Ruby- "lice .. liceခေါင်းမှာသွေးတွေ💢"
Liliလည်းခေါင်းကိုစမ်းကြည့်မိတော့....ဟုတ်တာပေါ့ ကတ်စီးစီးနဲ့...ကိုယ့်ဟာကိုယ်နှဖူးပေါက်သွားမှန်းလည်းသိလိုက်ပါတယ်...ထိုအနှီမလေးကို ဆိုင်ကယ်တိုက်မှာစိုးလို့ ဆွဲလှည့်ရင်းက အရှိန်မထိန်းနိုင်ဘဲ liliနှဖူးက လမ်းဘေး ပလက်ဖောင်းနဲ့မိတ်ဆက်သွားကတည်းက...
Liliသူမကို မော့ကြည့်တော့ မျက်ရည်လေးတွေဝဲလို့..အရမ်းကြောက်သွားလားမသိဘူးးးးRuby- "lice....အရမ်းနာနေလားဟင်..အဲတာ rubyကြောင့်ပါ rubyကြောင့်...rubyသာလမ်းပေါ်တက်မပြေးရင် ဒီလိုဖြစ်မှာမဟုတ်ဘူး အဟင့်...😞🥺"
သူမလေးအသံက စကားပြောရင်းတိမ်ဝင်သွားတော့ သူမငိုနေသည်ဆိုတာကို အလိုလိုသိလိုက်ရပါသည်....
Lili- "ruby ကလည်း မငိုပါနဲ့..rubyကြောင့်ဖြစ်တာဘယ်ဟုတ်မလဲ..liceဘာမှမဖြစ်ဘူး
နှဖူးပေါက်တာက ပျောက်သွားမှာပေါ့..ထထ အိမ်ပြန်ရအောင်..."Ruby- "ခဏနေအုံးlice...နှဖူးကဒဏ်ရာကို အုပ်ထားရအောင်လို့...."
ပြောရင်း သူမလည်ပင်းမှာပတ်လာတဲ့ ပဝါအဖြူလေးကို နှဖူးမှာစီးပေးသည်..liliရင်ဘတ်ထဲမှာတော့ လိပ်ပြာတွေပျံလို့...နှဖူးပေါက်လို့
သူမရဲ့ဂရုစိုက်မှုကိုရသည်ဆိုလျှင်ဖြင့် အကြိမ်ပေါင်းများစွာ နှဖူးပေါက်ရဲပါရဲ့...
Flash back end_____အခုအချိန်မှာတော့ထိုပဝါအဖြူလေးက liliမှာရှ်ိသော သူမနဲ့ပတ်သက်တဲ့တစ်ခုတည်းသောအရာပေါ့.....
Liliပြုံးမိပြန်သည်...ဒါဟာ ဒီနေ့တွင်သူမအကြောင်းတွေးမိရင်း နှစ်ကြိမ်မြောက်ပြုံးခြင်းးး
ပဝါလေးကတော့ lili ဂျူတီကုတ်အိတ်ကပ်ထဲတွင် အမြဲထည့်ထားသည်...သူမရဲ့အငွေ့အသက်လေးရှိတော့ liliရင်ဟာနွေးရသည်...ကျေးဇူးပါကလေးငယ်....💢ဒေါက် ဒေါက်💢
တံခါးခေါက်သံကြောင့် ပျံ့လွင့်နေသောစိတ်တို့က liliဆီပြန်ရောက်လာကြသည်....
Lili- "ဝင်ခဲ့ပါ....."
Nini- "ဟုတ်ကဲ့doctor... ဒီမှာ doctorကြည့်ပေးထားတဲ့ လူနာရဲ့ အချက်အလက်တွေပါ...တစ်ချက်ကြည့်ပေးပါအုံးး..."
Liliကြည့်လိုက်တော့ မနက်က သူတိုက်မိခဲ့တဲ့ ကောင်မလေးးးးဘာကြောင့်မှန်းမသိဘဲ liliရင်ခုန်သံ မြန်လာရပြန်သည်...

YOU ARE READING
My Existence
Fiksi Penggemarဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙