Nini- "Lili....!!!! Lili ရေ....."
သန်းခေါင်ကျော်အချိန်ကြီး အခန်းတံခါးလာခေါက်သည့် Nini ကြောင့် စားပွဲပေါ်တင်ထားတဲ့ မျက်မှန်ကိုကောက်တပ်ကာ အခန်းတံခါးဆီပြေးရပြန်သည်....
တံခါးဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ထိုကလေးမလေးက lili ရင်ခွင်ထဲပြေးဝင်လာသည်....
အလိုက်တသိ ဖက်ထားလိုက်ရင်းကပဲ အကြောင်းအရင်းကိုမေးရသည်....Lili- "Nini ဘာဖြစ်လို့လဲ...ဒီအချိန်ကြီးမှ...."
Nini- "......"
သူမလေးဆီက စကားပြန် မလာသည်မို့ ရင်ခွင်ထဲက ဆွဲထုတ်ကာ မျက်နှာကို ကြည့်မည်လုပ်တော့ သူမလေးက ရင်ခွင်ထဲကအထုတ်မခံ....
အရင်ထက်ပို၍ တင်းကျပ်စွာဖက်ထားပြန်၏...Lili- "Nini ဘာဖြစ်လဲဆိုတာသိရမှ lili ကလုပ်ပေးလို့ရမှာပေါ့ nini ရဲ့... lili ကိုပြောပြလေ..."
Lili ချော့ပြောတော့မှ ကလေးဆိုးကြီးက...
Nini- "nini အိမ်မက်ထဲမှာ သရဲခြောက်ခံရလို့..."
lili ရယ်ချင်ပေမဲ့ ရယ်လို့မဖြစ်...ပြုံးရုံလေးပြုံးမိသည်....ဒါကို အကင်းပါးသော သူမက ရင်ခွင်ထဲမှနေ၍ မည်သို့သိသွားသည် မပြောတတ်....
Nini- "Lili ရယ်နေတယ်မလားးး Nini ကိုလှောင်နေတာလားး ဒီကလူက ကြောက်လို့သူ့ဆီလာပါတယ်ဆိုမှ အဟင့်...."
ငိုမလို့ အစချီလိုက်တော့ lili ကပဲ ဦးအောင်
အရင်ချော့ရပြန်သည်...ဒီတိုင်းဆက်သွားလျှင် ငုတ်တုတ်ထိုင်လျက်ကပင် မိုးလင်းရလိမ့်မည်....Lili- "မဟုတ်ပါဘူးး lili မရယ်ပါဘူးး nini ရဲ့... Nini က အရမ်းဖက်ထားတော့ lili အသက်ရှူကျပ်လာလို့ပါ...."
မုသားမပါ လင်္ကာမချော တဲ့.....သူမလေးစိတ်ချမ်းသာဖို့အတွက် လိမ်ပြောလိုက်ရ၏....
Nini- "arr.... sorry.....lili...."
သူမလေးက ပြောရင်း ဖက်ထားတဲ့ လက်တွေကိုဖြုတ်ချလိုက်သည်...
Lili- "ရပါတယ် nini ရယ်.... nini အခန်းထဲပြန်အိပ်မလားး lili လိုက်ပို့ပေးမယ်လေ...."
Nini- "ဟင့်အင်းး Nini တစ်ယောက်တည်းမအိပ်ရဲဘူးး"
Lili- "ဒါဆို lili နဲ့အိပ်လိုက်...လာ....."
![](https://img.wattpad.com/cover/271841063-288-k27678.jpg)
YOU ARE READING
My Existence
Fanfictionဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙