Chae- "Hello lili......"
Lili- "အေး chae ပြော...."
Chae- "ငါနင့်ကိုအကူအညီတစ်ခုတောင်းစရာရှိလို့...."
Lili- "အေး ပြောလေ...ငါတတ်နိုင်သလောက်ကူညီမယ် ပြောကြည့်..."
Chae- "ငါအခုနင့်အိမ်ရှေ့မှာ တံခါးအရင်လာဖွင့်...."
Lili- "အစကတည်းက ပြောလိုက်ရင်ရနေတာကို တကယ်တည်း...."
Lili တံခါးသွားဖွင့်ပေးလိုက်တယ်....
Chae- "lili....ငါနဲ့ ပစ္စည်းတစ်ခုလိုက်ရွေးပေးပါလားး အရေးကြီးလို့...."
Lili- "ငါက နေ့လည်ဂျူတီရှိတယ်ဟ..ဖြစ်ပါ့မလားး"
Chae- "ဖြစ်ပါတယ်ဟာ လိုက်ခဲ့ပါနော်...."
Lili- "ဘာပစ္စည်းကြောင့်မလို့ တစ်ယောက်တည်းသွားမဝယ်တတ်ရတာလဲ...."
Chae- "ငါပြောရင် အံ့ဩမသွားနဲ့နော်...နေအုံး အိမ်ထဲမှာ မ ရှိလားးးး"
Lili- "မရှိဘူးး မမက ကုမ္ပဏီကိုသွားတယ် ဘာဖြစ်လို့လဲ...နင့်ပုံစံက မမ မသိအောင်ခိုးကြောင်ခိုးဝှက်လုပ်ထားတဲ့ပုံစံနဲ့...."
Chae- "မဟုတ်ပါဘူးဟာ...ငါ မကို လက်ထပ်ခွင့်တောင်းမလို့...."
Lili- "ဘာာာာ......"
Chae- "ဟုတ်တယ် လက်ထပ်လက်စွပ်သွားဝယ်မလို့ နင့်ကိုအဖော်လာခေါ်တာ...."
Lili- "ဟာ မဟုတ်တာကြီးကို...ငါ့အစ်မကို လက်ထပ်ခွင့်တောင်းမဲ့ကိစ္စကို ငါကူညီရမယ်ဆိုတာကြီးက မဟုတ်သေးပါဘူးးးး"
Chae- "လုပ်ပါကွာ မက နင့်အစ်မဟုတ်သလို ငါကလည်းနင့်သူငယ်ချင်းလေ..."
Lili- "လက်ထပ်ခွင့်တောင်းမဲ့ကိစ္စက နင်နဲ့ငါပဲသိတာလားးးး"
Chae- "ရှူးးးးတိုးတိုးနေ....အိမ်ထဲမှာ niniရှိတယ်မလားးးး"
Lili အသံကျယ်သွားတာကြောင့် chaeက သတိပေးတယ်....
Lili- "အေးးးရှိ....."
Nini- "Lili....အိမ်ရှေ့ဘာထွက်လုပ်နေတာလဲ တစ်ယောက်တည်းစကားပြောနေတာတော့မဟုတ်ပါဘူးနော်....."
ပြောရင်းဆိုရင်း ထွက်လာတဲ့ အရှုပ်ထုပ်လေးးး
Nini- "အော်... young ရောက်နေတာကိုးးး
အိမ်ထဲဝင်အုံးလေ...."
YOU ARE READING
My Existence
Fanfictionဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙