Zawgyi
ရှောင်းကျန့်အဆောင်ကို ပြန်ရောက်ပြီး ခဏကြာတော့ဟောက်ရွှမ်းက အခန်းထဲကို ပြုံးစစမျက်နှာပေးနဲ့ဝင်လာပြီးရှောင်းကျန့်ဘေးမှာ လာကပ်ထိုင်သည်။
"မင်း ဒီနေ့ ရိပေါ်နဲ့တွေ့ခဲ့တယ်ဆိုရှောင်းကျန့်"
စာလုပ်နေတဲ့ရှောင်းကျန့်က ရိပေါ်ဆိုတဲ့ နာမည်ကြားတာနဲ့ ကိုင်ထားတဲ့ဘောပင်ကိုဆောင့်ချကာ
"အဲ့ဒီ ကလေးအကြောင်း ငါ့အရှေ့မှာ လာမပြောနဲ့ဟောက်ရွှမ်း"
"ရိပေါ်လေးက ချစ်ဖို့ကောင်းပါတယ်မင်းက ဘာလို့ အဲ့လောက်ခါးခါးသီးသီး ဖြစ်နေရတာလဲ"
"ပိုက်ဆံချမ်းသာတယ်ဆိုပြီး ဆိုးချင်တိုင်း ဆိုးနေတဲ့ ကလေးတွေကို ငါတကယ်သဘောမကျဘူးဟောက်ရွှမ်း"
ထိုမျှသာပြောပြီးရေချိုးခန်းထဲ ဝင်သွားတဲ့ရှောင်းကျန့်ကို ကြည့်ပြီးဟောက်ရွှမ်းခေါင်းခါမိသည်။ ရှောင်းကျန့်က အဲ့လိုပဲ။ အရမ်းခေါင်းမာပြီး မာနကြီးတာ။သူကိုယ်တိုင်ကရွှေဇွန်းကိုက်ပြီးမွေးလာပေမယ့် စည်းစနစ်ကျပြီး သိုသိုသိပ်သိပ်နေတတ်တော့ မိဘချမ်းသာတာကို အခွင့်ကောင်းယူပြီး ဆိုးပေနေတဲ့ သူမျိုးဆို အရမ်းမုန်းတာ။
အဲ့တော့ကောချန်တို့ အထက်တန်းကျောင်းရဲ့ ဂုဏ်ထူးဆောင်လူဆိုးလေး ရိပေါ်ကို ကြည့်မရတာ အထူးအဆန်းတော့ မဟုတ်ဘူး။ အဲ့ဒါကို သိသိရက်နဲ့ ရိပေါ်ကိုမြှောက်ပေးလိုက်တာသာ ရှောင်းကျန့်သိရင်ဟောက်ရွှမ်း လက်သီးနဲ့ အထိုးခံရမှာသေချာတယ်။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး။ တစ်နေကုန်နေလို့ တစ်ယောက်ယောက်ကိုမှ မကြပ်လိုက်ရရင်စားမဝင်အိပ်မပျော်တဲ့ အကျင့်လေးကလည်း ရှိနေတော့....။
•••••••••••••••
ရိပေါ်လေးက ဒီနေ့ မနက်အစောကြီးထဲက ထကာကျောင်းသွားဖို့ စိတ်လှုပ်ရှားနေသည်။ ဗီရိုထဲကကျောင်းဝတ်စုံလေးကို ထုတ်ဝတ်ပြီး ရိပေါ်လေးမွေးနေ့တုန်းက ကျင်းဟိုင်ကော ဝယ်ပေးထားတဲ့ Blue De Chanelရေမွှေးကို တစ်ကိုယ်လုံးအနှံ့ တရွှတ်ရွှတ်မြည်အောင်ဖြန်းလိုက်သည်။ အနည်းငယ်ရှည်ချင်နေတဲ့ အညိုရောင်ဆံပင်အုပ်အုပ်လေးကလည်း မနေ့က အန်တီရင်း ညှပ်ပေးလိုက်ပြီမို့ ရိပေါ်လေးရဲ့ မျက်နှာလေးက ရှင်းသန့်လို့နေသည်။
YOU ARE READING
Dear My Ex-crush[Completed]
RomanceZawgyi crushတွေက မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့ex-crushကြီးရှောင်းကျန့်က မုန်းစရာအကောင်းဆုံးပဲ.. Unicode crushတှကေ မကောင်းပါဘူး.. ဟုတ်ပါတယ် လုံးဝကိုမကောင်းကြတာပါ ... အဲ့ဒီထဲကမှ ရိပေါ်ရဲ့...