ဒီရက်တွေအတွင်းမှာ ရှောင်းကျန့်တစ်ယောက်ပျာယာခတ်နေရတယ်။
သားတော်လေးကိုနေ့စဥ်ထိန်းကျောင်းရတာ လွယ်ကူတဲ့တာဝန်မဟုတ်ပေ။ ဘယ်လိုပဲ မိမိကမွေးထားတဲ့သူဖြစ်ပါစေ ယောကျာ်းလေးတစ်ယောက်အနေနဲ့ သူရင်းနှီးကျွမ်းကျင်ရာတော့မဟုတ်ပေ။မနက်စောစော ရှောင်းကျန့်အိပ်ယာပင်မနိုးသေးဘူး သားငယ်ကဗိုက်ဆာလို့ နိုးလာပြီလေ။
အရှင်ကသူ့ရင်ခွင်ထဲ အိပ်မောကျနေတဲ့ ရှောင်းကျန့်ကိုအသာလေးမလို့ ထထိုင်လိုက်တယ်။ အဲ့နောက်ကုတင်ဘေးက သစ်သားပုခတ်လေးထဲ အသံပြုနေပါတဲ့ သားတော်လေးကို ချီကာ ချော့မြူနေတယ်။
"ဗိုက်ဆာနေပြန်ပြီလား သားတော် ပါးပါးက မနိုးသေးဘူးလေ ဒီဗိုက်လေးက ဆာနိုင်လွန်းတယ်ကွာ"
"ခစ်ခစ်"
အရှင်က သူ့နှာဖျားလေးကို သားတော်ရဲ့ဝမ်းဗိုက်ပေါ်ပွတ်ဆွဲရင်းစတော့ ကလေးကတခစ်ခစ်ရယ်တယ်။
"အယ် ရယ်တယ်ပေါ့လေ ခမည်းတော်ကိုကြောက်ဘူးလား ဟင်"
"ခစ်ခစ်"
သားအဖနှစ်ယောက် ကလူကျီဆယ်သံကြောင့် ရှောင်းကျန့်လည်းနိုးလာတော့သည်။
"အရှင်"
"ဟင် ကြင်ယာတော် နိုးလာပြီလား"
"သားတော်ရော နို့ဆာနေတယ်မလား ကျွန်တော့်ကိုပေး"
"အင်း နို့စို့ရတော့မယ်တဲ့ သားတော်လေးကမစို့ချင်ပါဘူးနော် ဟုတ်တယ်မလား"
"အဲ့အဲ့"
သူ့အဖေစကားလက်မခံဘဲ တုံ့ပြန်ချင်ပုံရကာ မျက်ခုံးလေးတွေပင် ကျုံ့လာသလို...
"ရွှတ် လူလည်လေးကွာ ဘယ်သူ့သားတော်လေးပါလိမ့်"
အရှင်ကတရှုံ့ရှုံ့နမ်းရင်းစတော့ တခစ်ခစ်ရယ်နေသည်။ ရှောင်းကျန့် သားအဖနှစ်ယောက်ရဲ့ပုံရိပ်ကိုကြည့်နေရင်း ရင်ထဲလှိုက်တက်လာတဲ့ ကြည်နူးမှုက ဘာနဲ့မှ မလဲနိုင်ပါပေ။
သူ့မှာ ဒီလိုချစ်ပေးမယ့် ခမည်းတော်မရှိခဲ့ဘူး။ ဒါပေမယ့် သူ့ကိုအရမ်းချစ်ပေးတဲ့ ခင်ပွန်းရှိခဲ့တယ်။ သူအရမ်းချစ်ပေးရမယ့် သူ့ကလေးကိုဂရုစိုက်ကာကွယ်ချစ်ပေးမယ့် သူ့အမျိုးသားရှိတယ်။ အခုသူ့မှာ ကိုယ်ပိုင်မိသားစုလေးရှိနေပြီ ။ သူဒီဘဝကိုအရမ်းကိုမှ နှစ်သက်တယ်။