Young- "lili....ဟိုမှာ လမ်းလျှောက်လာတာ Alex မလားဟ....ဘေးမှာလည်းကောင်မလေးတစ်ယောက်နဲ့....ဘယ်သူလည်းမသိဘူး.."
Lili နဲ့ young ကုန်တိုက်မှာ shopping ထွက်လာခြင်းဖြစ်သည်.. shopping
ထွက်သည်ဆိုသည်မှာလည်း ထွေထွေထူးထူးမဟုတ်...အပျင်းပြေလျှောက်ကြည့်ရုံ သက်သက်သာLili- "ဟာ နင်ကလည်း Alex ပါဆိုနေမှ ဘေးကကောင်မလေးက Nini ဖြစ်မှာပေါ့ဟ.."
Young- "ငါက Nini ဆိုမမှတ်မိစရာလား..အခုဟာက nini မဟုတ်ဘူး..."
Lili- "ဒါဆိုလည်း သူ့ညီမတို့ အစ်မတို့ဖြစ်မှာပေါ့ဟာ..."
Young- "lalisa နင်တော်တော်လေး အကောင်းမြင်တတ်နေပါရော...အစ်မတို့ ညီမတို့... ငါ ကုန်ကုန်ပြောမယ်ဟာ သူငယ်ချင်းအချင်းချင်းဆိုရင်တောင် နင် kiss လုပ်လား.."
Lili- "ဟာ ပေါက်ကရလေးဆယ်..ချစ်သူကိုမှနမ်းမှာပေါ့ဟ..သူငယ်ချင်းသွားနမ်းလို့ ပါးရိုက်လွှတ်လိုက်ရင် ဘယ့်နှယ်လုပ်မယ်..."
Young- "ငါကအဲတာကိုပြောတာ အခု Alexက သူ့ဘေးက ကောင်မလေးနဲ့ kiss လုပ်နေတာ..."
Lili- "ဘာာာာ💢"
Young- "အေး နင်ကြားတဲ့အတိုင်းပဲ..."
Lili- "ဒါဆို Alex က Nini နောက်ကွယ်မှာ နောက်တစ်ယောက်ထားနေတာပေါ့ ဟုတ်လားးး"
Young- "အေးပေါ့ဟာ...ဘယ်တုန်းက အဲလောက်ပိန်းသွားလိုက်တာလဲ..."
Lili- "ဘယ်တုန်းကဆို သူ့ကိုစချစ်မိကတည်းကပေါ့ဟာ...."
Young- "Nini က အခုအကြောင်းကို သိပါ့မလားး
ငါတို့ပြောသင့်လားး"Lili- "မသိလောက်ဘူးဟ Nini သိရင်တော့ ဒီလိုမနေလောက်ဘူးထင်တာပဲ...ပြောသင့်လားဆို ပြောသင့်တယ်ထင်တယ် နင်ပဲပြောလိုက်ဟာ..."
Young- "နင်က သူ့ကြိုက်နေတာမဟုတ်ဘူးလား
ငါနဲ့မှမဆိုင်တာကို... ပြောမှာဆို နင်ပြောရမှာ..."Lili- "young...သူငယ်ချင်း...မမနဲ့ ငါအဆက်အသွယ်ရထားတယ်🙄..."
Young- "ဘာာ...မ နဲ့အဆက်အသွယ်ရတယ်...ဟုတ်လား.."
Lili pov- ငါ့အစ်မပါဆိုနေမှ ငါနဲ့အဆက်အသွယ်က အမြဲရှိတာပေါ့ ငတုံးး😂
မမအကြောင်းပြောလိုက်ရင် အမြဲတမ်း အငမ်းမရတဲ့ကောင်

YOU ARE READING
My Existence
Fanfictionဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙