ရှောင်းကျန့် မေ့မြောနေရာကနေနိုးလာတော့ အရှင်ကသူ့ဘေးမှာရှိနေခဲ့တယ်။
"အရှင်လား"
"အင်း နိုးလာပြီလား"
"ဟုတ်ကဲ့ အရှင်ဘယ်လိုလုပ်ရောက်လာတာလဲ"
"ကိုယ်တော်က မင်းကိုရှေ့ရက်တွေကပစ်ထားတာနဲ့တင်လုံလောက်ပြီလေ အခုကစပြီး မင်းကိုသေချာဂရုစိုက်ပေးတော့မှာ"
"ကျေးဇူးပါပဲ အရှင်"
"ကိုယ်တော်မင်းကိုသတင်းကောင်းပြောစရာရှိတယ်"
ရှောင်းကျန့် မျက်ဝန်းတွေဝိုင်းစက်လို့ အရှင့်ကိုမော့ကြည့်လိုက်တယ်။
"အခု မင်းမှာ ကိုယ်တော့်ရဲ့ရင်သွေးလေးလွယ်ထားရတယ်"
"အ အရှင် တကယ်ပြောနေတာလား"
"အင်း ကိုယ်တော်တို့မှာ အခု ရင်သွေးလေးရှိလာခဲ့ပြီ"
"ဟား တကယ်ပေါ့ ကျွန်တော့်မှာ အရှင်ရဲ့ကလေးလေးရှိနေပြီပေါ့"
ရိပေါ်က ရှောင်းကျန့်ရဲ့နဖူးပြင်ကိုအသာနမ်းရှုံ့လိုက်ပြီးတော့ သူ့ကိုယ်လေးကိုဖက်ကာလှဲချလိုက်သည်။
"ကိုယ်တော်နဲ့အတူ အနားယူလိုက်အုံး "
ရှောင်းကျန့်ကရိပေါ်ရင်ခွင်တွင်းကိုတိုးဝင်ကာ
"အရှင် ဘာလေးလိုချင်လဲဟင်"
"မင်းမွေးပေးတာသာဆို ကိုယ်က ဘာပဲဖြစ်ဖြစ် ချစ်ပေးမှာပဲ"
"ကျွန်တော်က သားလေးမွေးပေးချင်တာ "
"သားလေးပဲဖြစ်မှာပါ"
"အရှင်ဘယ်လိုသိလဲ"
"ကိုယ့်ရဲ့နဂါးတွေအကုန်ကအထီးတွေပဲလေ အမွှာအမြုတေတွေကျမှ အမဖြစ်သွားနိုင်ချေသိပ်မရှိဘူး"
"ဟုတ်သားပဲ ဒါဆိုသားဦးလေးပေါ့နော် ဟီးး အာ ဒါပေမယ့် အရှင့်ရဲ့ပထမဆုံးကလေးတော့မဖြစ်နိုင်ဘူးပေါ့"
"ဟင်းးးးး သေချာတော့မပြောနိုင်သေးဘူး"
"ဟင် ဘာဖြစ်လို့လဲ"
"မိဖုရားလေ အခြေအနေသိပ်မကောင်းဘူး"
"ဘာဖြစ်တာလဲ"