Nini grandpa- "ပြီးတော့ niniလေးဟာ ကားaccident ကြောင့်အတိတ်အားလုံးကိုမေ့သွားခဲ့တယ်...."
Liliရင်ကို သံချွန်နဲ့ထိုးလိုက်သလိုပါပဲ...ဆစ်ခနဲ နာကျင်မှုကိုခံစားလိုက်ရသည်...ရှိသမျှအားကိုတင်းကာ ဓာတ်ပုံလေးကိုကြည့်လိုက်တော့....
Lili pov- ဘုရားရေ...တကယ်ပဲမင်းပေါ့နော် ruby....niniဟာ ruby တဲ့ Lalisa....မင်းထင်တာမှန်တယ်ကွ....
ယခုပျော်နေသောအပျော်ကား ရေသည်ယောက်ျား ရေသည်မိန်းမဆီမှ အဖြေရ၍ပျော်သလိုမဟုတ်...သိန်းထီဆုပေါက်သလိုလဲမဟုတ်...ဘယ်လိုဖော်ပြရမည်နည်းးးး
Lili၏အပျော်သည် ဝင်လာသောအတွေးကြောင့်တပ်ဆုတ်ရပြန်သည်....
Lili pov- ဒါဆိုမင်းက ကိုယ့်ကို lice လို့သိမှာမဟုတ်တော့ဘူးပေါ့နော်...ကိုယ်က မင်းကိုတွေ့ရင် ပဝါလေးပြပြီး surprise လုပ်မလို့လေကွာ...အခုတော့ lice ဘာဆက်လုပ်ရတော့မလဲ ruby....မင်းဟာမင်းလည်း ruby ဆိုတာမှတ်မိပါ့မလား သည်းငယ်ရယ်......
Lili အခုအချိန်တွင် တစ်ယောက်တည်း အဝေးဆုံးနေရာကို သွားမှဖြစ်မည်...စိတ်ထွက်ပေါက်လိုအပ်သည်...ကြာကြာနေရင်ရူးသွားမလား
မပြောနိုင်တော့...Lili- "အဖိုးး liliကိုခွင့်ပြုပါအုံးး နောက်မှထပ်လာခဲ့ပါ့မယ်.."
Nini grandpa- "နေအုံးလေ မြေးရဲ့ ကော်ဖီသောက်သွားအုံးလေ niniကိုရောနှုတ်ဆက်သွားလေ..."
Lili- "မသောက်တော့ဘူးအဖိုး...niniကိုလည်း liliနှုတ်ဆက်တယ်ပြောပေးပါနော်...သွားပြီ အဖိုးးး"
ခဏနေတော့ Nini မီးဖိုခန်းကထွက်လာတယ်...
Nini- "အဖိုးး liliရော်...."
Nini grandpa- "ပြန်သွားပြီလေ အခုလေးတင်ပဲ... မြေးလေးကိုတောင် နှုတ်ဆက်တယ်ပြောပေးပါဆိုပြီး ရုတ်တရက်ကြီးထွက်သွားတာ....."
Nini- "အဖိုးကဘာပြောလိုက်လို့လဲ..."
Nini grandpa- "အဖိုးကဘာမှမပြောပါဘူးး ဟိုဓာတ်ပုံကို ကြည့်ပြီး ဘာဖြစ်မှန်းမသိဘူး..ဇွတ်ထွက်သွားတာပဲ..."
Nini- "အော်...ထားလိုက်ပါတော့လေ..niniမနက်ဖြန် အလုပ်ထဲကျမေးလိုက်မယ်အဖိုးး"

YOU ARE READING
My Existence
أدب الهواةဂစ်တာတစ်လက်ကြိုးပြတ်သွားရင် လွှင့်ပစ်လိုက်ရမှာလားးးးဟင့်အင်းး..အခုမင်းရဲ့အချစ်ကြိုးလေးပြတ်နေတော့ ကိုယ့်ရဲ့အချစ်ကြိုးလေးနဲ့အစားထိုးထားပါ့မယ်...တစ်နေ့ကြိုးဖိုးလေးတော့အကြွေးပြန်ပေးပေါ့...💙