part (9)

2.5K 212 18
                                    

Lili ပြောထားခဲ့တဲ့ lili ရှေ့မှာ အားနည်းချက်တွေကိုထုတ်ပြလို့ရတယ်ဆိုတဲ့စကားကြောင့်
nini ဟာ ကြောင်လေးတစ်ကောင်လိုချွဲတတ်လာသည်...သူပြောသမျှလုပ်ချင်သမျှကို ခေါင်းညိတ်မှသာ ပါးဖောင်းဖောင်းလေးနှစ်ဖက်အပေါ်တက်သွားအောင် မျက်ဝန်းလေးတွေမှေးသွားအောင် ပြုံးပြလေ့ရှိသည်...ငြင်းမည်ဆိုပါကလည်း
သူမတူအောင်စိတ်ကောက်တတ်‌သေးသည်...

Nini- "liliရေ...."

Lili- "အင်း Nini ပြော....lili ဘာလုပ်ပေးရမလဲ..."

Nini- "Nini လေ Namsan tower သွားချင်လို့...လိုက်ပို့ပါလားးး"

Lili- "lili နောက်အပတ်မှလိုက်ပို့မယ်လေ...အခု lili မှာလုပ်စရာတွေကျန်သေးလို့...ပြီးတော့ခဏ‌နေမိုးချုပ်တော့မှာ"

Nini- "မရဘူးကွာ အခုသွားချင်တာပါ‌ဆို....နော်...နော်လို့.."

Lili- "nini ကလည်း lili မအားဘူးလို့‌ပြောနေတယ်လေ...အခုလိုက်ပို့လို့မရဘူး နောက်တစ်ပတ်ကျလိုက်ပို့မယ်ပြောနေတာပဲ..."

Lili အသံနှုန်းမြှင့်ပြီးပြောလိုက်တော့ သူမလေးရဲ့မျက်နှာချက်ချင်းညှိုးကျသွားတာတွေ့လိုက်ရသည်...

Nini- "ရပါတယ်..လိုက်မပို့ချင်လည်းနေပေါ့..alexကိုလာခေါ်ခိုင်းလိုက်ရင်ဖြစ်နေတာပဲ..."

Alexဆိုတဲ့အသံကြားရတော့ သွေးခုန်နှုန်းဟာ ဆောင့်တက်သွားသည်..သူမလေးက liliနဲ့သွားချင်လို့ ပူဆာနေတဲ့ဟာ liliလိုက်မပို့တော့ သူမရဲ့ချစ်သူကို အပူကပ်မည်တဲ့...မဖြစ်သေးးး

ဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...

Lili- "Nini အဝတ်အစားသွားလဲ...lili လိုက်ပို့မယ်..."

Nini- "ရေးးးးဒါမှliliကွ...."

Namsan towerရောက်တော့

Nini- "liliနဲ့ပြိုင်ပွဲတစ်ခုလုပ်မယ်..ရှုံးတဲ့သူက နိုင်တဲ့သူကို အိမ်အပြန်ကျကုန်းပိုးရမယ်...ဘယ်လိုလဲ"

Lili- "ကဲ ဆိုစမ်းပါအုံး ဘယ်လိုပြိုင်ပွဲလဲ..."

Nini-" အဟမ်းးးး"

My ExistenceWhere stories live. Discover now