက်သည်..မျက်နှာသစ်ပြီးမှန်ထဲတစ်ချက်ကြည့်လိုက်တော့ နှဖူးပေါ်ကအမာရွတ်လေးက liliကို ပြုံးပြနေသယောင်..
Lili ထိုအမာရွတ်လေးအားကိုင်ကာLili- "မင်းလ်ိုပါးဖောင်းဖောင်းလေးနဲ့
ကောင်မလေးတစ်ယောက်ကို ကိုယ်ဒီနေ့တွေ့ခဲ့တယ် Ruby....
မင်းလည်း ဒီအရွယ်လောက်ရောက်ရော့ပေါ့
ကိုယ်ကတော့ မင်းကိုစောင့်နေဆဲပါပဲ..."10 years ago,
Lili က ထိုင်းကိုရီးယားကပြားတစ်ယောက်..
Liliအဖေက ထိုင်းလူမျိုး liliအမေက ကိုရီးယားသူ..liliတို့မိသားစု နွေရာသီကျောင်းပိတ်ရက် ထိုင်းသို့အလည်သွားမည်တဲ့
Liliအတွေးနဲ့တင်ပျော်မိပြန်သည်..နွေရာသီဆို ထိုင်းမှာနှစ်သစ်ကူးပွဲတော်ရှိသည်မဟုတ်ပါလား...Lili dad- "မေကြီးနဲ့သမီးရေ.. daddyတို့ထိုင်းသွားတဲ့အခါကျ daddyသူငယ်ချင်းမိသားစုရောလိုက်လာမယ်တဲ့ သူတို့က နယူးဇီလန်က ထွက်လာရမှာ"
Lili mom- "ဘယ်သူတွေလည်းဖေကြီးရဲ့"
Lili dad- "ဟိုကောင် jame တို့တွေလေကွာ..."
Lili mom- "အော် ကောင်းတာပေါ့..liliလေးလည်းအဖော်ရတယ်လေ..."
Lili dad- "ဟုတ်တယ်သမီးရဲ့ daddyသူငယ်ချင်းမှာ သမီးလေးတစ်ယောက်ရှိတယ်..
သမီးထက် ၂ နှစ်လောက်တော့ငယ်မယ်ထင်တယ်.."Lili- "ဟုတ် daddy နဲ့ mommy..."
Liliစိတ်ထဲတွင်တော့ ထိုကောင်မလေးအားတွေ့ချင်စိတ်တို့က တဖွားဖွားး
ထိုကောင်မလေးအား မမြင်ရမတွေ့ရသေးဘဲ
အကြောင်းလေးကြားရုံမျှဖြင့် နွေးထွေးစွာခုန်
နေသော ကိုယ့်ရင်ခုန်သံကို ကိုယ်ဘယ်လိုနားလည်ရမလဲမသိ
တစ်ဦးတည်းသောသမီးလည်းမဟုတ်၍ အဖော်မရှိလို့ဟုပြောမရပြန်...At Bangkok,
လေယာဉ်ပေါ်ကဆင်းဆင်းခြင်း လတ်ဆတ်သောလေထုကို တစ်ဝကြီးရှုရှိုက်လိုက်သည်။ ဒါဟာကိုယ့်ရဲ့မွေးရပ်မြေပေါ် ဒုတိယအကြိမ်မြောက်ခြေချခြင်း...

YOU ARE READING
My Existence
Fanficဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙