စံပြ
အပိုင်း(၄)
06010725
"ဟဲ့…နင်တို့ ဟန်နီးမွန်းသေးတယ်ဆို.."
"ဘာလဲ…"
"ဟိုနေ့က ဓာတ်ပုံတွေ တက်လာတယ်လေ.."
"အာ…အဲဒါက Ani ပွဲပြီးတော့ သွားတာလေ…တစ်လလောက် ရှိပြီ..ခုမှ ဖုန်းသုံးဖို့ အချိန်ရလို့ပါ…"
"နင်တို့ကလည်း သွားတာ သတင်းလေးတောင် မကြားဘူး…ငါတို့ မိသားစုလည်း အစီအစဉ် လုပ်ထားတာဟ..နင်တို့က ဘယ်ခေါ်ချင်ပါ့မလဲနော်..လင်မယား နှစ်ယောက်တည်း သာယာနေချင်တာမလား.."
"အေးပေါ့…ဟား..ဟား..နောက်ဆို ပြောပါ့မယ်ဟာ..ခုက ငါတောင် သိတာ မဟုတ်ဘူး…မောင်က အားလုံး သူ့ဟာသူ စီစဉ်လိုက်တာလေ…."
"အားကျလိုက်တာဟာ…ဘယ်လောက်ကြာကြာ ဇော်မောင်တို့ကတော့ ရိုနိုင်တုန်းပဲ…သားသမီး သာ ရလာရင် နင် ဘေးရောက်မှာ သေချာတယ် သိလား…ငါ့ကိုပဲ ကြည့် သမီးမွေးနေ့ကို သူသိတယ်..ငါ့မွေးနေ့ကိုကျ မေ့နေတယ်…တကယ်ပဲ.."
"နင်ကလည်း သူ့မွေးနေ့ကို မေ့တောင် နေပြီမလား…တူတူပါပဲ.."
"ဟီး..ဟုတ်တယ်…ဒါဆို ဒါပဲ သူငယ်ချင်း..ငါ့ကလေး ကျောင်းပို့ရဦးမယ်…"
"အေးပါ..အေးပါ.."
ငုဝါ ဖုန်းချလိုက်ပြီး အလုပ်ကိစ္စတွေ မတွေးသေးပဲ ဓာတ်ပုံလေးတွေ ပြန်ကြည့်နေရသည်။
မောင် နဲ့ ပတ်သက်ပြီး လူတွေသိတာ နည်းနည်းလေးပါပဲ..။
လူတွေ သိသမျှလေးကိုတောင် မောင်က ချစ်တက်လိုက်တာလို့ သတ်မှတ်နေတာ..။
ငုဝါ ကို ဘယ်လောက်ချစ်တက်သလဲဆိုတာ သိများသွားရင် မောင့်ကို လုတောင် ယူကြမလားပဲ..။
ခု ခရီးကလည်း ငုဝါကို လုံးဝ အသိမပေးပဲ သူ့ဟာသူ အကုန်စီစဉ်ပြီး လေဆိပ်ကိုရောက်တော့မှ အသိပေးခြင်းဖြစ်သည်။
အချိန်တွေ ကြာလာပေမဲ့လည်း ကြင်စဦး ဇနီးမောင်နှံတွေလိုမျိုး ချစ်ခင်ကြင်နာမှုတွေက လျော့ပါးမသွား.။
အရာရာ မှာ ငုဝါကို သာ ဦးစား ပေးသည်။
ငုဝါ ခံစားချက်ကိုသာ အဓိက ထားသည်။
သားသမီး မမွေးနိုင်ပေမဲ့လည်း မောင်ကတော့ ကလေး ချစ်ကြောင်းတောင် သိပ်မပြောတော့ပဲ လင်မယား နှစ်ယောက်တည်းသာ ပျော်အောင် ကြိုးစားနေသည်။
ခရီးတွေ ထွက်လိုက် အလုပ်လုပ်လိုက်ဖြင့် အလုပ်များအောင် နေရှာသည်။
ဓာတ်ပုံတွေ ကြည့်ရင်း ပြုံးနေမိရာက ငုဝါ စိတ်မကောင်း ဖြစ်လာရပြန်သည်။
ဖုန်းကို ကောက်ယူပြီး မောင့်ဆီကို ဆက်လိုက်သည်။
"ပြော..မိန်းမ.."
"နည်းနည်းပါးပါး..ဟလိုတောင် မလုပ်ဘူးနော်…"
"ဟား..ဟား..လုပ်စရာ မှ မလိုတာ..မိန်းမ ဖုန်းကို မောင်က အဓိက ထားတာကိုးဗျ…"
"ဟုတ်ပါပြီ…ညကျ ဒင်နာကို အပြင်မှာ စားရင် ကောင်းမလားလို့.."
"အိုကေ..မောင် ဖုန်းဆက်ထားလိုက်မယ်…"
"အင်း..ဆိုင်က ၀န်ထမ်းတွေကို မုန့်ကျွေးမလို့ဆို….အဲဒါကော အချိန်လောက်ပါ့မလား.."
"ညနေပိုင်း အချိန်ရွေ့လိုက်မှာပေါ့..မိန်းမလောက် ဘာမှ အရေးမကြီးဘူး.."
"အဟွင်း..အဲဒါကြောင့် မောင့်ကို ချစ်နေရတာပေါ့…ဒါဆို ဒါပဲနော်…ချစ်တယ်မောင်.."
"မောင် လည်း အရမ်းချစ်တယ်…ဘိုင်…"
"……….."
ငုဝါ ဖုန်းချလိုက်ပြီး ပြုံးလိုက်ကာ ည ၀တ်သွားဖို့ အကျီ င်္ကို တွေးနေမိသည်။
သူငယ်ချင်းတွေ အကုန်လုံး ဂါဝန် လှလှ လေးနဲ့ဒင်နာ စားခွင့် မရတော့သည့် ကလေး ပုစု အမေတွေ ဖြစ်ကုန်ပြီ။
ကိုယ်ကတော့ ဒင်နာကို လှလှပပလေး သွားနိုင်တာလေးကိုပင် ဂုဏ်ယူရမလိုလို..။
သူတို့ကလည်း ငုဝါ ဒီလို နေနိုင်နေသေးတာကိုပဲ အားကျနေကြတာလေ..။
ငုဝါ အလုပ်ပြန်မစခင် နာရီကို တစ်ချက် ကြည့်ကာ ပြုံးမိလေသည်။
မောင် တစ်ယောက် ပန်းစည်း ကြိုမှာနေလောက်ပြီ..။
.
"မိန်းမ…ဒါ..ဒါ…ဘာလဲ.."
"………."
ငုဝါ တစ်ချက်ကြည့်ပြီး ဘာမှ မပြောပဲ အကြည့်လွဲလိုက်ကာ ကွန်ပျူတာကို ပြန်ကြည့်လိုက်သည်။
"ငုဝါ…မောင် မေးနေတယ်လေ…"
"ဆေးတွေလေ…မောင်ရယ်…"
"ဟ…ဘာလို့ သောက်ရတာလဲ…"
"စိတ်ရှင်းချင်လို့.."
"မဟုတ်သေးဘူး…ဒါတွေက ဆိုးကျိုးရှိတယ်ဆိုတာ သိတယ်မလား..လက်မောင်းက ပစ္စည်းတောင် ပြန်ထုတ်ခိုင်းထားတာကို..ဒါတွေ ဘာလို့ သောက်နေတာလဲ…အရင်က ဒါတွေ သောက်ခဲ့လို့ ခု ဘာတွေ ဖြစ်ကုန်လဲ မိန်းမ သိတယ်မလား.."
"ဟုတ်တယ်..သိတယ်…ငါ့ကြောင့်…ငါ ပြောခဲ့တာ…စီးပွားရေး ပြည့်စုံမှ ကလေးယူဖို့ ငါ ပြောခဲ့တာ…ဆေးသောက်ခဲ့တာလည်း ငါပဲ…ကလေး မယူဖို့ အချိန်ဆွဲခဲ့တာလည်း ငါပဲ…ခု ကလေး မရနိုင်တာလည်း ငါပဲ..ဟုတ်တယ်…ကျေနပ်ပြီလား.."
"မိန်းမ အထင်လွဲနေတာ..မောင် ပြောနေတာက …မိန်းမ အတွက်လေ…ကလေး မရနိုင်တာ တစ်ခုတည်း မဟုတ်ဘူ..တခြားရောဂါတွေနဲ့ ကင်ဆာအထိ ဖြစ်နိုင်တယ်..ခုက ဆေးသောက်ဖို့ မလိုတော့ဘူး..ကလေးရရင် မောင်တို့ ယူလိုက်မယ်..ကလေးမရရင် မယူဘူး..ဒီဆေးတွေ သောက်စရာမလိုဘူး..."
"…………"
ငုဝါ စိတ်ပျက်စွာဖြင့် မျက်မှန်ကို ဆွဲချွတ်လိုက်ကာ စားပွဲပေါ် တင်လိုက်သည်။
"ဘာလဲ..မောင် စိတ်ကုန်နေပြီမလား…ကလေးမရနိင်တဲ့ မိန်းမ တစ်ယောက်မို့ စိတ်ကုန်နေပြီ..စိတ်မရှည်တော့ဘူး..မစောင့်နိုင်တော့ဘူး..အနားမှာ နေရတာလည်း မကျေနပ်တော့ဘူးမလား..တခြား မိသားစုတွေကို မောင် အားကျနေပြီမလား..မောင်နဲ့ မိသားစု ဘ၀ မထူထောင်နိုင်တဲ့ မိန်းမ ကို ယူထားမိတာ နောင်တရနေပြီမလား.."
"ငုဝါ..တော်စမ်း..မင်း ငါ့ အချစ်တွေကို မစော်ကားနဲ့…ငါ မင်းကို ဘယ်လောက်ချစ်လဲ..မင်းမသိဘူးလား..ကလေးလိုချင်တာ မှန်ရင်တောင် မရလည်း ဘာမှ မဖြစ်ဘူးလို့ မင်းကို ငါ အခါခါ ပြောပြီးပြီ..ဘာကိစ္စ မင်းကို ငါ က စိတ်ကုန်ရမှာလဲ…အခုလို ခေတ်မှီနေတဲ့ အချိန်မှာ ကလေးတစ်ယောက် မွေးတာ လွယ်လွယ်လေး..မင်းစိတ်ပင်ပန်းမှာ စိုးလို့ ဆေးတောင် မစစ်ခိုင်းခဲ့ဘူး..မင်းဟာမင်းပဲ အမျိုးမျိုးတွေး အမျိုးမျိုး အပြစ်မြင်နေတာ…မင်း ထင်ချင်သလို ထင်လို့ရတယ်..ဒါပေမဲ့…ငါ့အချစ်ကို မစော်ကားစမ်းပါနဲ့…"
"ဟုတ်ပါတယ်…ငါက စော်ကားနေတာ…မပေါင်းနဲ့ပေါ့…"
"တောက်…"
"………"
အခန်းတံခါးကို ဆောင့်ပိတ်ပြီး ထွက်သွားတော့မှ စားပွဲပေါ် ခေါင်းမှောက်၍ ငိုမိတော့သည်။
တစ်ခါတလေ မောင့်အတွက် စိတ်မကောင်းဖြစ်ရသလို အားနာရတာ ပင်ပန်းနေပြီ..။
အတက်နိုင်ဆုံး စိတ်ကို ကြိုးစားပေမဲ့လည်း ထိန်းချုပ်ရတာ များတော့ လွတ်ကုန်ပြန်ပြီ..။
.
"ထူးထူးဆန်းဆန်း…မင်းက ဒီလိုဆိုင်ကို ရောက်လာတာပဲ…"
"အေးကွာ..ညစ်နေတာနဲ့…မင်းကော.."
"ဒါက ငါ့အသိဆိုင်လေ.."
"သြော်.."
ဇော်မောင် တစ်ယောက်တည်း ထိုင်နေချိန် ခိုင်ဝင်းလည်း ၀င်ထိုင်တော့ စိတ်မသက်မသာ ဖြစ်မိသည်။
"မင်း က ညစ်တယ်ဆိုတော့ အထူးအဆန်းပဲ.."
"ငါလည်း လူပါဟ…"
"အင်း..လူတော့ လူပဲ ဒါပေမဲ့ ထူးဆန်းတဲ့လူ..မင်းမှာ ညစ်စရာ အကြောင်းတစ်ခုရှိလာရင် အဲဒါက ငုဝါနဲ့ပဲ တိုက်ရိုက် ပတ်သက်နေလိမ့်မယ်…ငါပြောတာ ဟုတ်တယ်မလား.."
"အေး..ဟုတ်တယ်…သူပဲ ငါ့ကို အမျိုးမျိုး ခံစားရအောင် လုပ်နိုင်တာလေ…"
"ဘယ်လို ဖြစ်တာလဲ..မင်းတို့ စုံတွဲက ငါတို့အတွက် စံပြပဲလေ.."
"စံပြဆိုတာ မင်းတို့ဟာ မင်းတို့ သတ်မှတ်ထားတာပါကွာ…ငါတို့လည်း တခြားလင်မယားတွေလိုပါပဲ.."
"မင်း ဒီမှာဆို အဆင်ပြေမှာ မဟုတ်ဘူး..ဒီကို လာတာ ငါတို့အသိတွေ များတယ်…ငါ့ဆိုင်က အဆင့်မမှီပေမဲ့လည်း မင်းလိုက်ခဲ့ဖို့ ဖိတ်ပါတယ်.."
"ဟာကွာ..မဆိုင်ပါဘူး..ငါက နီးလို့ ဒီကို ရောက်နေတာပါ…အေးလေ..လိုက်ခဲ့မယ်…"
ဇော်မောင် ခေါင်းညိတ်လိုက်ပြီး ကားသော့ကို ကောက်ယူကာ ခိုင်ဝင်းရဲ့ ဘားကို လိုက်သွားလိုက်သည်။
တစ်သီးတသန့်ဆန်နေတဲ့ ပုံစံကြောင့် စောစောကတည်းက လာသင့်တာလို့ တွေးမိသွားသည်။
"ကဲ..ထိုင် သူငယ်ချင်း…ငါ့ဝန်ထမ်းတွေကို နည်းနည်း ခိုင်းလိုက်ဦးမယ်.."
"ရတယ်…"
ဇော်မောင့် ရှေ့က ပုလင်းကို ဖွင့်ပေးပြီး ခွက်ထဲ ငှဲ့ထည့်ပေးရင်း ပြောတော့ ခေါင်းညိတ်ပြီး ယူလိုက်သည်။
တစ်ယောက်တည်း ထိုင်နေတာ ဆယ်မိနစ်လောက်ကြာတော့ ကောင်မလေး တစ်ယောက်က ရေခဲ လာချပေးသည်။
မလိုအပ်ပေမဲ့လည်း ဘာမှ မပြောတော့ ပဲ ဒီတိုင်း နေလိုက်သည်။
ခေါင်းထဲမှာတော့ ငုဝါရဲ့ စကားတွေကို ကြားယောင်နေဆဲပင်..။
ကိုယ် ဘယ်လောက်ချစ်လဲ ..။
ချစ်သလောက်ကို အစော်ကားခံလိုက်ရတာပဲ..။
သူနဲ့ကိုယ်က လင်မယားဆိုတဲ့ သံယောဇဉ်ထပ် ပိုတယ်လို့ ကိုယ်က အမြဲသတ်မှတ်ထားခဲ့တာပဲ.။
သူကတော့ လင်ယောက်ျား တစ်ယောက်ထပ် ပိုပြီး သဘောမထားနိုင်ဘူးလား..။
ကျစ်…။
ဇော်မောင် ခွက်ကို မော့ချလိုက်ပေမဲ့လည်း ရင်ထဲက တင်းကြပ်နေမှုကို မလျော့နိုင်သေး..။
"အကို…ဆိုင်က ဆားဗစ် အသစ်တွေပါ.."
ဒီတစ်ခေါက် ရောက်လာတဲ့ ကောင်မလေးက လုပ်ငန်းအတွေ့အကြုံ ရှိပုံရသည်။
စာအုပ်ကို လှမ်းယူပြီး ဘေးမှာ ချထားလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
အဖြူရောင် ရှပ်ကို ရင်ဘတ်ပေါ်လုလု ဖွင့်ထားပြီး ပေါင်လည်ရောက်နေတဲ့ စကပ် အနက်ရောင် ကြပ်ကြပ် ၀တ်ထားသည်။
ဘာမှလည်း မသက်ဆိုင်ပါပဲ ငုဝါ ရဲ့ ရှပ်အကျီ င်္ဖက်ရှင်ကို သတိရလာသည်။
တခြားမိန်းကလေးရဲ့ အလှကို မြင်ရင်တောင် အိမ်က မိန်းမ ကို သတိရလောက်တဲ့အထိ ကိုယ့်မှာတော့ သူ့ကို အရမ်းချစ်ရပါသည်။
"ဟေ့..ဘာလုပ်နေတာလဲ.."
"ဟို…ဆားဗစ်.."
"သွား..ဒါက ငါ့သူငယ်ချင်း…"
"သြော်…ဟုတ်ကဲ့ရှင့်…"
"ဟဲ့…နင်ခေါ်ထားတဲ့ တစ်ယောက် မရောက်သေးဘူးလား.."
"ဟို…ရောက်ပါပြီ…"
"အေး..လိုအပ်တာတွေ ပြောထားဦး.."
"ဟုတ်.."
"ဆောရီးကွာ…မင်း စောင့်နေရတာ ကြာသွားလား.."
"………"
"ကဲ..ပြောပါဦး…မင်းတို့ ဘယ်လို ဖြစ်ကြတာလဲ..မင်းချည်းပဲ ငါ့ကို နားချနေရတာ ဒီတစ်ခေါက်တော့ ငါနားထောင်တဲ့ အလှည့်ပေါ့လေ.."
"အဟွင်း…မင်းကလည်း ကွာ…ငါတို့ လင်မယား ပြဿနာ ဖြစ်တာ ကို အခွင့်အရေး ယူနေပြန်ပြီ.."
"မဟုတ်ပါဘူးကွာ...ခု ခေါင်းထဲက အားလုံးထုတ်လိုက်…သီချင်းဆိုလိုက်ပါလား..ငါဆီမှာ ဒီဂျေဘာညာ မရှိပေမဲ့ အခန်းတွေတော့ ရှိပါတယ်ဟ.."
'မဆိုချင်ပါဘူးကွာ…'
"မင်း ဆိုင်ခွဲကော ဖွင့်ပြီလား.."
"ဖွင့်ပွဲတော့ မလုပ်ရသေးဘူးလေ.."
"ဒီကိစ္စက ငါ့ကြောင့် ကြန့်ကြာသွားတာမလား..မင်း ကို အားနာနေတာ.."
"မဟုတ်ပါဘူးကွာ…တခြားကိစ္စတွေလည်း ရှိနေလို့ အလုပ်ကိုသေချာ မလုပ်ဖြစ်သေးတာပါ.."
"ကျစ်..အချိုးမပြေလိုက်တာ…"
ရှေ့ဘက် စားပွဲ မှာ ၀င်ထိုင်လိုက်တဲ့ ကောင်မလေးကြောင့် နှစ်ယောက်စလုံးရဲ့ အကြည့်တွေ ရောက်သွားပြီး ခိုင်ဝင်းက အရင်စပြောသည်။
"မင်းကလည်း ဆိုင်လာတဲ့ ဧည့်သည်ကို အဲလို ပြောစရာလား.."
"ဘယ်က ဧည့်သည်၇မှာလဲ..အဲ့ကောင်မလေးက အသစ်..ဒီည ဘဲကြီးတစ်ပွေနဲ့ချိတ်ပေးဖို့ ရှိလို့ ခေါ်ထားတာ.."
ကောင်မလေးကို ကြည့်တော့ အသစ်မှန်း သိသာအောင် ကို အ၀တ်အစား ပုံစံကလည်း ရိုးရိုးနဲ့ မျက်နှာကလည်း ဘာပြင်ဆင်ခြယ်သမှုမှ ရှိမနေ..။
ရိုးသားနုငယ်သော မျက်နှာပုံစံအတိုင်းသာ ရှိနေသည်မို့
"ငယ်သေးတဲ့ ပုံပဲ…"
"ဟုတ်တယ်…ကျောင်းစရိတ်လိုလို့တဲ့..နယူးလေးဆိုတော့ ငါးသိန်းနဲ့ ဈေးတည့်ထားတယ်…ငါကတော့ ပိုတောင်းထားတာပေါ့ကွာ.."
"မင်းက ဒီလို တွေ လုပ်တာပဲလား.."
"ဒီလုပ်ငန်းနဲ့ ..ဒီလုပ်ငန်း ဆက်စပ်နေတာ မင်းသိရဲ့သားနဲ့ကွာ.."
ဇော်မောင် ခေါင်းညိတ်လိုက်မိသည်။
'ဟဲ့..နောက် အခန်းကို သွားနေ.."
"ရှင်..ဟုတ်..ဟုတ်.."
ကောင်မလေး က အလန့်တကြား ထသွားတော့ မှ ခိုင်ဝင်းက စိတ်မရှည်သည့် မျက်နှာကို ပြင်လိုက်သည်။
အလုပ်ကိစ္စ အကြောင်းနဲ့ မြတ်နိုးလည်း စားသောက်ဆိုင်ဖွင့်ဖို့ အကြောင်းတွေ ပြောနေရင်း ခိုင်ဝင်းက မေးငေါ့ပြကာ
"စားမဲ့ဘဲကြီး လာပြီ…"
ဆိုင်ထဲကို မော်ကြွားစွာ ဖြင့် ပိုက်ဆံအိတ် ချိုင်းကြားညှပ်ရင်း ၀င်လာတဲ့ လူကြီးဆီကို အကြည့်ရောက်သွားသည်။
ဧည့်ကြို ၀န်ထမ်းကောင်မလေးရဲ့ တင်ပါးကို ကိုင်လိုက်တာ တွေ့တော့ မျက်ခုံ့းတွန့်မိသည်။
"ဒီလူ ရိုင်းလိုက်တာ.."
"ငါတို့ဆိုင်က အပေါစားဆိုတော့ ဧည့်သည်ကလည်း အောက်တန်းကျကျ ကောင်တွေပဲ လာတယ်လေကွာ…ခဏနေဦး…ငါ သွားပြောလိုက်မယ်.."
"ဘာလဲ ဟိုကောင်မလေးနဲ့ လား.."
"အေးလေ…"
ဇော်မောင့် အမေးကို ခိုင်ဝင်းက အူကြောင်ကြောင် ပြန်ဖြေတော့ ခေါင်းရမ်းမိသည်။
"အဲ့ကောင်မလေးကို ဒီည ငါခေါ်မယ်.."
"ဟမ်..တကယ်ကြီးလား..သြော်..ဟား.ဟား…အပြောင်းအလဲပေါ့…အိုကေ..အိုကေ…သူငယ်ချင်းမို့ မျက်နာပျက်ခံပြီး ပေးလိုက်ပါ့မယ်ကွာ…ဘဲကြီးကိုတော့ တော်တော် တောင်းပန်ရလိမ့်မယ်..သူ့ကို ပြင်ထားတဲ့ အခန်း ခေါ်သွားလိုက်.."
ဘေးက ၀န်ထမ်းကောင်လေးက ခေါင်းညိတ်ပြပြီး လက်ညွန်ပြတော့ ဇော်မောင် သက်ပြင်းတစ်ချက် ချပြီး လိုက်သွားရသည်။
အခန်းကျဉ်းလေးထဲမှာ ပန်းရောင်မီးက အရောင်မှိန်မှိန်လေးလင်းနေသည်။
"ဟင်.."
ကောင်မလေးက တွေ့တုန်းကလို မဟုတ်တော့ပဲ မိတ်ကပ်ပြင်ထားသလို အ၀တ်အစားလည်း ပြောင်းသွားပြီ..။
"ဟို..ဟို…ဒီမှာ.."
"ထားလိုက်…ထိုင်.."
ပထမဆုံး အလုပ်မှာ တစ်ခုခု လွဲမှာ စိုးရိမ်နေတဲ့ ပုံစံဖြင့် မ၀ံ့မရဲ ထိုင်လိုက်တော့ ဇော်မောင်သက်ပြင်းချလိုက်သည်။
"မင်း ဘာလို့ ဒီအလုပ်လုပ်တာလဲ.."
"ရှင်….အဲဒါ….ဟို..ဟို…ကျောင်းစရိတ်နဲ့.."
"ကျစ်..မင်းတို့တွေက ဒါပဲ…ပိုက်ဆံကြောင့်သာဆို လူတိုင်းဒီအလုပ်လုပ်နေရတော့မှာပေါ့ကွ.."
ဇော်မောင့် အဆင်မပြေတဲ့ စိတ်တွေက ကောင်မလေး အပေါ်ကို ကျရောက်သွားကာ ခပ်မာမာ ဆူလိုက်မိသည်။
"ဟုတ်.ဟုတ်…ကဲ့.."
"ဘာမှ ကြောက်မနေနဲ့…မင်းကို ငါ ဘာမှ မလုပ်ချင်ဘူး.."
"ရှင်…"
"ငါ့နောက်မှာ သွားထိုင်ပေးပါလား…အိမ်မှာ အဆင်မပြေဖြစ်လာလို့.."
"ရှင်…အဲ..ဟုတ်…"
ဇော်မောင့်ကို အူကြောင်ကြောင် ကြည့်ပြီး မှ ခေါင်းညိတ်ကာ ထိုင်ရာက ရွေ့သွားသည်။
ဘာမှမရှိတဲ့ နံရံကြီးကို ငေးကြည့်နေရင်း ငုဝါကို ဘယ်လို ပြန်ချော့ရင် ကောင်းမလဲ တွေးနေမိသည်။
သူ့ဘက်က ဘာလို့ ကိုယ့်စိတ်ကို နားမလည်နိုင်တာလဲ..။
ကလေးလိုချင်လို့ ပြောနေတာ မဟုတ်ဘူး.။
ဆေးကြောင့် သူ တစ်ခုခု ဖြစ်သွားမှာ စိုးရိမ်နေတာလေ..။
ဇော်မောင် ထွက်လာတာ ကြာပြီမို့ ငိုနေမှာကို တွေးမိပြီး နာရီကို တစ်ချက် ကြည့်မိသည်။
'ဟေ့..ကောင်မလေး.."
"ရှင်.."
"မင်းကိုငါ ဆွဲထုတ်ပြီးပြီနော်… ဒီလောက ထဲ မ၀င်နဲ့… မင်း လွတ်အောင် ရုန်းပါ….."
"…………"
ဇော်မောင် ထွက်လာတော့ ခိုင်ဝင်းက မျက်ခုံးပင့်သည်။
"မြန်လှချည်လား.."
"ငါ ကဒ်ကပဲ လွဲလိုက်မယ်နော်.."
"အေးပါ..ရတယ်…ပြန်တော့မလို့လား.."
"အင်း..ငုဝါ တစ်ယောက်တည်း"
"သြော်…ငါ သဘောပေါက်ပြီ…အေးပါကွာ..မင်းက သူတော်ကောင်းကြီးပါ..ဟား..ဟား…ကားကို သတိနဲ့ မောင်းဦး.."
"အေး..သွားပြီ…"
ဇော်မောင် အိမ်ကို ပြန်ရောက်တော့ စားပွဲပေါ် ခေါင်းမှောက် အိပ်ပျော်နေတဲ့ ချစ်ဇနီးကိုယ်လေးကို သိုင်းဖက်လိုက်သည်။
"ဟင်…"
"ခေါင်းကိုက်အောင် ငိုပြီးပြီမလား.."
"ဟွန့်…ဘီယာသောက်တာလား.."
နှာခေါင်းကို လက်နဲ့ ကာရင်းမေးတော့ မျက်လုံးမှိတ်ကာ ခေါင်းညိတ်ပြလိုက်သည်။
ငုဝါက ထိုင်နေရာက ထရပ်လိုက်ပြီး ဇော်မောင့်ရဲ့ အကျီ င်္ ကြယ်သီးတွေကို ဖြုတ်ပေးသည်။
"ရေချိုးလိုက်နော်..မောင်.."
"အင်း.."
ငုဝါက ရေချိုးခန်းထဲဆီ တွဲခေါ်လာကာ အနံ့ပြင်းသည့် ဆပ်ပြာဖြင့် ရင်ဘတ်ကို သေချာ တိုက်နေသည်။
"အ…မကုတ်နဲ့လေ..အချစ်ရယ်.."
"ဘာ ခုမှ နာတာလဲ…ကိုယ့်မိန်းမ အနံ့မခံနိုင်တာ မောင်မသိဘူးလား.."
"သိပါတယ်…ဒါပဲ ရှိလို့ ဒါပဲ သောက်ရတာပေါ့…"
"ဘယ်ကို သွားတာလဲ.."
"ခိုင်ဝင်းဆိုင်.."
"အဝေးကြီးကို ပဲ ဘာလို့ သွားရတာလဲ.."
'လမ်းမှာတွေ့တာနဲ့..အိုး ဘယ်လောက်တောင် ငိုထားလို့ နှာသံတောင် ပါနေတာလဲ.."
ဇော်မောင် သတိထားမိပြီး မေးလိုက်တော့ မျက်စောင်းလေးဝဲသည်။
"မောင် ထွက်မသွားသင့်ဘူး ထင်တယ်..ဆောရီး..မိန်းမရယ်.."
"မောင် မမှားပါဘူး…ငုဝါကသာ ရိုင်းမိတာပါ…"
"အဟွင်း..မှားမှန်းသိတယ်ပေါ့.."
"ဆောရီးပါဆို.."
ဇော်မောင် တစ်ချက် ပြုံး၍ ခါးလေးကို မြှောက်ချီလိုက်တော့ မျက်လုံးလေး ပြူးပြီး လည်ဂုတ်ကို ပြန်ဖက်ထားသည်။
နှစ်ယောက်စလုံး ရေစိုသွားလို့ ငုဝါလည်း ရေပြန်ချိုးရတော့သည်။
ပြဿနာ အကုန်လုံးက အနမ်း များဖြင့် အဆုံးသတ်သွားခဲ့သည်။

YOU ARE READING
စံပြ
Short Storyစာမရေးချင်ဘူး စာရေးချင်တယ် တနေ့ကို ခြောက်ခါလောက် ဂေါက်ကြောင်ဖြစ်ပြီး လျှောက်ရေးထားတဲ့စာတွေကို မဖတ်စေချင်ဘူး ဖတ်ပေးတယ် ဆိုတော့လည်း ကျေးဇူးအထူးတင်ရပါတယ်။ ခံစားမှု အာရုံ အပြောင်းအလဲ ဖြစ်တာပေါ့လေ။ အစစ အရာရာ ဂရုစိုက်ကြပါနော်။