Ch-9

7.5K 766 47
                                    

Zawgyi

"​ကော..."

ရှောင်းကျန့်​ကို​တွေ့တာနဲ့​ပြေးဖက်​လာတဲ့​ကောင်​မ​လေးကို မသိမသာ တွန်းထုတ်​လိုက်​တော့ နှာ​တစ်​ချက်​မှုတ်​ကာဖြင့်​'​ကော​က ကပ်​စီးနဲလိုက်​တာ´ဆိုပြီး​ပြော​နေ​သေးသည်​။ အလုပ်​ကို သွားရဦးမှာမို့​ရှောင်းကျန့်​က စိတ်​မရှည်​စွာ ထွက်​လာ​တော့ အ​နောက်​က​နေ luggageကိုဆွဲကာ​ ​ကော​လို့​ခေါ်ပြီး​ပြေးလိုက်​လာတဲ့​ကောင်​မ​လေးက လူကြားထဲမှာဆိုတာကို​မေ့​လျော့​နေ​လေသလား။

"​ကောက luggage​လေး​တောင်​ကူမသယ်​ပေးဘူး"

ရှောင်းကျန့်​ဖွင့်​ပေးထားတဲ့ ကား​နောက်​ဖုံးထဲကို luggageကို မနိုင်​မနင်းထည့်​ရင်း​ပြော​နေတာမို့

"​ရောက်​တာနဲ့ငါ့ကို ခိုင်းစားဖို့မစဉ်းစားနဲ့။ ကိုယ့်​ပစ္စည်းကိုယ်​သယ်​"

ပြောပြီးတာနဲ့ driver seatမှာ ဝင်​ထိုင်​လိုက်​တဲ့​ကော​က အရင်​ကအတိုင်း အ​ပြောဆိုးတုန်း။ ဒါ​ပေမယ့်​စိတ်​မပူပါဘူး...။ ဘာလို့ဆို အခုကစပြီး အ​ပြောဆိုးတဲ့​ကော​က​နေ အရမ်းချစ်​တတ်​တဲ့​ကော​ဖြစ်​လာ​အောင်​ဒီက ယွမ်​ယွမ်​က နည်းလမ်း​ပေါင်းစုံနဲ့ သိမ်းသွင်း​တော့မှာမို့။

"တီ​ရှောင်း​ရေ တီ​ရှောင်း သမီး​ရောက်​ပြီ..."

"အာဗြဲနဲ့​အော်​မ​နေနဲ့​ ​ဘေးအိမ်​တွေကို အားနာဦး"

ယွမ်​ယွမ်​ကို လှမ်း​ပြောရင်း​ကော​က ကား​ပေါ်ကမဆင်းပဲ ပြန်​ထွက်​သွားဖို့ ပြင်​နေတာ​ကြောင့်

"​ကော​က ဘယ်​သွားမလို့လဲ"

"မား​မေးရင်​ ငါကုမ္ပဏီသွားပြီလို့​ပြောလိုက်​"

တစ်​ချက်​တောင်​လှမ်းမကြည့်​ပဲ ကား​မောင်းထွက်​သွားတဲ့​ကော​ကြောင့်​မ​ကျေမနပ်​ဖြစ်​နေ​တုန်း တီ​ရှောင်းကထွက်​လာကာ

"သားကျန့်​ရော ဘယ်​ရောက်​သွားလဲ သမီး"

"​ကော​က ကုမ္ပဏီသွားပြီတဲ့ တီ​ရှောင်း"

သူမကို​ပြောပြရင်း ငို​တော့မ​ယောင်​ဖြစ်​နေတဲ့ က​လေးမ​ကြောင့်

Dear My Ex-crush[Completed]Where stories live. Discover now