ထုံဘုရင်လင်မယားရောက်လာတဲ့အချိန်မှာထိုကိစ္စတွေဟာ ဖြစ်ပြီးသွားလေပြီ။ အရှင့်ရဲ့ရာဇသံကြောင့် ကြင်ယာတော်ရှောင်းရဲ့အဆင့်ကနန်းတော်ထဲတွင် အတော်လေးမြင့်မားထင်ရှားနေလေပြီ။
ရှောင်းကျန့် ဝူဝူလေးကိုနိ့တိုက်နေရင်း ယွီအာ့ထံမှ သူ့မိဘတွေရောက်လာတဲ့အကြောင်းသတင်းရခဲ့သည်။
ရှောင်းကျန့် မျက်မှောင်ကြုံ့လိုက်ပြီး ဘာရည်ရွယ်ချက်နဲ့ လာမှန်းမသိတဲ့မိဘတွေကို သွားတွေ့ရန်ပြင်လိုက်တော့သည်။
"ယွီအာ သွားဖို့အဆင်သင့်ပြင်ထားလိုက်"
"မင်းသားလေးကိုရော ခေါ်သွားမှာပါလား ကြင်ယာတော်ရှောင်း"
"အင်း အရှင်လည်းမရှိဘူး ငါထားခဲ့ရင်ငိုနေလိမ့်မယ်"
"ယွီအာ နားလည်ပါပြီ"
တစ်ဖက်မှာတော့ ဧည့်နန်းဆောင်မှာ ရှိနေတဲ့ ထုံဘုရင်လင်မယားဟာ စိတ်မချမ်းမသာဖြစ်နေကြတယ်။ သူ့တို့သမီးတော်ရှောင်းရီပြောတဲ့အတိုင်း ကျေးဇူးမသိတတ်တဲ့သားက သူတို့ကိုဂရုတစိုက်နန်းဆောင်ပြင်ပေးထားခြင်းမရှိပေ။
ရှန်နန်းတော်ရဲ့ ဧည့်နန်းဆောင်က ထုံပြည်က ဘုရင့်နန်းဆောင်ထက်မထည်ဝါပေမယ့် သူ့ထက်တော့မလျော့ပေ။ ဒါကိုပင်လောဘမသတ်နိုင်တဲ့ထိုလင်မယားက ဒီနေရာကို သူတို့နှင့်မတန်သေးဟုထင်နေကြသေးသည်။
သူတို့ကရှောင်းကျန့်လာရင် ဆူပူကြိမ်းမောင်းရန်ပြင်ဆင်ထားကြလေသည်။
ခဏအကြာမှာတော့ ရှောင်းကျန့်ကသူ့ရဲ့လက်ထဲမှာ အဖိုးတန်ပိုးဖဲသားပိတ်စတွေအထပ်ထပ်နဲ့ ထုပ်ထားတဲ့ကလေးကိုပွေ့ကာ ခေါ်ဆောင်လာသည်။
"ရှောင်းကျန့် နောက်ဆုံးတော့ နင်ရောက်လာပြီပဲ"
ရှောင်းကျန့်ရဲ့နောက်မှာ ယွီအာနဲ့တော်ဝင်ကိုယ်ရံတော်နှစ်ယောက်ပဲပါလာတာမို့ ထုံမိဖုရားက သူ့သားရဲ့အဆင့်တန်းကိုအထင်သေးပြီး ရိုင်းစိုင်းစွာခေါ်လိုက်သည်။
ယွီအာက မင်းသမီးရှောင်းရီနဲ့အကျင့်စရိုက်တစ်ပုံတည်းထပ်တူညီတဲ့ ထိုမိန်းမကြီးကိုကြည့်ပြီး