စံပြ
အပိုင်း(၉)
06050349
"ဒေါ်ကြိး…"
"ဟေ..သမီး…"
"စောစောက မောင် ထားခဲ့တဲ့ အကျီ င်္ကော.."
"အကျီင်္…သြော်…ဇော်မောင် ချက်ချင်း လျှော်ခိုင်းခဲ့တယ်…ရေချိုးခန်းထဲ ပို့လိုက်ပြီ.."
ငုဝါ ခေါင်းညိတ်ပြီး ရေချိုးခန်း ဆီကို ရောက်လာခဲ့သည်။
အရောင်နုနု ရှပ်အကျီင်္က သီးသန့်ဆပ်ပြာဖြင့် ရေစိမ်ထားသည်။
မိနစ်ပိုင်းပဲ ကြာသေးသည်မို့ ရေထဲက ဆွဲထုတ်တာနဲ့ လက်နေရာမှာ အစွန်းကွက် က ရှိနေသည်။
"…………."
မောင် ဘာလို့ ဒီလို အသေးအမွှား ကိစ္စလေးကို ဖုံးရဖိရ တာလဲမောင်ရယ်..။
မနေ့က ထမင်းစားတော့လည်း ငုဝါ ကိုယ်တိုင် ချက်ကျွေးတာဆို ခေါင်းမဖော်တမ်း စားတက်တဲ့မောင်က ထမင်းတောင် မကုန်နိုင် ဖြစ်နေသည်။
အိမ်ပြန်လာချိန်ဆို ရေမွှေး အနံ့က ဖျော့နေရမှာ ပုံမှန်မဟုတ်ပဲ လတ်ဆတ်နေပြန်သည်။
မောင့်အကျီ င်္ပေါ်က နနွင်းရောင် ဆီကွက်နဲ့ မောင် နှုတ်ခမ်းက တစ်ချက် မျှ ရလိုက်တဲ့ ဆီချက် ရနံ့..။
ငုဝါက အသုပ်စုံလို အစားအစာ ကြိုက်ပေမဲ့ မောင်ကတော့ မကြိုက်ပါဘူး..။
စားချင်လို့ စားခဲ့တယ်ဆိုရင်တောင် အခုလို လိမ်ညာစရာ မလိုအောင် ငုဝါတို့ လင်မယားချင်း သိတက် ပွင့်လင်းကြပါသည်။
မောင် ဘာတွေ ဖြစ်နေလဲ..။
ဘာတွေ လုပ်နေတာလဲ ..။
မောင့်ဘက်က ဘာများ ပြောင်းလဲလို့လဲ လို့ မေးရင် ဘာမှ မပြောင်းလဲပါဘူး..။
ဆယ်နှစ်နီးပါး ပေါင်းသင်းလာတဲ့ ဇနီးမယား တစ်ယောက် အနေနဲ့တော့ မပြောပြလောက်သည့် ပြောင်းလဲမှု တစ်ခုချင်းစီတိုင်းကို အလိုလို သိနေသည်။
အမြဲတမ်း ဂရုတစိုက် အချစ်ခံလာရသည် မိန်းမ တစ်ယောက်အနေနဲ့ဆို ပိုတောင် သိနေသည်။
ခုလို ဖြစ်လာတာ အလုပ်ကြောင့် လား တစ်စုံတစ်ယောက်ကြောင့်လား..။
လျှို့ဝှက်ချက်ဆိုတာ မရှိတဲ့ ငုဝါနဲ့ မောင်ကြားမှာ ဖုန်းပြောရင် ရှောင်ပြောရသည်ဆိုတာ သိလိုက်ကတည်းက ငုဝါ ခြောက်ခြားရသည်။
မောင်က ငုဝါကို အရမ်းချစ်တာကို သိပါသည်။
ဒါပေမဲ့လည်း မောင့်အချစ်ပြောင်းလဲဖို့ မပြောနဲ့ မပြောပြလောက်အောင်လေး ဂရုစိုက်မှု လျော့ပါးနေတာကိုတောင် ငုဝါမှာ မခံစားနိုင်ပါ..။
"တင်တောင်…"
"ဟင်…"
ဒေါ်ကြီးက မီးဖိုခန်းမှာ မို့ ငုဝါပဲ တံခါး ဖွင့်လိုက်တော့ ပန်းစည်းကြီး အရင်တွေ့သည်။
"ဦးဇော်မောင် ပို့ခိုင်းလိုက်တာပါ…"
"သြော်.."
ပန်းစည်းကို လက်တစ်ဖက်နဲ့ ပိုက်လိုက်ပြီး လက်တစ်ဖက်တည်းဖြင့် လက်မှတ်ထိုးပေးလိုက်ရသည်။
"ဟယ်…ပန်းစည်းက လှလိုက်တာ…"
"အဟွင်း.ဟုတ်တယ်..မောင်လေ…မ၀ယ်ပါနဲ့ဆိုတာ မရဘူး.."
ပန်းစည်းကြောင့် မှုန်ဝါးနေတဲ့ စိတ်နဲ့ ပူလောင်နေတဲ့ သံသယတွေ လျော့ပါးသွားခဲ့သည်။
ဟုတ်ပါတယ်လေ…အလုပ်ကြောင့် စိတ်ရှုပ်နေလို့ ထင်ပါရဲ့..။
.
"အကို…ထမင်းသုပ်.."
"တော်ပါပြီ…"
"ဟီး..တစ်ခါတည်းနဲ့ လန့်သွားပြီ ထင်တယ်.."
"မဟုတ်ပါဘူး..စားကောင်းပါတယ်…"
ဒီနေ့တော့ ဂါဝန်အပွကြောင့်ဗိုက်မပေါ်..။
ဇော်မောင် ယူလာတဲ့ အိတ်တွေကို နေရာချနေတော့ ကလေးမွေးလာရင် ဘယ်လိုဖြေရှင်းရမလဲ တွေးနေမိသည်။
"မင်း နေရတာ အဆင်ပြေတယ်မလား…"
"ဟုတ်…ပြေပါတယ်…"
"နောက်လကျ မင်းဆေးခန်းပြရမယ်နော်…"
"ဟုတ်ကဲ့…ဟို…ညီမနဲ့ သိနေတဲ့ ဆေးခန်းပဲ ပြချင်တယ် အကို.."
"အင်းလေ…မင်းနေတဲ့ နေရာနဲ့ဆို ဝေးတယ်..ဒါပေမဲ့ အဲဒီကပဲ အဆင်ပြေပါတယ်…"
"ဟုတ်.."
"နောက်လကျရင် လိုအပ်တာ တော်တော် များများကို ခိုင်ဝင်း ကူညီပေးလိမ့်မယ်..ပြောတော့ မပြောရသေးဘူး…သူ့ကိုပဲ မှာခဲ့ရမယ်.."
"ရှင်….အကိုက ဘယ်ကိုသွားမလို့လဲ…"
"နောက်လကျရင် မင်္ဂလာနှစ်ပတ်လည်နေ့ရှိတယ်လေ…အဲ့နေ့ပြီးရင် နှစ်တိုင်း ခရီးထွက်တာ .."
"သြော်…အဟင်း…အကိုတို့က နှစ်ယောက်တည်းပေမဲ့ ပျော်စရာကြီးနော်…သားသမီးတွေ ရှိပြီး ပူလောင် ရန်ဖြစ်နေကြတာထက် စာရင် အကိုတို့လိုလေး နေရတာကိုပဲ အားကျဖို့ကောင်းတယ်…"
"ကိုယ့်အပျော် ကိုယ်ရှာနေကြတာပါ…တစ်ယောက် တမျိုးစီပေါ့.."
"အကိုတို့က သူဌေးဆိုတော့ နိင်ငံခြားကို သွားမှာပေါ့နော်…ဘယ်နိုင်ငံလဲဟင်.."
"ဒီတခေါက်က အကို့မိန်းမ အရမ်းသွားချင်တဲ့ ကိုရီးယားကို သွားမှာလေ…သူတစ်ယောက်တည်း နေတုန်းက အကိုနဲ့ တူတူ လည်ချင်တဲ့ နေရာတွေကို မှတ်ထားတယ်..ခုတခေါက်တော့ တူတူ သွားကြမယ်.."
"အစ်မလည်း ပျော်နေမှာပဲ.."
"အင်း…သူ့ကို သွားမဲ့ နေ့မှ ဘယ်သွားမယ် ပြောတာ….ပေးမသိဘူး.."
"၀ါး…အကိုက ရိုမန့်ဆန်လိုက်တာ…အစ်မ တော်တော် ကံကောင်းတာပဲနော်.."
"အကိုလည်း သူ့အချစ်ကို ရတာ ကံကောင်းတာပဲလေ…သူက တခြား မိန်းကလေးတွေနဲ့ မတူဘူး…အရမ်းထူးခြားတဲ့ မိန်းမလေ.."
"ဟုတ်မယ်….အစ်မ ဓာတ်ပုံကြည့်တာနဲ့ မိန်းကလေးချင်းတောင် အားကျရတယ်.."
"အကိုတို့က ဆယ်ငါးရက် လောက်နေမယ်ဆိုပေမဲ့ ကြာရင်လည်း ကြာမှာဆိုတော့ ညီမ လိုအပ်တာတွေကို သေချာ စီစဉ်ပေးခဲ့မှ ရမယ်.."
"ရပါတယ်..အကိုရဲ့..စိတ်မပူပါနဲ့…"
"လိုတော့ လိုပါသေးတယ်…နောက်မှ သေချာ စီစဉ်တာပေါ့.."
"ဟုတ်ကဲ့.."
"ဒါဆို အကို ပြန်မယ်…"
"ဒီနေ့ ဘာမှ မကျွေးလိုက်ရတာ စိတ်တောင်မကောင်းဘူး.."
"ရပါတယ်…အကို မုန့်စားလာတယ်…သွားပြီနော်…သေချာ ဂရုစိုက်ဦး.."
"ဟုတ်.."
ဇော်မောင် သွက်လက် တက်ကြွစွာဖြင့် လှေကားတွေကို ဆင်းခဲ့လိုက်သည်။
ကိုရီးယား ခရီးစဉ်ကို တူတူ သွားရမယ်သာ သိရင် ငုဝါ ဘယ်လောက် ပျော်လိုက်မလဲ..။
သူ ပြောခဲ့ဖူးသည့် အတူတူ သွားချင်တဲ့ နေရာတိုင်းကို ဇော်မောင် သေချာ မှတ်ထားခဲ့သည်။
ခုခရီးမှာ မပါမဖြစ် သွားရမဲ့ နေရတွေ အဖြစ် သတ်မှတ်ထားသည်။
"မောင် သိလား..တာဝါကို လာတာ အရမ်းအထီးကျန်တာပဲ..အကုန်လုံး စုံတွဲတွေချည်းပဲ…မောင်နဲ့ တူတူ လာရရင် သိပ်ကောင်းမှာပဲ…ဒီမှာ စုံတွဲတွေက အရမ်းလွတ်လပ်တယ်..တစ်ယောက်တည်းဆိုတော့ မနေတက်ဘူး ဖြစ်နေတယ်…ကတိပေးနော်..နောက်တူတူ လာမယ်လို့.."
ဇော်မောင် မှာ ဖုန်းဖြင့် အလွမ်းသယ်ရင်း ကတိပေးလိုက်ရပေမဲ့လည်း လက်ကတော့ နီးစပ်ရာ မှာ နုတ်ဖြင့် သေချာ မှတ်ထားလိုက်သည်။
နောက်ပြီး လုပ်နေကျ ပွဲလေးအတွက်လည်း စီစဉ်ရဦးမည်..။
လက်ဆောင်ကိုတော့ ငုဝါ ကြိုက်တက်သည့် ပေါ့ပေါ့ပါးပါး ဒီဇိုင်းနဲ့ လက်ဝတ်ရတနာလေးတွေ စီစဉ်ရမည်။
.
"ဟလို…ငုဝါလား…"
"ပြောလေ…စုစု…"
"မြတ်နိုးကို ပြောဦး…ကွဲမယ် ကွာမယ် ဖြစ်နေကြပြန်ပြီ.."
"ဟမ်…ဘယ်လို ဖြစ်တာလဲ.."
"မသိပါဘူးဟာ..ဟိုကောင် ဇယားရှုပ်လို့တဲ့…ငါပြောတာလည်း မရဘူး…ကလေးတွေက သနားပါတယ်..ဖုန်းခေါ်တာလည်း မကိုင်ဘူး…နည်းနည်းသွေးအေးလောက်မှ နင် ထပ်ဆက်ကြည့်ပါဦး.."
"ကျစ်…အေးလေ…ငါပြောလိုက်ပါ့မယ်.."
ငုဝါ ဖုန်းချလိုက်ရပေမဲ့ စိတ်ထဲမှာတော့ မသက်မသာ ဖြစ်ရသည်။
အရင်တုန်းက လည်း ကိုယ့်စေတနာကို စော်ကားခံထားရပြီးပြီ.။
ညနေရောက်တော့ ကလေးတွေ မျက်နှာကို မြင်ယောင်ပြီး ဖုန်းပြန်ဆက်လိုက်သည်။
"ဟလို..ပြော ငုဝါ.."
"နင်တို့ ပြဿနာ ဖြစ်လို့ဆို…"
"စုစု ဖွ ပြန်ပြီလား.."
"သူငယ်ချင်း မဖြစ်သင့်တာ မဖြစ်အောင် အသိပေးတာပါဟာ.."
"တော်စမ်းပါဟယ်.."
မြတ်နိုး စိတ်မပြေသေးတာ သိနေတော့ ငုဝါ စိတ်ကို အတော်လေး လျော့ချလိုက်ရသည်။
"ဟင်း…ဘာပဲဖြစ်ဖြစ် ကလေးတွေ မျက်နှာကို ကြည့်ပါဟာ…လင်မယား ရန်ဖြစ်တာ အဆန်းမှ မဟုတ်တာ.."
"ဟုတ်တယ်…အဆန်းမဟုတ်ဘူး..ဒါဆို ဘာလို့ နင်တို့ တစ်ယောက်တလှည့် ဖုန်းဆက်နေကြတာလဲ.."
"နင် က ကွဲမယ်ဆို…ကလေးတွေ မိတကွဲ ဖတကွဲ ဖြစ်မှာ နင် သတိထားဦး..နင့်အတွက်ချည်းပဲ မကြည့်နဲ့..နင်တို့ လင်မယားက သတ်ပြီး အတူတူပဲ ကြားထဲက ကလေးတွေ သနားဖို့ကောင်းတယ်.."
ငုဝါ စိတ်တိုတိုဖြင့် ပြောလိုက်တော့ မြတ်နိုးဘက်က အသံတိတ်သွားသည်။
"ဟုတ်တယ်….ငါတို့ လင်မယားက တိတ်တိတ်ပုန်း ဘာမှ မလုပ်တက်ဘူး..ခုလည်း ကေတီဗီက မိန်းမ တစ်ယောက်နဲ့ အိပ်တယ်ဆိုတာ သိလို့ ရန်သတ်တယ်…လူတကာ သိတယ်…ပြီးတော့လည်း ပြီးသွားတာပဲ…တချို့ဆို စံပြဆိုတဲ့ စကားနောက်မှာ မယားကြီး ဖြစ်နေတယ်ဆိုတာကို ဖုံးဖိထားရတယ်လေ…ငါတို့ကတော့ အဲလို မရဘူး..လူလေးစားခံရအောင်နေပြပြီး တိတ်တိတ်လေး မယားကြီး အဖြစ်မခံနိုင်ဘူး.."
"နင် ဘာတွေ ပြောနေတာလဲ…"
"နင်တို့ အကြောင်း မသိတဲ့သူတွေကတော့ နင်တို့ကို အားကျနေမှာပေါ့လေ…ငါတော့ သိလိုက်ကတည်းက နင့်ကို သနားလည်း သနားတယ်..သိလား…လူတွေရှေ့မှာ ဒီလို ဖြစ်အောင် နင် ဘယ်လောက် နာကျင်နေရမလဲ မတွေးတက်ဘူး..ငါသာဆို မရဘူး..နောက်ပြီး ငါ့ကိုသာ မှိုချိုး မျှစ်ချိုး ပြောနေတာနင်ဘ၀က ငါ့ထက် အဆတစ်ရာ တစ်ထောင်လောက် ဆိုးနေသေးတယ်… …ဟိုကောင်မလေးက ကလေး ရနေပြီပဲ…ဘာတက်နိုင်မလဲ….နင့်ကို ကွာပြီး မထားခဲ့စေချင်ရင် ဆက်ပြီး မသိချင်ယောင်သာဆောင်နော်….လူတကာ အားကျရတဲ့ မယားကြီးမကြီး ရယ်…"
"မြတ်နိုး….အရူးမ…ဘာတွေပြောနေတာလဲ…ဟမ်…"
ငုဝါ ဖုန်းကိုင်ထားတဲ့ လက်တွေတောင် တဆတ်ဆတ် တုန်တက်လာသည့်အထိ တစ်ကိုယ်လုံးက သွေးတွေ အရှိန်ပြင်းထန်စွာ စီးဆင်းနေသည်။
"ဟဲ့…နင့်ကို ငါ မေးနေတယ်လေ…ဘာတွေ ပြောနေတာလဲလို့…"
"ပြောရမှာတော့ သနားတယ်..နင့်ရဲ့ သစ္စာရှင် လင်ကြီး ဇော်မောင်က စမော ထားပြီး တိုက်ခန်းတစ်ခန်း ငှားထားပေးတယ်…ကောင်မလေးက ကိုယ်ဝန်လေးလ ရှိနေပြီ…နင်ပြောတော့ နင့်ယောက်ျားက ရှားပါးဆို…ဟွင့်..ယောက်ျားက ယောက်ျားပါပဲ…ငုဝါရယ်…ငါ့ ယောက်ျားကို မယုံလို့ နောက်က လိုက်ကြည့်တိုင်း နင်က ပြောတယ်…မယုံရင် ပိုဆိုးတယ်တဲ့..နင်က ယုံတော့ စိတ်အေးရတယ်ဆို…ဟွန့်…အဲလိုစိတ်ချထားလို့ နင်အခုလို ဖြစ်တာ…ငါတော့ မယားကြီးဘွဲ့မလိုချင်လို့စ ပတ်သက်ကတည်းက လိုက်ရှင်းတာလေ…ခုလည်း အဲလိုပဲ..ငါတို့ လင်မယားချင်း ရှင်းမယ်…နင်တို့ စိတ်ပူပေးတာကိုလည်း ကျေးဇူးတင်ပါတယ်…ကိုယ့်အတွက်ပဲ ကိုယ်စိတ်ပူနော်…သားသမီး ဆိုတဲ့ သံယောဇဉ်ကလည်း မရှိတော့ အိမ်ထောင်ရေးက ဘယ်ခိုင်မြဲပါ့မလဲ…"
"…………."
ငုဝါ လက်ထဲက ဖုန်းပြုတ်ကျသွားပြီး မျက်ထောင်မခပ် ကြောင်နေမိသည်။
မဟုတ်ဘူး..။
ဘာတွေလဲ..။
မဖြစ်နိုင်တာ..။
ဒီအရူးမ ဘာတွေ ပေါက်ကရ ပြောသွားတာလဲ…။
မဟုတ်ဘူး…မဟုတ်ဘူး…။
မောင်က…မောင့်မှာ…။
မရှိရဘူး..။
လိုမှ မလိုတာ….။
ဘယ်လို ဖြစ်နိုင်မှာလဲ..။
ဟင့်အင်း..။
.
"'သူပြောခဲ့တာ တကယ်လား မောင်…မဟုတ်ဘူးမလား.."
"……….."
မျက်နှာချင်းဆိုင် ဆိုဖာမှာ မလှုပ်မယှက် ထိုင်နေတဲ့ မောင့်ကိုယ်ကို ကိုင်လှုပ်ပြီး မဟုတ်ဘူး ငြင်းပါလို့ တောင်းဆိုချင်သည်။
ငြိမ်သက်နေခြင်းသည် ၀န်ခံခြင်းပဲလား…။
ဒါဆို..။
အသည်းနှလုံး တစစီ ကြေကွဲရခြင်းက ဒီလို ခံစားချက်မျိုးဆို ဘယ်သူမှ မခံစားရပါစေနဲ့..။
"မောင်…မောင်…မှားခဲ့ပါတယ်…"
"ဟာ…မှားခဲ့တယ်..ဟုတ်လား..ဘယ်လို မှားခဲ့တာလဲ…ဟင်.."
"ဟို…ခိုင်ဝင်း ဆိုင်က ကောင်မလေးပါ….ခိုင်ဝင်းက မောင့်ကို ဆေးခပ်လိုက်တော့ အိမ်မပြန်နိုင်ပဲ မှားသွားတယ်…"
"ခိုင်ဝင်း…လူယုတ်မာ.."
"သူ…သူမှားတာ မဟုတ်ပါဘူး..မိန်းမရယ်…ဟို…သူက မောင် အိမ်ပြန်မယ် ထင်ပြီး ဆေးခပ်လိုက်တာပါ.."
"ဘာလဲ.….နင့်ရဲ့ အကျိုးတော်ဆောင် လင်မယားကိုပါ ကာကွယ်နေတာလား..ခိုင်ဝင်းနဲ့ မြတ်နိုးတို့ သိနေကတည်းက သူတို့လည်း ကူညီနေတာ သိသာပါတယ်…"
"မောင် ပြောတာ နားထောင်ပါဦး..မိန်းမရယ်…မောင် တစ်ခါတည်း မှားတာပါ..ဒီကိစ္စ သူတို့လည်း သေချာ မသိပါဘူး…မောင်လည်း အရင်တုန်းကလိုပဲ ငွေနဲ့ ရှင်းပြီး ခေါင်းထဲတောင် မ၇ှိတော့ပါဘူး..ဒါပေမဲ့..ဒါပေမဲ့…..ကောင်မလေးက ကိုယ်ဝန် ရှိနေတယ်.."
"ဟား..ဒီလို မိန်းမ ကိုယ်ဝန်ရှိတာ ဆန်းလား.."
"မောင်..မောင်နဲ့ပဲ ပတ်သက်တာဆိုတော့…မွေးပြီးမှ ထပ်စစ်ဖို့…."
"သောက်ရူး…ဟွင်း…နင်က ကိုယ်ဝန်ရလို့ ယူလိုက်ရတာပါလို့ ငါ့ကို အကြောင်းပြနေတယ်ပေါ့လေ…."
"မယူပါဘူး...မိန်းမရယ်….ခုလည်း အခန်းငှားထားပေးတာပဲရှိတာပါ...ကျန်တာ ဘာမှ မပတ်သက်ဘူး.."
ငုဝါ ခြေလှမ်းကြဲဖြင့် စားပွဲကို ရောက်သွားကာ အောက်ဆုံးက ဆေးစာရွက် နှစ်ရွက် ကို ဆွဲထုတ်လိုက်သည်။
ဆိုဖာရှေ့ကို ပြန်ရောက်တော့ မျက်နာကို အားကုန်လွဲရိုက် ပစ်ချလိုက်သည်။
စာရွက် နှစ်ရွက်ရဲ့ ရိုက်ချက်က မနာပေမဲ့ ငုဝါရင်ထဲမှာတော့ နာကျင်လွန်းပါသည်။
"နင်က အမြုံလေ…နင်က ကလေးမရနိုင်တာလေ…နင့်လိုကောင်က ကလေးရသွားလို့ မယားငယ်ထပ်ယူလိုက်ရတယ်....ဟလား…ဟား..ဟား….ဟား..ဟား…ဟား….အား…."
ငုဝါ ခေါင်းမော့ရယ်ရင်း အာခေါင်ခြစ်၍ ငိုမိသည်။
ကိုယ့်မှာတော့ သူ့ကို သနားလွန်းလို့ သူသိရင် စိတ်မကောင်းမှာစိုးလို့ အဖြစ်မှန်ကို ဖုံးကွယ်ရင်း သူ့အတွက် တွေးပေးလိုက်ရတာ..။
သူက ကိုယ့်အားနည်းချက်လို့ ထင်ပြီး မိန်းမတောင် ထပ်ယူထားလိုက်သေးတယ်..။
ငါ့ယောက်ျားက ငါ့ကို ဘယ်လောက် ချစ်တာလို့ ပြောလိုက်တိုင်း ပြုံးနေကြတဲ့ သူငယ်ချင်းတွေ မျက်နှာကို မြင်ယောင်မိရင် ငုဝါ ရှက်လွန်းလို့ သေသာသေချင်သည်။
"ဒါ..ဒါ…တကယ်လားဟင်…ဟုတ်လား…မောင် ..မောင့်ကို ဘာလို့ မပြောတာလဲ…"
"ငါတို့ နှစ်ယောက်က တစ်ယောက်အတွက် တစ်ယောက် အမြဲတွေးပေးနေတယ် ထင်ခဲ့တာ….ဒါပေမဲ့ ငါယူထားတာ လူစိတ်မရှိတဲ့ နွားတစ်ကောင်ပဲ…"
"ငုဝါရယ်…မောင် မသိလို့..မောင်…"
မျက်လုံးပြူး ကြောင်အ နေရာကနေ မျက်ရည်ကျပြီး ရှေ့တိုးလာတော့ နောက်ကို တစ်လှမ်းဆုတ်လိုက်သည်။
"ငါ့အသားကို လုံးဝ လာမထိနဲ့…အိမ်က နှစ်ယောက် ပိုင်တာ ဆိုပေမဲ့ နင် ထွက်သွားပေးပါ…ငါ အိမ်ထဲက အပြင်ထွက်ဖို့တောင် အားမရှိတော့ဘူး…ကျေးဇူးပြုပြီး ငါ့ မျက်စိရှေ့က ထွက်သွားပေးပါ…"
"မိန်းမ…"
"မခေါ်နဲ့….မကြားချင်ဘူး…အီး…"
"တောက်….ဒီကိစ္စ မောင်ရအောင် ရှင်းမယ်.."
စာရွက်တွေ ကိုင်ပြီး ခြေလှမ်းကြဲဖြင့် ထွက်သွားတော့မှ အရုပ်ကြိုးပျက် ထိုင်ချလိုက်ကာ ကလေးတစ်ယောက်လို အော်ငိုမိသည်။
ဘယ်လို ကံကြမ္မာဆိုးတွေက ငါ့ဘ၀ကို မွှေနှောက်လိုက်ပါလိမ့်..။
ငါ ဘာ အပြစ်လုပ်ခဲ့မိလို့လဲ…။
.
"ဟင် အကို…"
"ဖြန်း.."
တံခါး လာဖွင့် ပြီး အပြုံးနဲ့ ပြောနေတဲ့ မိန်းမယုတ်ကို ပါးတစ်ချက် ရိုက်လိုက်ပြီး ပခုံးကို ကိုင်ကာ နံရံဆီ တွန်းကပ်လိုက်သည်။
"အကို…"
"……….."
ခါးတို အကျီ င်္ နဲ့ ဘောင်းဘီတို ၀တ်ထားလို့ အကျီ င်္ကို ဆွဲလှန်ပြီး ဘောင်းဘီ ကြိုးကိုလည်း ဆွဲချလိုက်သည်။
"ဟွန့်…."
"အကို…အကို….ညီမ ရှင်းပြပါ့မယ်…အကိုရယ်…မလုပ်ပါနဲ့…ညီမပြောပြပါ့မယ်…"
"…………"
ဇော်မောင် လက်တွေကို ဖိကိုင်ပြီး ပလုံးပထွေး ပြောတော့မှ လည်ပင်းပေါ်က တင်းကြပ်နေတဲ့ လက်ကို ဖြုတ်ပေးလိုက်သည်။
"ဟို…ဟို…ညီမ အကိုကို့ မြင်မြင်ချင်း ချစ်မိသွားလို့ပါ…အကို နဲ့ နီးစပ်ချင်လို့ ကြိုးစားပေမဲ့ အကိုက အကပ်မခံဘူး…အဲဒါကြောင့် ကြံမိကြံရာ ကြံမိသွားတာပါ….ညီမ အကိုကို ချစ်လို့ပါ…တကယ်ချစ်တာပါ….ဘယ်လို ဘ၀ရောက်ရောက် အကိုနဲ့ နီးစပ်ချင်တာပဲ သိလို့ပါ…မကောင်းမှန်း သိပေမဲ့ ညီမ နှလုံးသားကို မလွန်ဆန်နိုင်လို့ပါ …ညီမကို ခွင့်လွှတ်ပါ…"
"သေလိုက်…"
ဇော်မောင် အာခေါင်ခြစ် အော်ပြီး ဆောင့်တွန်းပစ်လိုက်တော့ ကြမ်းပြင်ပေါ် ပြုတ်ကျသွားပြီး ငိုနေသည်။
"နင် လုပ်တဲ့ကိစ္စ နင် တာဝန်ယူရမယ်….ငါနဲ့ ငါ့မိန်းမ ပြဿနာ ဖြစ်နေပြီ..ဒီကိစ္စ နင် ရှင်းရမယ်…ဧကရီ…မရှင်းပေးနိုင်ရင်…နင့်ကို သတ်ပြီး ငါ ထောင်ထဲ ၀င်မယ်…"
ဇော်မောင် တံခါးကို ဆောင့်ပိတ်လိုက်ပြီး လှေကားတွေကို ပြေးဆင်းလာခဲ့သည်။
"ဟလို…"
ကားမောင်းနေချိန် မေမေ့ဆီက ဖုန်းဝင်လာတော့ ရင်ထဲ ထိတ်သွားသည်။
"သား ဘယ်မှာလဲ…"
"လမ်းမှာ..မေမေ.."
"သြော်…ဒီမှာလေ….ငုဝါ မူးလဲလို့…တော်သေးတာပေါ့…ဒေါ်ကြီး ရောက်သွားချိန်နဲ့ တိုးလို့…"
"ဟင်….ကျွန်တော် ခုပြန်လာပြီ မေမေ…ခု သတိရပြီလားဟင်.."
"အင်း..ခု တော့ အိပ်ပျော်နေပြီ..ဖြည်းဖြည်းလာ…"
"ဟုတ်…"
ဇော်မောင် ကားကို အရှိန်တင် မောင်းပြီး စိတ်ထဲမှာတော့ ပူလောင် ပြင်းရှနေခဲ့သည်။

DU LIEST GERADE
စံပြ
Kurzgeschichtenစာမရေးချင်ဘူး စာရေးချင်တယ် တနေ့ကို ခြောက်ခါလောက် ဂေါက်ကြောင်ဖြစ်ပြီး လျှောက်ရေးထားတဲ့စာတွေကို မဖတ်စေချင်ဘူး ဖတ်ပေးတယ် ဆိုတော့လည်း ကျေးဇူးအထူးတင်ရပါတယ်။ ခံစားမှု အာရုံ အပြောင်းအလဲ ဖြစ်တာပေါ့လေ။ အစစ အရာရာ ဂရုစိုက်ကြပါနော်။