Young- "မင်း ဒီပုံစံနဲ့ဝင်လို့မဖြစ်ဘူးကွ....မင်းလည်းဆရာဝန်ပဲကွာ ဒီလောက်တော့နားလည်ပေး....."
ခွဲခန်းထဲကိုသူကိုယ်တိုင်ဝင်ပြီး Nini အသက်ကိုကယ်မည်တဲ့လေ....သူကိုယ်တိုင်ကကို
စိတ်ဂယောက်ဂယက်ဖြစ်ပြီးမူမမှန်တဲ့အနေအထားမှာမို့ liliကို ခွဲခန်းထဲပေးဝင်လို့မဖြစ်....Lili- "မမ....lili ရူးတော့မယ်ထင်တယ်... youngကလည်း ပေးမဝင်ဘူးးးး youngကိုကူပြောပေးမမရာ......"
သူငယ်ချင်းကလက်မခံတော့ အစ်မဖြစ်သူကိုအပူကပ်ရမည်...ခွဲခန်းထဲတစ်ခုခုအမှားအယွင်းဖြစ်လို့မဖြစ်...အခုဟာက lili အသက်ထက်ပိုချစ်ရသော Nini ၏သေရေးရှင်ရေးကိစ္စပင်မဟုတ်လားးးး
Soo- "စိတ်အေးအေးထားပါ lili ရယ်... young ဟာလည်းနင့်လို ကျွမ်းကျင်တဲ့ဆရာဝန်တစ်ယောက်ပါ...Nini အသက်ကိုသူကယ်နိုင်ပါတယ်...."
Young- "စိတ်ချပါ lili ....ငါ Nini အသက်ကိုရအောင်ကယ်ခဲ့မှာမို့ မင်းစိတ်ချပါ...သူနေပြန်ကောင်းလာရင် သူဆိုးသမျှခံနိုင်ဖို့သာ
မင်းပြင်ဆင်ထားး...."မတတ်သာသည့်အဆုံးနောက်ဆုတ်ပေးရတော့မည်.....
Lili- "ငါစိတ်ချမယ် young...."
ခွဲခန်းထဲထည့်မလို့ ဦးတည်ထားတဲ့ လူနာတင်စင်ပေါ်က အချစ်ရဆုံးသူမလေးလက်ကို ဖွဖွလေးဆုပ်ကိုင်လျက်.....
Lili- "ချစ်တယ် nini ....ချစ်တာမလို့ lili ဆီသေချာပေါက်ပြန်လာခဲ့ပေးပါ....."
ဆုပ်ကိုင်ထားသောလက်ကလေးကို ဖွဖွလေးနမ်းကာ လွှတ်ပေးလိုက်ရသည်....
operation room
ဟုရေးထားသော ဆိုင်းဘုတ်အောက်မှ တံခါးနှစ်ချပ်ဟာပွင့်လာပြီးနောက် သူချစ်သောသူမလေးကို ခေါ်သွားလေပြီ......စိတ်တို့ဟာဂနာမငြိမ်...ထိုင်မရထမရနှင့်
လက်ကနာရီကိုသာ အတွင်တွင် ငုံ့ကြည့်နေမိသည်....ဝင်သွားတာ 2နာရီလောက်ပင်ရှိနေပြီမို့
စိုးရိမ်ရေမှတ်အထိမြင့်တက်လာသည်....Lili- "မမ...ကြာလှချည်လားးးဘာဖြစ်နေလို့လဲမသိဘူးးးးးဒီအချိန်လောက်ဆိုပြီးသင့်နေပြီလေ....
လုပ်ပါအုံးးးး"Soo- "စိတ်အေးအေးထားစမ်း lili.....သူတို့ ကိစ္စပြီးရင်ထွက်လာမှာပေါ့....."
YOU ARE READING
My Existence
Fanfictionဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙